|
Aug 24, 2009
သုံးရာသီ (အကြမ်း)
Aug 16, 2009
စစ်ကိုင်းလမ်း (ဒုတိယအကြိမ်)
|
Aug 4, 2009
အချစ်သီချင်း (ဒုတိယအကြိမ်)
ခုတော့ ဘေးအခန်းက ငတိ ၂ ယောက်လည်း မရှိတုန်း၊ ဆိုချင်စိတ်လည်း ပေါက်နေတုန်းမို့ မကျေပွဲနွှဲပြီး ဆိုလိုက်ပါတယ်။
သည်းခံခွင့်လွှတ် နားဆင်ကြပါ။
|
Jul 24, 2009
Europa
Jul 13, 2009
Moon Flower
Jul 1, 2009
အလင်းရောင်လေး ခဏငှားပါ
ကြမ္မာငင်ရာ... လောကငရဲ... ခံစား ချိန်မှာ....
မောင်တယောက်ထဲပဲ... အညှိုးထားကာ... ညှဉ်းရက်လေသလား...
မောင့်ဘ၀ ခရီးကြမ်း... နွေပမာ ဝေဒနာခြေလှမ်းတွေဟာ
အို... ၀ဠာမြေအဆုံး... အမှောင်များ ဖုံးလေပြီ....
မောင့်အခန်း တံခါးတွေ... ပိတ်ထားတယ်...
တယောက်ထဲ... အမှောင်ထဲမှာ... နေရတယ်....
ဒါပေမယ့်... နေမင်း... ငွေလမင်းတို့ရဲ့ အလင်းရောင်တွေ ...
မောင်ခံစား နေရတယ်... ရင်ထဲမှာ....
မှောင်နေပါတယ်... အလင်းရောင် မရှိသော ညတွေအလည်....
သည်လိုညမျိုး... ဘယ်တော့ ဘယ်တော့မှ ဆုံးလေမလဲ....
တကယ်ဆိုရင်... အချစ်သာ... မောင်ဘ၀ အလင်းရောင်ပါ....
သည်အလင်းရောင်လေးပဲ... ပေးပါလား... အချစ်ရယ်....
သန်းကောင်ည... ဟိုတဖက်က... အလင်းရောင်သာ....
အမှောင်ဘ၀အတွက်... ခဏငှားပါ.... ခဏလေးပါ...
ဒါပေမယ့်... နင်မပေးရင်... ငါလည်း မရတော့ဘူးပေါ့ အချစ်ရာ...
သည်အမှောင်ထဲ... မောင်တယောက်ထဲပဲ... ဆွေးနေမယ်...
|
Jun 29, 2009
နေရာဟောင်းမှာ
|
Jun 26, 2009
နေညိုချိန်အတွေး
နေညိုချိန်အတွေး
နေညိုချိန်ကို ဦးညွတ် ဂုဏ်ပြုမယ်…
ရောင်စဉ်ဆိုတာ အလင်းရှိမှသာ ခွဲခြားနိုင်လိမ့်မယ်
ပန်းနုကောင်းကင်ရေ…
တိမ်လွှာပြင်ကို ဆေးဆိုးလိုက်စမ်းပါ…
နေရောင်ခြည်ရယ် အနောက်ဖက် မကူးခင်
အရှေ့က တိမ်ထုကို ဆေးသွင်းခဲ့ဦး…
နေညိုညိုရေ မင်းရေးဆွဲတဲ့ တိမ်ပန်းချီ ကားချပ်ကို
မြင်နိုင်သူတွေ အားလုံးအတွက်တော့ ပိုင်ဆိုင်နိုင်ခွင့် ရှိတယ်
ရှိရမယ်လေ…
လေပြေလာရာ လမ်းဖက် လျှောက်ဦးမယ်…
လာပါမေရယ် ပန်းရနံ့သင်းတဲ့ စိမ်းလမ်းမြက်ခင်းပြင်
ဖြတ်လျှောက်ကြမယ်လေ…
တူစုံမောင်မယ် ခရီးကြမ်း ဘ၀လမ်းမှာ…
သာယာကြည်လင်ချမ်းမြေ့ခြင်းနဲ့
စိတ်ဓါတ်ခွန်အားကို ဖြည့်စွက်ခဲ့ဦး…
တိမ်ညိုညိုရေ သားမွေးမယ့်မြက် ရေလိုနေဆဲမှာ
ရွာပါစေလေ ပန်းဖူးပွင့်မှ စိုပြည်လန်းဆန်းမယ်
ဖူးပွင့်ပါမှ…
|
Jun 14, 2009
နောက်ဆုံးအိပ်မက်
နောက်ဆုံးအိပ်မက်
ရေး - ကိုနေ၀င်း
ဆို - ခိုင်ထူး
(စိမ်းမြ... သစ်ရွက်တို့ ကြွေနေဆဲ...
