Sep 24, 2011

ဧရာဝတီမြစ်ကို ကျနော် ချစ်တယ်... မဟင်္သာ....


















အက်စ်တိုးရီးယားနဲ့ ကိုလံဘီယာမြစ်ကိုတောင်
ကျနော် ချစ်ခဲ့ပါတယ်... မဟင်္သာ...

မန္တလေးတောင်နဲ့ ဧရာဝတီမြစ်ကို
ကျနော် မချစ်ပါဘူးလို့...
ဘယ်လို အရူးကမှ ပြောလို့ မရပါဘူး ....

မြစ်မင်း-ဧရာ ခွေကာဝိုင်းလို့
စစ်ကိုင်း အောင်ခြာမြေ...
ရေလှိုင်းလေးတွေ နေရောင်ဖျူးတော့
ရွှေရောင်လူးကာနေ...
ငွေတောင်ဦးမှာ ရှုမျှော်ခင်းနဲ့ မြစ်တွင်း သံသာပေ...

ဧရာဝတီကို
ဖွဲ့ဆို တေးသွားများ...
ကျနော်တို့ နှလုံးသွေးတွေကြားမှာ
လူးလားခေါက်တုန့်...

ကျနော့် ပုံချထားတဲ့ နေ့ရက်တခုမှာ
ဧရာဝတီက ဇာတ်လိုက်ကြီး...

ဧရာဝတီ...
ဧရာဝတီ...

ဧရာဝတီ...
ဧရာဝတီ...

တည်ြငိမ်တဲ့ သူ့ရဲ့ ရေအလျဉ်
ရင်ကျက်တဲ့ရေပြင်...

ကျနော် ရင်နာနေမိပေါ့ မဟင်္သာ...

ကျနော့ အကိုကြီး ခင်ဝမ်းကို...
ကျနော် လွမ်းပါတယ်...

ဧရာဝတီရယ်...
အောင်သာငယ်....
ဘာပြောရမယ် မသိတော့ဘူး....

6 comments:

  1. ဧရာဝတီရဲ့ မကုန်နိုင်တဲ့ ဂုဏ်သတင်းတွေ
    အဆုံးနိုင်တဲ့ တေးသံသာတွေကြားက
    အကို့ကဗျာထဲက သီချင်းလေးကို
    ပိုသဘောကျတယ်...

    နှင်း

    ReplyDelete
  2. ညီလည်း ရင်ထဲ တနင့်နင့်နဲ့ ဖတ်သွားပါတယ် အကို ..

    ReplyDelete
  3. အကို..
    ဧရာဝတီကို ချစ်ကြတဲ့သူအားလုံး ဧရာဝတီကို ကယ်တင်နိုင်ဖို့ ကြိုးစားကြမယ်။
    ချစ်တဲ့
    မိညီမ

    ReplyDelete
  4. ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
    ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
    ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
    ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။

    ReplyDelete
  5. လှလှပပ လွမ်းလွမ်းဆွေးဆွေးလေးဖွဲ့သွားတယ်...။

    မြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်...။

    ဧရာဝတီကိုချစ်တဲ့
    မိုးငွေ့

    ReplyDelete
  6. ဧရာဝတီအကြောင်းပို့စ်တွေ အစ်မသက်ဝေကတဆင့် တစ်ယောက်ပြီး တစ်ယောက်လိုက်ဖတ်မိပါတယ် ... ပထမဆုံးရောက်ဖူးခြင်းပါ ... ကဗျာကောင်းလေးကို သေချာခံစားသွားပါတယ်ရှင့်

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...