Feb 18, 2010

ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...




















အဖေ...
အနှစ်နှစ်ဆယ်မှ တခါ
အဖေ့ကို ကျနော် သတိရပါတယ်လို့ ပြောရင်
ကျနော့်ကို အဖေ ရိုက်ချင်နေဦးမလား...
ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

အဖေ...
အမေ့ကို အကြိမ်ကြိမ်အခါခါ ကျနော် သတိရခဲ့သလောက်
အဖေ့ကို အကြိမ်ကြိမ်အခါခါ ကျနော် မေ့ထားခဲ့မိတယ်...
ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

သည်နေ့တော့
အဖေ့ကို ကျနော် အကြိမ်ကြိမ်အခါခါ
သတိရနေမိတော့တာပါပဲ...
ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

တကယ်တော့...
အဖေက ကျနော်တို့ စကြ၀ဠာမှာ နေမင်းကြီး...
အဖေ့ အလင်းရောင်တွေ
ခု ကျနော် ငတ်နေတယ် အဖေ...
ကျနော့် ဘ၀က မှောင်နေလို့ပါ...
ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

နှစ်ပေါင်း နှစ်ဆယ်ကျော်
အဖေ့ အော်ဟစ်ဆဲဆိုသံတွေကို မကြားရတဲ့
အဖေ့သားတယောက်ဟာ
သူ့ဘ၀ထဲမှာ နေလို့ မပျော်တော့ဘူး...
ကျနော့်ကို ဆဲပါဦး... အဖေ...
ကျနော့်ကို ရိုက်ပါဦး... အဖေ...
အဖေ့ ဆဲဆိုသံတွေ
အခု ကျနော် ကြားချင်နေတယ်...
ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

ကျနော့်လို သားတွေလည်း
အများကြီး ရှိနေမှာပါ အဖေ...
သူတို့ တတွေလည်း
သူတို့ အဖေတွေကို လွမ်းနေမှာပါ...
ကျနော် သေချာတယ်...
ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

မရှိတော့တဲ့ အမေ့ကို လွမ်းမိမှ
ရှိနေသေးတဲ့ အဖေ့ကို ကျနော် သတိရတယ်...
ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

ATN

11 comments:

  1. ကျနော့်မှာတော့ အဖေမရှိတော့ဘူး။ အဖေ့ထက် အမေ့ကို သတိရတဲ့အကြိမ်အရေအတွက် ပိုများတာကတော့ အမှန်ပဲ။

    အဖေရိုက်တာတော့ မခံချင်ပေါင်။ ငယ်ငယ်တုန်းက ၂ ခါလောက် အတွယ်ခံရဘူးတာ တော်တော်လေး အီစလံဝေသွားတယ်ဗျ။

    ReplyDelete
  2. ကျနော့်အဖေကတော့ ဒီရွယ်ထိ သူ့သားသမီးတွေကို တချက်ကလေးမှ မရိုက်ခဲ့ဖူးပါဘူး။ စာမေးပွဲ နှစ်နှစ်ဆက် နှစ်ခါကျ ... နောက်ဆုံးအခွင့်အရေး အပြင်ဖြေကို မအောင်လို့ ထွက်လာရတာတောင် တချက်ကလေးမှ မဆူခဲ့ဘူး။ အဖေဟာ ဖြစ်လာသမျှကို အကောင်းဆုံး ရင်ဆိုင်ဖို့ သင်ပေးခဲ့တယ်။

    ReplyDelete
  3. အဖေတဲ့....

    အစ်ကိုရာ

    ReplyDelete
  4. လက်လှမ်းမမီနိုင်တဲ့ အဝေးမှာမို့ ရိုက်ခိုင်းတာများလားးးး :)

    (စိတ်မဆိုးနဲ့နော်၊ စိတ်ညစ်နေတယ် ထင်လို့ ပျော်အောင် စ မိတာ..)