ငါ့မျက်ရည်... စိုနေတုန်းပေါ့...
တချို့တွေ နေနိုင်လွန်းတယ်...
ရဲရင့်... ကျောက်ခက်တို့ ပြိုနေဆဲ...
ငါ့အတွက် အဖြေ... ရှာနေတုန်းပေါ့...
တချို့တွေ နေနိုင်လွန်းတယ်...
တရေးမှ... မပျော်တဲ့ည... မှောင်လွန်းနေဆဲ...
တယောက်ထဲ ငါ... ငိုနေတုန်း...
ရင်ထဲမှာ ... မကျေနပ်ဆုံး...
တိတ်ဆိတ်... အိပ်မက်တို့... ကျန်နေဆဲ...
ငါ့စိတ်တွေ... နှင်နေတုန်းပေါ့...
တချို့တွေ နေနိုင်လွန်းတယ်...
တရေးမှ... မပျော်တဲ့ည... မှောင်လွန်းနေဆဲ...
တယောက်ထဲ ငါ... ငိုနေတုန်း...
ရင်ထဲမှာ ... မကျေနပ်ဆုံး... )၂
အသည်းမှာ... ဒါနောက်ဆုံး...
|
Jun 11, 2009
အိမ်အလွမ်း
တီးရင်းနဲ့ ပျင်းလာလို့ Bass တွေ Drums တွေ မထည့်လိုက်တော့ဘူး...း) နားထောင် လို့တော့ ကောင်းမယ် ထင်ပါတယ်။ မကောင်းခဲ့ရင်လည်း သည်းခံခွင့်လွှတ် နားဆင်ကြပါ ပေါ့လေ...။
အိမ်အလွမ်း
ရေး - ကိုမောင်မောင်
ဆို - ခိုင်ထူး
အိမ်ပြန်ချင်တဲ့ အလွမ်း...
ဆီးနှင်းတို့ ကျစတညမှာ... အိမ်ကို ပစ်ပြီးတော့...
မပြေလည်နိုင်တဲ့လမ်းမှန်း...
သိလျက်နဲ့... တလှမ်းချင်း လှမ်းကာ... ရင်ဆိုင်နေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...
စိမ်ခေါ်နေတဲ့လမ်း...
ဆူးခင်းနဲ့ စီးချင်းထိုးကာ... မြေလှန်ပစ်ပြီးတော့...
စိုပြည်နိုင်မယ့်နည်းလမ်း...
ရှိလျက်နဲ့ မနီးစပ်သေးခင်... ရှာဖွေနေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...
အလွမ်း... ပြန်ချင်စိတ်ကြောင့်...
အလွမ်း... ပြန်ချင်ဇောကြောင့်...
နေ့ခင်း... အိပ်မက်ထဲမှာ...
အတွေး... အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်...
မိန်ရာသီရဲ့ စန်း...
နက္ခတ်နဲ့လိုက်လို့ညှိကာ... အဖြေပြန်တွက်ပြီးတော့...
အမေအို မျှော်မယ်မှန်းလည်း...
သိလျက်နဲ့ ခရီးကြမ်းဖျက်ကာ... ပြန်မလာနိုင်သေးခင်...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...
အလွမ်း... ပြန်ချင်စိတ်ကြောင့်...
အလွမ်း... ပြန်ချင်ဇောကြောင့်...
နေ့ခင်း... အိပ်မက်ထဲမှာ...
အတွေး... အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်...
