Dec 20, 2007

လေးမြားတလက်နဲ.သီချင်းသည်

အိပ်မရတဲ့အတူ မထူးတော့တဲ့ညမို.၊ တံခါးကို၊ ဖွင့်ကာ၊ တိတ်ဆိတ်တဲ့ခြေလှမ်းရဲ.လျှပ်တိုက်သံ၊ နားကို၊ စွင့်ကာ၊ ရောင်နီ မလာခင် ကျေးငှက်တို.ရဲ.၊ တေးသွားလေးကို စည်းချက်တွက်ကြည့်ကာ၊ ကြားမှာ သံစဉ်ဖြည့်လိုက်တယ်။ သာယာတဲ့ နေ.သစ်ရဲ.အစ တည်ငြိမ်ဆဲ အခိုက်အတန်.မှာ တေးသံကို ရှာဖွေရေးမှတ်ရင်းနဲ့သီချင်းပုံစံ သီကာ ငြည်းမိတယ်။

စိတ်ချတဲ့လူရင်းမို. ဖွင့်ဟကာ၊ မေးမယ်၊ ပြောလေ၊ အားသစ်နဲ.ခြေလှမ်းရဲ.တက်ကြွသံ၊ ကြားရင်၊ သိမယ်၊ တောင်စဉ်ခွန်နှစ်သွယ်လှမ်းတက်ဖို.အတွက်၊ ခရီးကြမ်းလမ်းကို ထိုးဖောက်ရောက်ခဲ့ရင်၊ သင့်ကို၊ ရှေ.မှာ ကြိုဆိုကြလိမ့်မယ်၊ ရင်ဆိုင်မယ့် နေ.မရှိတဲ့ည ငြိမ်သက်ဆဲ အခိုက်အတန်.မှာ ဘေးရန်ကို တင်ကြိုမှန်းဆရင်းနဲ. မြားအိမ်ကို လွယ်ကာ ထွက်ခဲ့တယ်၊

ကျနော်တို.ခေတ်မှာ ခိုင်ထူးဆိုတာ အလွှမ်းမိုးဆုံး အဆိုတော်တဦးပါပဲ၊ သူ.သီချင်းတွေများစွာထဲမှာ ဒီသီချင်းက ကျနော့်တို.ဘ၀တွေနဲ. တူနေတယ်လို. ခံစားရပါတယ်၊ ဒါကြောင့် ဒီသီချင်းကို ကိုယ်တိုင် ပြန်ဆို တီးခတ်မိတာပါ၊ သီချင်းရေးဆရာက ကိုမောင်မောင်ပါ၊

သီချင်းတပုဒ်လုံးရဲ. အစီအစဉ်တွေကို ကျနော်မမှတ်မိတော့ပါ။ ဒါကြောင့်မို. မှတ်မိတဲ့ အဓိက နှစ်ပိုဒ်ကိုပဲ ပြန်တီးခတ်ထားပါတယ်။

Dec 9, 2007

ဘဝ




















သူ.ကလေးဘ၀ရဲ.
အကောင်းဆုံး အမှတ်တရတချို.
သူ.ငယ်ဘ၀အခန်းထဲမှာပဲ
မထစတမ်း လဲလျောင်းအိပ်စက်နေခဲ့တယ်။

ပုံတွေဆွဲ၊ စာအုပ်တွေဖတ်၊
သေနတ်ပစ်တမ်းကစား၊
ဖားတွေဖမ်း၊ ငှက်သိုက်တွေတက်နှိုက်၊
သူနဲ.မတည့်တဲ့ကလေးတွေနဲ. တိုက်ခိုက်ရင်း
မအားလပ်နိုင်အောင် အလုပ်များနေခဲ့တဲ့
သူ.ငယ်ဘ၀ အမြဲရှင်သန်နေခဲ့ရတဲ့
အဲဒီ့အာရုံထဲမှာ
မကြုံစဖူး သူ ဖျားနာသွားခဲ့တယ်၊