    ReplyDelete
  5. အဖေ့ ကို သတိရ ရင် ဖုန်းလှမ်းဆက် လိုက် တာ အကောင်းဆုံး ပါ ... ကိုအောင်သာ့ အဖေ ကျန်းမာပါစေ...

    mie nge

    ReplyDelete
  6. ဒီအကိုငယ်ကြီး တချက်မက ရိုက်သင့်တယ် ။
    ရှိနေသေးတဲ့  အဖေ့ကို ရောက်ရာအရပ်မှ ဆက်သွယ်ပါ ။
    မယ်ကိတော့ အဖေရှိနေတုံးက သူ့ ကိုဥပက္ခာပြုထားမိတာ ခုမှ နောင်တ တလှေကြီး ရနေတယ် လေ .. ဘယ်လိုမှ ပြန်မရနိုင်တော့တဲ့ အတိတ်တွေမှာ နောင်တ တွေ မကျန်ရစ်အောင် ခုလက်ရှိမှာ အဖေ့ရှေ့သွားပြီး အရိုက်ခံလိုက်ပါ ။..(ဆရာမကြီးလုပ်သွားတယ်နော် ... )

    ReplyDelete
  7. ၀င်းတင့်ဟန်February 18, 2010 at 11:48 PM

    သုံးတန်းကျောင်းသားတုန်းက ရည်းစား(အခမဲ့ အငှား)ရေးပေးလို့ ဆိုပြီး အတန်းပိုင်ဆရာက တိုင်တုန်းက တခါ။
    ဆယ်တန်း နှစ်မှာကျောင်းပြေးတာသိသွားလို့တခါ။ နှစ်ခါ နဲ့တင် တသက်လုံးမှတ်သွားတယ်။ ..(နောက်ကို အဲဒီနှစ်ခု လုံးဝမလုပ်တော့ဘူး၊ ရေးရင်လည်း လက်ဖက်ရည် နဲ့ ဒူးယား တိုက်မှ ရေးပေးတော့တယ်)

    အသားနာမှာကြောက်ပေမယ့် သတိရမိတဲအချိန်မျိုးမှာ သားဆိုးတွေကို ဆုံးမတတ်တဲ့ ဖခင်တယောက်ရဲ့ အရေးယူမှုမျိုးကို ခံယူချင်စိတ်ပေါ်လာတတ်တာပါပဲ။ (တကယ်တော့ အရိုက်မခံရဲဘူးဗျ။ အသက် ၄၀ လောက်မှ အကြွေးခံရမယ်ဆိုရင် လူကြား သူကြားမကောင်း ..း)

    ReplyDelete
  8. ဖေကြီးရေ... အဆက်အသွယ်ရအောင် ပြန်လုပ်ပါဗျာ။
    စိတ်မကောင်းစရာပဲ။ ဖေကြီးလဲ သတိရနေတယ်မလား။ သူလဲ သတိရနေမှာပေါ့ဗျ။ အဆင်ပြေပါစေနော်။

    ReplyDelete
  9. မိုးမခ မှာဖတ်ပြီးပေမဲ့-
    ဒီမှာတခါလာဖတ်တယ်ဗျာ-
    ရှင်းရှင်းဘဲ- ဋ္ဌကိုက်တယ်ဗျာ-
    အဋ္ဌကွင်းမရှိပါ-

    ReplyDelete
  10. အဖေ...
    အမေ့ကို အကြိမ်ကြိမ်အခါခါ ကျနော် သတိရခဲ့သလောက်
    အဖေ့ကို အကြိမ်ကြိမ်အခါခါ ကျနော် မေ့ထားခဲ့မိတယ်...
    ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

    နှစ်ပေါင်း နှစ်ဆယ်ကျော်
    အဖေ့ အော်ဟစ်ဆဲဆိုသံတွေကို မကြားရတဲ့
    အဖေ့သားတယောက်ဟာ
    သူ့ဘ၀ထဲမှာ နေလို့ မပျော်တော့ဘူး...
    ကျနော့်ကို ဆဲပါဦး... အဖေ...
    ကျနော့်ကို ရိုက်ပါဦး... အဖေ...
    အဖေ့ ဆဲဆိုသံတွေ
    အခု ကျနော် ကြားချင်နေတယ်...

    (ကျွန်တော် ခံစားမိပါတယ် အစ်ကို... )

    ReplyDelete
  11. အိမ်မှာနေရင် အဖေ့ အော်သံတွေကို နားမခံသာဘူး။ အဝေးမှာပဲ နေချင်တယ်။ အဝေးမှာ တစ်ခုခုဖြစ်တိုင်း အဖေ့ အော်သံနဲ့ ဆဲသံကိုပဲ ကြားချင်တယ်။

    အိမ်ပြန်ချင်သွားတယ်။ =((

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...