အိမ်ပြန်ချင်တဲ့ အလွမ်း... ... ...
|
Jun 6, 2009
A Whiter Shade of Pale
ကျနော်တို့ဆီမှာလည်း ပလေးဘွိုင်သန်းနိုင်၊ ဟေမာနေ၀င်း၊ ချစ်ကောင်းနဲ့ တခြား အဆိုတော်တွေ အတော်များများ ပြန်ဆိုကြခဲ့ပါတယ်။ ကျနော့ စိတ်ထဲမှာ မှတ်မိနေ တာကတော့ ပလေးဘွိုင် သန်းနိုင် ဆိုခဲ့တဲ့ - ချစ်သူဘက်က ရှေ့နေလိုက်မယ် - ဆိုတဲ့ သီချင်းတပုဒ်ထဲပါပဲ။ ကိုလေးလွင် ရေးပေးခဲ့တယ် လို့ ထင်ပါတယ်။ မှားခဲ့ရင်လည်း သေချာသိသူများက ပြန်ပြင်ပေးသွားကြပါ။ သည်သီချင်းကို တချို့လည်း ကြားဖူး ကြမယ်။ တချို့လည်း ကြားဖူးကြမယ် မထင်ဘူး။
ချစ်သူဘက်ကရှေ့နေလိုက်မယ်
ဆို - ပလေးဘွိုင်သန်းနိုင်
ရေး - ကိုလေးလွင်
ကိုယ့်ရင်ထဲ တနင့်နင့်နေ...
ပြန်ပြောင်းတွေးလေ ဆွေးမပြေ...
ကိုယ့်အပေါ်တယောက်မှ... မကောင်းတာသိလို့...
ခံစားချက်တွေ ကိုယ့်ရင်အပြည့်...
အချစ်လည်း ကိုယ့်အပေါ် သည်လိုပဲ....
ချစ်တယ်ပြောပြီး ပြေး... အဝေး....
ပျော်နိုင်သူသာ... ပြုံးနေတော့... အလွမ်း...
တရက်... တလ... တနှစ်...
အိုကြာရှည်ငြား... ခံစားမယ်...
နိုင်သူ အပြုံး... အရှုံးခံဘ၀၀ယ်...
မျက်ရည် ပန်းခင်း နင်းသွားကြကွယ်...
ကိုယ့်နှလုံးသား... မခံနိုင် နွမ်းနယ်...
ချစ်ခင်တုန်းက စကားလေးတွေ...
ဘယ်ဆီပျောက်... ပျောက်ပြယ်သွားပေ...
လှတာမက်တော့... အခက်ကြုံ...
ပြန်လည် မတွေးတော့ပါဘူး...
ရင်နာချစ်တေး ဟစ် ဆိုမယ်ခင်...
လောကအကြောင်းတော့ သိတယ်...
ဟန်ဆောင်ကောင်းတဲ့ အပြုံးအလယ်...
ကိုယ်နဲ့ မင်းနဲ့ တွေ့ဆုံခဲ့တယ်...
မာယာတွေ များ... နှိပ်စက်...
ပျော်ရွှင်ခြင်း... တွေးရင် ဝေးမယ်...
ချစ်သူဘက်က ရှေ့နေလိုက်မယ်...
ဟစ်ကြွေးထား... ကိုယ်က ခွင့်လွှတ်...
မာယာတွေများ... နှိပ်စက်...
MP3 File ကို ဒေါင်းလုပ်ဆွဲချင်ရင်တော့ သည်မှာပါ။
|
May 22, 2009
အချစ်သီချင်း
စာသားကတော့ ခေါင်းထဲမှာ ရှိနေပြီးသားဆိုတော့ သီချင်း တပုဒ်လုံး အစအဆုံးကို ပြန် စမ်းတီးမိတဲ့အခါ အတော်တော့ အဆင်ပြေသား။ ဒါနဲ့ keyboard နဲ့ သီချင်း တပုဒ်လုံးကို ပြန်တီးလို့ ရသွားတော့ အတော်လေး ၀မ်းသာမိတယ်။ အဆင်ပြေရင် ဘလော့မှာ တင်မယ် ပေါ့လေ။ ဒါနဲ့ အသံမဖမ်းခင် အရင် rehersal အနေနဲ့ အသံကုန် အော်ဆို နေတုန်း