သိရှိနားလည်ထားတာတွေအားလုံးနဲ.
လုံးဝကွဲပြားခြားနားတဲ့ ကာလတခုထဲ
ရောက်သွားခဲ့ရတဲ့လူငယ်တယောက်အဖြစ်
ပို.ဆောင်တွန်းထိုးပစ်ခဲ့တဲ့
အချိုးအကွေ.ဆိုးများကလည်း
သူ.ကို မေ့ထားလိုက်တော့တယ်။

တဦးတယောက်ကိုမှသူမသိတဲ့ အရပ်ဆီ
သူ.ကို ပို.ဆောင်ပစ်ခဲ့တယ်။

ဘ၀ရဲ. အခိုက်အတန်.တွေအားလုံးကို
ကြိုက်ကြိုက် မကြိုက်ကြိုက်
သူနေထိုင်ပစ်လိုက်တယ်။

တသမတ်မရှိမှုနဲ.
အလွန်အကျွန်ဝဖြိုးနေတဲ့
အဲဒီ့ဆိုးရွားမှုထဲမှာ
အရာရာအားလုံးကို
အစအဆုံး နားလည်နိုင်အောင်
ကြိုးစားရင်း
ရှိပြီးသား သူ.အတွေးအခေါ်တွေ
တနေရာရာမှာ
အသေအချာ ကျပျောက်ခဲ့ရတယ်။

ယောက်ယက်ခတ်နေ.တွေ ကုန်လွန်သွားသည့်တိုင်
အေးစက်မှုတခုကို စူးစူးရှရှ
သူခံစားနေရတယ်။

သူ.လက်ဖ၀ါးတွေထဲ
ခွန်အားမဲ့တယ်၊

သူ.နာရီတွေဟာ
ရှည်ကြာနှေးကွေးလွန်းတယ်၊

သူ.ခြေလှမ်းတွေဟာ
ပင်ပမ်းလေးလံလွန်းလှတယ်၊

သူ.အင်္ကျီအဖြူ အဟောင်းတထည်ကိုပဲ
ဆေးရောင်စုံတွေအထပ်ထပ်
စွန်းထင်းညစ်ပတ်နေတော့တယ်၊

အသက်ရှင်သန်နေသည့်တိုင်အောင်
သူ.ရင်ခုန်သံတွေက
သုံညအမှတ်မှာ
ရပ်ပြနေခဲ့တယ်၊

အမည်မသိတဲ့အရပ်ဆီ
သွားခဲ့ရတဲ့ သူ.ခြေအစုံတောင်
အိပ်မက်ထဲမှာ ယောင်ရမ်း လျှောက်လှမ်းနေဆဲ ...

ကြင်နာစိတ်မရှိတဲ့ ဒီလောကကြီးအတွက်
မရက်စက်ဖို. တောင်းပန်နေလည်း
အလဟဿ၊

ဘ၀ဆိုတာ
အကြွေးတွေဆပ်ဖို. ရှင်သန်နေရသလိုမျိုး၊

ချစ်ချင်းမေတ္တာကို
အိုးအပြည့် ခပ်ထည့်ခဲ့တာတောင်
ကိုယ်ပြန်သောက်ရတတ်တာ
တစက်နှစ်စက်ရယ်၊

