Feb 25, 2010

အူသံရှည် နေ့စွဲများ















ညဥ့်က စိတ်ရူးပေါက်တဲ့ ခွေးတကောင်လို ဟောင်နေ...
အနက်ရောင်တွေကို တထပ်ပြီး တထပ် ခေါ်လာနေ...
သည်မှာတော့ ငါက ထိုင်ရုံလေး ထိုင်နေတာပါလေ...
ဇော်ကြီးရယ်...
မင်းက မတ်တတ်ကြီး ဘာထိုင် လုပ်နေတာလဲ...
လမ်းလျှောက်ဦးလေ...
ဒွတ်ခပါပဲကွာ...
မင်းကို ငါ အားမရတော့ဘူး...
ငါ့ကို သည်မြို့တော်ထဲကနေ... မင်း ဆွဲ မထုတ်တော့ဘူးလား....
နေပေါ့ကွာ...
ငါ့ဘာသာ ငါထွက်ခဲ့မယ်... သည်မြို့တော်ထဲက...
“မဟုတ်ဘူး... ကျနော်ကိုယ်တိုင် စိတ်ပျက်နေတာ”လို့ မပြောနဲ့
သည်ညတော့ လမင်းကို ငါ ဓါးနဲ့ခွဲထုတ်ပြီ...
မင်း မတားနဲ့တော့...
ညထဲကနေ လမင်းကို ငါ
ဓါးနဲ့ ခွဲထုတ်နေတုန်း
ခွေးလေခွေးလွင့်တွေ သက်တန့်ပျက်တွေကို မင်းစိတ်ပျက်ရင်
သူတို့ဗိုက်တွေကို ဓါးတချောင်းစီ စိုက်ပစ်လိုက်ကွာ...
ပင်လယ်ရေလေးတစလောက် သွေးတွေလို ထွက်ကျလာရင်
အနီးနားက ရွက်ကျပင်ပေါက်နဲ့ ကောက်သုတ်လိုက်ကွာ...
လမင်းကို ငါ့လက်ထဲမှာ ရယူပြီးတဲ့အခါ
နှစ်ပေါင်းများစွာ မအူခဲ့ရတဲ့ ၀ံပုလွေတကောင်လို
ငါ အူမယ်...
အဲဒါဟာ
ငါ့ရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းပေါ့
မင်းက စည်းချက်လိုက်ပါ ဇော်ကြီး...
ငါ့အူသံကို မင်းကြားတဲ့အခါ...
“အကို အဲဒါကဗျာရေးတာမလား...”လို့ မမေးနဲ့...
အခုက
ဝံပုလွေတကောင်လို အရှည်လျားဆုံးအူနေတာ...
ငါက အူတူတူ ငနဲဆိုတော့ ငါ့အူသံက ပိုရှည်လျားတာပေါ့လေ...
မင့်က စိတ်ရှည်ရှည်ထားပြီး လိုက်အူ လိုက်ရုံပါ ဇော်ကြီး...
ငါတို့ အူသံတွေက နံရံတွေကို ဖောက်ထွက်သွားတာပါ... ..

ATN

ကဗျာခေါင်းစဉ်ကို သစ်ကောင်းအိမ်-က အမည်ပေးပါသည်

5 comments:

  1. The very abstract mental drawing, interesting.
    Keep going. Cheers..

    ReplyDelete
  2. ဖတ်ရင်း နဲ့  အူချင် စိတ်ပေါက်လာပြီ အကိုငယ်ကြီးရေ..
    သူများတွေကိုပါ ခွေးဇာတ်သွင်းနေတာလား..း(

    ReplyDelete
  3. ဘယ်လို အူသံပဲဖြစ်ဖြစ် သွေးစည်းညီညွတ်တဲ့အခါ harmony ဖြစ်မယ်ထင်ပါတယ် ....။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်မှာ အူသံအသစ်တွေလည်းလိုမယ် ... ခွေးလေခွေးလွင့် တွေရှင်းလင်းပြီးတဲ့အခါ မျိုးကောင်းရိုးကောင်းခွေးကြီးက ဧကရာဇ်ပင်ကို တတ်နိုင်သလောက် လိုအပ်သည်များ အပေါ့အပါးသွား၊ ကြားနေကြ အသံတွေမှာ ... ကြေးစည်သံမပါတော့တဲ့အချိန်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခွေးဥပဒေသနဲ့ စနစ်တကျ လမ်းပေါ်အညစ်အကြေးစွန့်ခွင့်ရရှိ ... ဂုတ်ကြား၏ စေနာမှန်ကို သိစေရမှာပါဟု .. ၀ါဒဖြန့် .... ..... ဟိုနားလေးမှာ နိုင်ငံတော်သစ်ဆိုတဲ့ ကောက်ရိုးပုံလည်းရှိတယ် ... ၀င်ခွေလိုက်တာ ကောင်းတယ် ...။ နွားတွေကို ဟောင်နေရတာ ပျင်းစရာ။ ။
    (Zephyr- dog ဋီကာ (T ကာဟု အသံထွက်ပါ ...))

    ReplyDelete
  4. ခွေးဘ၀ရောက်ရင်တောင်
    အူတဲ့ခွေးမဖြစ်ချင်ဘူး
    ကိုက်တဲ့ခွေးပဲဖြစ်ချင်တယ်

    ဇော်ကြီး

    ReplyDelete
  5. ဟုတ်အူသံကိုလာနားထောင်သွားပါတယ်။
    လကိုတော့ ဓါးနဲ့ မခွဲလိုက်ပါနဲ့ နော်
    သာယာချမ်းမြေ့ပါစေ။
    မိုး

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...