ဘေးခန်းက ငတိ နှစ်ကောင်က တဒုန်းဒုန်းနဲ့ ထုတယ်။ မောင်မင်းကြီးသားတွေက ဗမာ စကားကို နားမလည်လို့ ဖြစ်မှာပါ။ သည်လောက် ကောင်းတဲ့ အချစ်သီချင်းကို ဒင်းတို့က မခံစားတတ်တာ အပြစ် ပြောလို့လည်း မရဘူး မဟုတ်လား။ ဒါနဲ့ ဂရုမစိုက်ပဲ ဆက်ဆိုနေတုန်း နောက်ထပ် ထပ်ပြီးတော့ နံရံကို ခပ်ပြင်းပြင်း ထပ်ထုပါတယ်။ အဓိပ္ပါယ်ကတော့ Shut-up ဖြစ်မှာပါ။ ကိုယ်လည်း အချင်း မများချင်ဘူး။ Apartment တွေမှာ နေရတဲ့ အခါ အဲလိုပဲလေ။ ဟိုဖက်သည်ဖက် အသံတွေက ကြားနေရတာကိုး။ ကိုယ်ကသာ ဆက်ဆို တီး လုပ်နေရင် သူက ၉၁၁ နှိပ်ပြီး ရဲခေါ်မယ်။ ရဲလာရင် သူတို့က night shift ဆင်းရတဲ့ အတွက်ကြောင့် အိပ်နေတုန်း ဆူညံတဲ့ ကိုယ်က အပြစ် ဖြစ်တော့မယ်။
ဒါနဲ့ အဆိုကို လက်လျှော့လိုက်တယ်။ ကိုယ့်ဘာသာ တိုးတိုးလေး ဆိုရင်း သီချင်းကို keyboard နဲ့ တီးထားတာလေးကို Record လုပ်လိုက်ပြီး ဝေမျှလိုက်ပါတယ်။ လွတ်လပ်တဲ့ နိုင်ငံကြီးမှာ ဖြစ်စေဦး Freedom ဆိုတာကလည်း အကန့်အသတ် ရှိသေးတယ် မဟုတ်လား။ သူတပါးကို ထိခိုက်အောင် ကုယ်က လွတ်လပ်နေလို့ မရဘူးလေ။
အချစ်သီချင်း
စာသား - ဆဲလ်
သံစဉ် - ဂျေမောင်မောင်
ဆို - ခိုင်ထူး
အချစ်ရနံ့တွေ မွှေးပျံ့ ထုံအီနေတုန်းက... အချစ်ငှက်ကလေး ဂစ်တာမှာ လာနားရင်း...
သံယောဇဉ် သီချင်းလေးတွေ ကျူးရင့်လို့ ဆိုနေခဲ့တယ်...
ကိုယ့်ချစ်သူ ဆည်းလည်းလေးလို ရီသံချိုတဲ့အခါ... မွန်းတဲ့ချိန်နေလည်း ပူတယ် မထင်ခဲ့မိပါ...
အင်အားမဟာ အချစ်အတွက် ရူးသွပ်ခြင်းလို့ ခေါ်ချင်ခေါ်တော့ကွယ်...
ပန်မဖြစ်တဲ့ အချစ်ရဲ့ အရိပ်ကလေးတွေ ရင်ထဲမှာ တစတစစီကြွေ...
ငိုတော့မယ့် မျက်ရည်လည် လာတတ်ပြီ...
အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့ အတူတူ ပူဆွေးမှုများလည်း သူ ခေါ်ခဲ့တယ်...
မုန်တိုင်းထဲမှာ ပွင့်တဲ့ပန်းလို ကြေမွသွားခဲ့စဉ်... အချစ်မျက်နှာလေး ယောင်ကာ အိပ်မက် မက်တယ်...
ပတ်ဝန်းကျင်လှည့်ကြည်မိတော့ တမ်းတတဲ့သူ ကိုယ် တယောက်ထဲကွယ်...
ပန်မဖြစ်တဲ့ အချစ်ရဲ့ အရိပ်ကလေးတွေ ရင်ထဲမှာ တစတစစီကြွေ...
ငိုတော့မယ့် မျက်ရည်လည် လာတတ်ပြီ...
အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့ အတူတူ ပူဆွေးမှုများလည်း သူ ခေါ်ခဲ့တယ်...