ငှက်တွေတောင်
အတောင်ညောင်းရင် နားဖို.ရာရှိခဲ့တယ်၊

သူ.ကောင်းကင်ကတော့
ဟင်းလင်းပြင်သက်သက်
မုန်တိုင်းတွေ ရက်စက် ရယ်မောပြတတ်ရာနေရာ၊

အသေအချာ စဉ်းစားကြည့်ရင်
ဘာမှ မကျန်တော့ဘူး၊
အားလုံး သူဆုံးရှုံးခဲ့တယ်၊

နောက်ဆုံးထွက်သက်အဖြစ်
တခုခုကို အမှန်တရား လုပ်ပစ်လိုက်ချင်တယ်၊

ဘယ်လိုပဲ ဆန္ဒတွေရှိရှိ
သူ ပြောပြနိုင်တာ နောက်ဆုံး
စကားလုံး တလုံးထဲပါ့။

ATN

အလွမ်းဒဏ်ရာ
















အလုပ် လုပ်နေရင်း ...
ကား မောင်းနေရင်း ...
ဈေး ၀ယ်နေရင်း ...
သတင်းစာ ဖတ်နေရင်း ...
သီချင်း ငြည်းနေရင်း ...
အိပ် ပျော်နေရင်း ...
ထမင်း စားနေရင်း ...
ရုပ်ရှင် ကြည့်နေရင်း ...
စာ ရေးနေရင်း ...
ဂစ်တာ တီးနေရင်း ...
ရေ ချိုးနေရင်း ...
စိတ် ညစ်နေရင်း ...
သားငယ်လေးကို ရေချိုးပေးနေရင်း ...
တခုခု လုပ်နေရင်း ...

ရုတ်တရက်ပဲ-
အဖေ့ကို လွမ်းမိတယ်၊
အမေ့ကို လွမ်းမိတယ်၊
အကိုကြီးကို လွမ်းမိတယ်၊
ညီမလေးကို လွမ်းမိတယ်၊
သူငယ်ချင်းတွေကို လွမ်းမိတယ်၊
ရွာလယ်လမ်းကလေးကို လွမ်းမိတယ်၊
ငါ့ခြံလေးကို လွမ်းမိတယ်၊
ငါ့ရပ်ကွက်လေးကို လွမ်းမိတယ်၊
ငါ့ငယ်ဘ၀လေးကို လွမ်းမိတယ်၊
အကိုကြီးနဲ.အတူ ထိုင်နေကျ
လဖက်ရည်ဆိုင်လေးကို လွမ်းမိတယ်၊
ညညတိုင်းမှာ
ဂစ်တာထိုင်တီးခဲ့ဖူးတဲ့
သစ်သားခုံတန်းကလေးကိုတောင်
ငါ လွမ်းမိတယ်၊

ငါသိတယ်-
အဖေ ငါ့ကို လွမ်းနေမှာ-
အမေ ငါ့ကို လွမ်းနေမှာ-
အကိုကြီး ငါ့ကို လွမ်းနေမှာ-
ငါ့ညီမလေး ငါ့ကို လွမ်းနေမှာ-
သူငယ်ချင်းတွေ ငါ့ကို လွမ်းနေမှာ-
သစ်သားခုံတန်းလေးတောင် ငါ့ကို လွမ်းနေမှာ-

စာတွေဖတ်တယ်-
အဖေ့ကို လွမ်းရင် ...
ကဗျာရေးတယ်-
အမေ့ကို လွမ်းရင် ...
သီချင်းဆိုတယ်-
အကိုကြီးကို လွမ်းရင် ...
မျက်ရည်ကျတယ်-
ညီမလေးကို လွမ်းရင် ...
ဂစ်တာတီးတယ်-
သစ်သားခုံတန်းလေးကို လွမ်းရင် ...

ခဏခဏ
ရောက်ရောက်ချလာတဲ့
အဲဒီ့အလွမ်းတွေနဲ.
ငါ့ကောင်းကင်တခွင်လုံး
မိုးသားတွေဖုံးလို. ...

ATN

အိပ်မက်




















ကလေးဘ၀ထဲက ကွဲသွားတဲ့ သူ.မိခင်ကို
ရှာဖွေနေတဲ့ လူနီရိုင်းကြီးတယောက်က
သူ.ကိုယ်သူ
ပျောက်ဆုံးနေတဲ့ သားပေါက်လေးလို. ခေါ်လေရဲ. ....

နှစ်ပေါင်းသုံးဆယ်ကျော်တဲ့အနောက်
သူတို.နှစ်ယောက် ပြန်တွေ.ရတဲ့အခေါက်မှာ
အဲဒီ့ယောက်ျားရင့်မကြီးဟာ
ကလေးတယောက်လို ငိုရဲ. ...

