Feb 27, 2011

အဲသည်အရာကို အမည်ပေးစရာ မလိုဘူး....

ရှာခဲ့တယ်
တဘ၀တာလုံးလုံး...

တွေ့ပြီ...

အဲသည် ချောင်းကွေ့လေး နံဘေးမှာ
အဲဟို စွယ်တော်ရွက်ကလေး အနားမှာ
အဲက အပြောရောင် သစ်ခွလေး တပွင့် အပေါ်မှာ
ဟောသည့် အစိမ်းရောင် လွင်ပြင်လေး တခု အလယ်မှာ
ဟောဟို အညိုရောင် တောင်ကုန်းလေး တခု အနီးမှာ

ပြီးတော့
သည်က
အနီရောင် ငါ့ ရင်ဘတ်ထဲမှာ...

ATN

No comments:

Post a Comment

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...