|
Apr 11, 2009
မရှိတော့ပြီဖြစ်သော ကျေးဇူးရှင် မိခင်သို့
အိပ်မက်အလား ရီသံတွေမှာ သွေးစက်များနဲ့ နီရဲသွား
တမ်းတမိတယ် အို မေမေရေ တမ်းတမိတယ်
ရာသီတွေ မိုးလင်း မိုးချုပ်မီးရထားကြီးကြောင့်အိုမင်းသွား
ဘယ်နေရာ ဘယ်ဘူတာမှာ ခရီးဆုံးမလဲလို့ ကြိုစဉ်းစား
တမ်းတမိတယ် အိုမေမေရေ တမ်းတမိတယ်
နာရီတွေ ရည်ရွယ်ချက်များ ပြီးမြောက်ဖို့အတွက် စောင့်ဆိုင်းဦး
ပြီးရင် ဟို အဝေး အမေသွားတဲ့ လမ်းက စောင့်လို့ ခေါ်ပြီးသွား
တမ်းတမိတယ် အို မေမေရေ တမ်းတမိတယ်
အို မေမေရေ ကြေကွဲပါတယ် ခရီးသည်ပီပီ သားလာနေတယ်
------------
အမေ့အတွက် အမှတ်တရ သီချင်းတပုဒ် ဆိုမိတာပါ။
မောင်သစ်မင်း ရေးပြီး ကျော်ဟိန်း ဆိုခဲ့တဲ့ သီချင်းပါ။
Mar 15, 2009
စစ်ကိုင်းလမ်း
စစ်ကိုင်းလမ်း
တိုးထွက်မယ့် မနက်နေရောင် ဖြာထွန်းရင်
စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာလို့
ချိန်းထားတဲ့ သဲမြေပြင် အို .. ရိပ်ဆီ
မျှော်သူကို ကြိုနှင့်ရန် ကိုယ်လာမယ်လို့
ခုညတော့ အိပ်နိုင်မယ် မထင်ဘူး...
နှစ်ဦးတွေ့တဲ့ ညနေကို ပြန်တွေးရင်း
စကားလက်စ မသတ်နိုင်အောင် လေပြည်သွေး
လမ်းတ၀က်ထိ ကိုယ့်ကို ပြန်ပို့ရင်း ဆို
နေညိုချိန် နေ့ကူးရင် မျှော်နေမယ်လို့
ဆက်ဆက်တော့ ရောက်အောင် လာမယ်မေ...
အသည်းရင် လှိုင်းခတ်သံ
အတူဆုံရင် အပြုံးတွေ နှုတ်ဆက်မယ်လေ
တို့ဘ၀အတွက် ခဏတာ သည်အချိန်လေး အတွင်းမှာ
အချစ်ခွန်အား ရင်ဆိုင်ထား.. ...
အလှမ်းဝေးတဲ့ ညရယ် ကုန်ပါတော့ကွယ်
ကြားရတဲ့ ရထားသံ ရင်ခုန်သံအလား
စစ်ကိုင်းလမ်းသို့ သွားချိန် တန်ပြီလားကွယ်
သယ်ဆောင်ရာ အိတ်လည်း ပြင် ယာဉ်မြန်ကိုစီး
ခရီးထွက်ဖို့ တို့လာနေပြီလေ... ...
ဒေါင်းလုပ်ဆွဲချင်ရင်တော့ ဒီမှာ သွားဆွဲနိုင်ပါတယ်။
|
Mar 8, 2009
စံပယ်ပွင့်ပြီ မောင်
(ပေးစာတွေတိုင်း တပွင့် စံပယ် ထည့်ကာရယ်
မေလေ အချစ်စစ်ရယ် အမှတ်နဲ့ သာပင်တကယ်
အစဉ်ကွယ် ၀တ္တရား တရပ်သို့ ပို့ဆဲကွယ်
ရက်တွေ လတွေ ပြောင်းရွေ့ပေမယ့် သစ္စာစစ်နဲ့ ချစ်နေမယ်)၂
စပယ်လေး ပမာနှယ် ချစ်သူဟာလည်း ပုလဲလို ဖြူနုတယ်
ပိုက်ထွေးကာရယ် ကိုယ့်ရင်မှာပဲ ထားမယ်လို့ဆိုတယ်
စံပယ်ပွင့်ရင်ကွယ် မောင့်ကိုသာပဲ လွမ်းကာ မျှော်ရတယ်
အလှဆုံး ငွေစံပယ် ရွေးသီပါလို့ မေ့ဆံမြညှာဝယ်
ကနွဲ့ကရ ရစ်ကာ မောင်ရယ် ကြင်နာ အစဉ်သာတကယ်
သစ္စာနဲ့ပဲ မောင့်ကို စောင့်ကြိုမယ်
စံပယ်တွေ ပွင့်တော့ကွယ် ဆက်ဆက် လာပါမယ်
ဆိုတဲ့ ကတိစကားများကြောင့် မျှော်ဆဲကွယ်
မုန်းမေ့မရနိုင် ချစ်ရသူမို့ တပွင့် စံပယ်လေး သက်သေကွယ်
ဒေါင်းလုပ်ဆွဲချင်ရင်တော့ ဒီမှာ သွားယူနိုင်ပါတယ်။
|
Jan 30, 2009
သိလား
သီချင်းကိုတော့ ကျနော် ကြိုက်နှစ်သက်သလို Percussion လေးနဲ့ Intro ကို စလိုက်ပြီး ကျနော် ကြိုက်နှစ် သက်သလို အဆုံးသပ်ထားပါတယ်။ ATN Version ပါ...
