Aug 10, 2011

မျိုးဆက်၊ ဗိုလ်မုန်တိုင်းနှင့် အချေအတင်
















မုန်တိုင်းတိုက်နေပြီဆိုတာ ကျနော်သိတာပေါ့... ဗိုလ်မုန်တိုင်း...
မုန်တိုင်းတိုက်နေတဲ့ ဘ၀ထဲမှာ ကျနော့် အဖိုးက အိမ်ထောင်ရက်သားကို မုန်တိုင်း တိုက်သလို ကျ...
နောက်မုန်တိုင်းတစင်းဖြစ်လာရမယ့် ကျနော့်အဖေကို မုန်တိုင်းတွေလို ကျနော့် အဖွားအား မွေးဖွားကြီးပြင်းစေခဲ့တယ်...

မုန်တိုင်းတိုက်နေပြီဆိုတာ ကျနော်သိတာပေါ့... ဗိုလ်မုန်တိုင်း...
မုန်တိုင်းတိုက်နေတဲ့ ဘ၀ထဲမှာ ကျနော့် အဖေက အိမ်ထောင်ရက်သားကို မုန်တိုင်း တိုက်သလို ကျ...
နောက်မုန်တိုင်းတစင်းဖြစ်လာရမယ့် ကျနော့်ကို မုန်တိုင်းတွေလို ကျနော့် အမေအား မွေးဖွားကြီးပြင်းစေခဲ့တယ်...

မုန်တိုင်းတိုက်နေပြီဆိုတာ ကျနော်သိတာပေါ့... ဗိုလ်မုန်တိုင်း...
မုန်တိုင်းတိုက်နေတဲ့ ဘ၀ထဲမှာ ကျနော်ကိုယ်တိုင်က အိမ်ထောင်ရက်သားကို မုန်တိုင်း တိုက်သလို ကျ...
နောက်မုန်တိုင်းတစင်းဖြစ်လာရမယ့် ကျနော့်သားကို မုန်တိုင်းတွေလို ကျနော့် မဟေသီအား မွေးဖွားကြီးပြင်းစေခဲ့တယ်...

မုန်တိုင်းတိုက်နေပြီဆိုတာ ကျနော်သိတာပေါ့... ဗိုလ်မုန်တိုင်း...
မုန်တိုင်းတိုက်နေတဲ့ ဘ၀ထဲမှာ ကျနော့် သားက အိမ်ထောင်ရက်သားကို မုန်တိုင်း တိုက်သလို မကျစေချင်တော့ဘူး...
နောက်မုန်တိုင်းတစင်းဖြစ်လာနိုင်မယ့် ကျနော့်မြေးကို မုန်တိုင်းတွေလို ကျနော် မမွေးဖွားစေချင်တော့ဘူး... ဗိုလ်မုန်တိုင်း...

ကျနော့် မြေးကလေး
လေနုအေးဖြစ်ပါရစေ... ဗိုလ်မုန်တိုင်း....

atn

2 comments:

  1. ဟုတ်ကဲ.. ဆရာ အော်ပီကျယ်ကလည်း သူ့ကာတွန်းတွေ အမြဲ ခေတ်မီ မနေစေ ချင်ပါ ဘူးလို့ စင်္ကာပူမှာ ပြောတယ် ကြားပါတယ်။ ဆရာမဂျူးကလည်း ၁၉၃၅ လောက်က ဆရာကြီး ဇော်ဂျီ ရေးခဲ့တဲ့ ”တို့တိုင်းပြည်” ကဗျာ ခုချိန်ထိ ခေတ်မီနေသေးတုန်း ပါလား လို့ စိတ်မကောင်း ဖြစ်နေပါတယ်။ atn ကလည်း မုန်တိုင်းတွေ ခေတ် အဆက်ဆက် ခေတ်မီ မနေစေချင်တော့ဘူး ဆို တော့ကာ ... ကျနော်ကလည်း “မြင်ချင်သည် ရွှေပြည် ကြီးကိုလ” ပါပေါ့ .. ( ဖဘက ကော့မန့် )

    ReplyDelete
  2. ကြိုက်တယ်ဗျို့၊တိုက်တိုက်ဆိုင်ဆိုင်၊ဦးမုန်တိုင်းကိုသတိရနေတုံး
    ၊သူဆုံးသွားပြီဆိုတာပြီးခဲ့တဲ့ရက်အနည်း
    ငယ်ကမှစကားစပ်ဖြစ်လို့စိတ်မကောင်းနေတုံး
    ၊ဒီကဗျာလေးကစိတ်ပြောင်းပေးသလိုလို

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...