မေမေ ...
ကျနော်ကတော့လေ
အမေ့ကောင်းကင်ထက်က
ဆယ့်ရှစ်နှစ်လုံးလုံး
ပျောက်ဆုံးသွားခဲ့တဲ့
ကြယ်ကလေးတလုံးပါ မေမေ ...

ကျနော့ကောင်းကင်တခွင်လုံးကတော့
အမေ့ကိုလွမ်းတဲ့ မိုးသားတွေဖုံးလို. ...

ကျနော့အချစ်ဆုံးသူငယ်ချင်း
ကဗျာဆရာတယောက်
သူ.အမေကိုအောက်မေ့လို.
ကဗျာရေးခဲ့ဖူးတယ်၊
(အမေ ...
ကျနော့်ကို လွမ်းနေမလား ...
အလွမ်းဆိုတာ
သေရာပါတဲ့ ဒဏ်ရာနော်)တဲ့ ...

သူ.အမေဆုံးတဲ့သတင်း ကြားတော့
သူ.ကိုယ်စား ကျနော်ငိုခဲ့ဖူးတယ်။

ကမ္ဘာပေါ်မှာ
ဘယ်မိခင်တွေမှ
မသေဆုံးစေချင်ပါ၊

မိခင်နှင့် ချစ်သူတို.၏ မျက်ရည်များ စွန်းထင်းနေသော
စစ်ကို
မုန်း၏။

အဲဒီလိုစစ်ပွဲတွေ
ကျနော်ကြုံခဲ့ဖူး၊
သားဆုံးတဲ့မိခင်-
မိခင်ဆုံးတဲ့သား-
ဒါတွေ ကျနော် မကြားချင်တော့ဘူး အမေ ...

တနေ.သားတော့
အမေ့နားကို
သားပြန်ရောက်မယ်ထင်ပါရဲ. ...
အဲဒီလို မျှော်လင့်ခြင်းများ
မွေးထားခဲ့ဖူး ...

လောကဓံတွေ လက်ကုန်များတဲ့
အဲဒီလို ပြက္ခဒိန်တွေ ကြုံတဲ့အခါ
အမေ့ရင်ထဲ
ခေါင်းဝင်တိုးဝှေ.
ကလေးတယောက်လို
မျက်ရည်ပေါက်ပေါက်
ကျချင်ပါသေးရဲ.၊

အဲဒီ့နေ.ဟာ
တနေ.နေ.ပေါ့ ...

ATN

အရှည်ကြာဆုံးနေ.
















မရပ်မနားဘဲ
ပြေးလွှား ဖြတ်သန်းနေရတယ်၊
ရင်ကွဲမတတ် မောပမ်းလွန်းတာတောင်
ဒီလမ်းမမှာ
လဲကျ မသွားခဲ့ဘူး-
နေ.တနေ.ကို ရူးသွပ်မိလို. ....

လူတိုင်းပဲ
တီးတိုးပြောနေကြရဲ.-
အဲဒီ့နေ.အကြောင်းနဲ.
ရှည်လျားကြာညောင်းနေပုံကို ...

လူတိုင်းပဲ
ပြစ်တင်ပြောဆိုနေကြရဲ.-
အရှည်ကြာဆုံးနေ.တနေ.
သူတို.ကို မေ့နေပုံ၊

တကယ်တော့-
လူတွေက
သူ.ကို မေ့နေတာလည်း ဖြစ်နိုင်တယ်။
လူတွေကို
သူကမေ့နေတာလည်း ဖြစ်နိုင်တယ်။

ဘာပဲဖြစ်ဖြစ်
မဖြစ်နိုင်တာ မရှိဘူး၊
မဖြစ်သေးတာပဲ ရှိသတဲ့ ...
အဲဒီ့ ပညာရှိကြီးရဲ.စကား
သင် ကြိုက်နှစ်သက်သွားဖို.လိုပြီ။

အချိန်ဆိုတာ ရှိနေသရွေ.
အဲဒီ့နေ.ဟာလည်း ရှိနေမှာပါ့၊
မတွေ.ရတာလေးတခုပါ။
တနေ.နေ.မှာ
အသေအချာပဲ
အဲဒီ့နေ.ကို
ငါတို. တွေ.ရမှာပါ့။

