Feb 28, 2011

ဓါးအိမ်

မင်း မရှိတဲ့ နေ့ရက်တွေမှာ
ငါ့ ဘေး ဘယ် ညာ နှစ်ဘက်
ဟာလာဟင်းလင်း...

ငါ့ကို တင်းကျပ်စွာ ထွေးပွေ့ပေးထားဖူးသော မင့်ရင်ခွင်
တမ်းတမိ...
နွေးထွေးမှုဆိုတာ
နွေးထွေးစွာခံစားခဲ့ဖူးပါမှ...

ခုတော့
ငါဟာ
ကွေးလိမ်ခွေခေါက်လို့
ကျောက်တုံးပေါ်တင်သွေးလည်း မထက်မြနိုင်တော့ဘူး...

တသက်တာလုံးမှာ
ငါလိုချင်ခဲ့တာ
အဲသည်
ကျဉ်းမြောင်းမှောင်မဲသော နေရာကလေး
အဲသည်မှာပဲ
ငါ နွေးထွေးတယ်....
မင့်ရင်ခွင်...

ငါဟာ
မင့်ရင်ခွင်ထဲမှာဆို
ဓါးတစင်း...

ATN

No comments:

Post a Comment

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...