အဲဒီံနေ.ဟာ
သင့်ဘ၀တသက်လုံး
အလင်းလက်ဆုံး ဖြစ်လိမ့်မယ်။

အဲဒီ့နေ.မှာ
အမေ့ရဲ.အပြုံး
ငါတို.အားလုံး
စားသုံးကြမယ်လေ။

အဲဒီ့နေ.အကြောင်းကိုပဲ
ထပ်တလဲလဲ
လူတိုင်းပဲ ပြောနေကြတယ်၊
မနက်ဖြန်တဲ့ ...

ဘုရားရေ-
မနက်ဖြန်
မြန်မြန် ရောက်ပါစေ။

ATN

သိမ်းဖျောက်ထားတဲ့ တောင်ကြား














အငြှိုးအတေးနဲ.
နတ်ဆိုးတွေ မျက်စေ့ဒေါက်ထောက်
ကြည့်နေတဲ့
အက်ဆစ်ကောင်းကင်အောက်မှာ
သိမ်းဖျောက်ထားရတဲ့
တောင်ကြားလေးပါ မေမေ -

အဲဒီမှာ -
လေရိုင်းတွေ ပွတ်သပ်ရင်
အိပ်မောကျကျသွားတတ်လေ့ရှိတဲ့
အတိတ်မေ့မြက်ခင်းစိမ်းလေးရှိတယ်၊

နေသာတဲ့နေ.တွေဆို
အရှေ.ဆီကို လည်ပင်းတဆန်.ဆန်.
မျှော်မျှော်ကြည့်နေတတ်တဲ့
အနာဂတ်နေကြာပန်းခင်းလေးရှိတယ်၊

အရှည်ကြာဆုံးနေ.ဟာ
အလွန်တရာ လှပကြောင်း
မယုံနိုင်စရာကောင်းအောင်ကို
သီချင်းဆိုဆိုပြတတ်တဲ့
အလင်းငတ် ငှက်တအုပ်ရှိတယ်၊

လမဲ့ညတွေမှာ
အရိပ်တွေ ရှည်လျားစီးမျော
ဒုက္ခတွေ ရေစီးကြောထဲ
ဘယ်သူပြောပြော မပြောပြော
သူ.သဘောနဲ.သူ သယ်သယ်ချသွားတတ်တဲ့
အတ္တမဲ့ စမ်းချောင်းလေးတခုရှိတယ်၊

ဆောင်းဦးပေါက်ရင်
ကောက်သစ်စားကြဖို.အကြောင်း-
လူတွေက
အနာဂတ်ကိုမျှော်သလို-
လူတွေကို
အနာဂတ်က မျှော်နေတဲ့အကြောင်း-
လူတွေက
အတိတ်ကိုမေ့သလို-
လူတွေကို
အတိတ်ကမေ့နေတဲ့အကြောင်း-
လူတွေက
ပစ္စုပ္ပန်ကိုစားသလို-
လူတွေကို
ပစ္စုပ္ပန်ကစားနေတဲ့အကြောင်း
ကောင်းကောင်းပြောပြီး
ထွက်ထွက်ပြေးတဲ့
အဝေးရောက် တိမ်တအုပ်ရှိတယ်၊

လေးထောင့်စပ်စပ်မှန်ရင်
နံရံတွေကို မကြိုက်သလိုမျိုးမုန်းတဲ့
အကာအရံမဲ့
တဲငယ်လေးတလုံးလည်း ရှိတယ်၊

ဒါတွေအားလုံး စုစည်းပေါင်းစပ်
အမေ့အပြုံးကို ငတ်နေတဲ့
မီးခိုးရောင် ပန်းချီကားတချပ်နဲ.
မိုးတိုးမတ်တပ်ရပ်နေတဲ့
ကျနော့်နှလုံးသားလည်း
အဲဒီ့ တောင်ကြားထဲမှာ ...

ATN