အဆိုကတော့ သိပ်မကောင်းတော့ သည်းခံခွင့်လွှတ် နားဆင်ကြပါပေါ့လေ...း)
သူငယ်ချင်းတွေ ညီအကို မောင်နှမတွေကို ဖျော်ဖြေချင်တဲ့ စေတနာက အရင်းခံ မဟုတ်လား။
အားလုံးပဲ ချမ်းမြေ့ကြပါစေ... ။
သိလား
နေ့ရက် အချိန်လေးတွေ ပြောင်းပေမယ့်
နှလုံးသားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှမမေ့နိုင် သိလား...
အိပ်မက်ချိန်ထဲမှာ တွေ့ပေမယ့်
တရေးနိုးတဲ့ အခါ ကွယ်ပျောက်သွားမှာ တကယ်နှမျောမိတယ် သိလား...
ချစ်ရတဲ့ သူ့ကို ဒါတွေသာ ပြောခွင့်ရရင်
အကြင်နာရမလား ရင်အနာရမလားကွယ် သိလား...
သူ့ရဲ့ အသံလေးတွေ ကြားနေဆဲ နားထဲမှာ
အချစ်ဆုံးကို ဘယ်လိုမှ မဖျောက်နိုင် သိလား...
အထီးကျန်ဇာတ်လမ်းကို ဆက်ချင်လည်း သူ့စိတ်ထဲမှာ
ဘယ်လိုရှိမယ် ကြိုတင်မတွေးရဲပါ သိလား ...
သူ့တစ်ယောက်ကလွဲရင် ဘယ်သူမှ ချစ်လို့မရပါ
သူသိသားနဲ့ နေနိုင်လား အချစ်ရယ် သိလား...
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ဒီသီချင်း အဓိပ္ပါယ်သိပါစေ
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ရည်ရွယ်တဲ့ အကြောင်းကို
သူ... မြန်မြန်သိပါစေ... သူ... မြန်မြန်ကြားပါစေ...
အကြင်နာရမလား... ရင်အနာရမလား... သိလား...
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ဒီသီချင်းအဓိပ္ပါယ်သိပါစေ
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ရည်ရွယ်တဲ့ အကြောင်းကို
သူ... မြန်မြန်သိပါစေ... သူ... မြန်မြန်ကြားပါစေ
နေ့ရက်အချိန်လေးတွေ ပြောင်းပေမယ့်
နှလုံးသားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှမမေ့နိုင် သိလား...
အိပ်မက်အချိန်ထဲမှာ တွေ့ပေမယ့်
တရေးနိုးတဲ့ အခါ ကွယ်ပျောက်သွားမှာ တကယ်နှမြောမိတယ် သိလား...
ချစ်ရတဲ့ သူ့ဆီ... လိုချင်တာ... တောင်းခွင့်ရရင်...
အကြင်နာသစ်ဆု... အကြင်နာသစ်ဆုကို... တောင်းမယ်...
Jan 26, 2009
လေးမြားတလက်နဲ့သီချင်းသည်
Instrument အားလုံးကို 4-Track Recorder နဲ့ ဖမ်းထား ပါတယ်။ Rythm Guitar က Fender Stratocaster ပါ။ Boss PH-3 Phase Shifter တပ်ပြီး တီးပါတယ်။ Lead Guitar ကတော့ Jackson Dinky II ပါ၊ Boss DS-2 Turbo Distortion နဲ့ တီးထားတာပါ။ Bass Guitar ကတော့ Fender Precision ပါ။ Boss GEB-7 Bass Equalizer တပ်ထားပါတယ်။ Drums ကတော့ လုံးဝ မတီးတတ်လို့ Alesis SR-16 Drums Machine ကို သုံးထားတာပါ။ Keyboard ကတော့ Yamaha PSR ပါ။ သိပ်မတီးတတ်လို့ Chord လောက်ပဲ Backing တီးထားပါတယ်။ အားလုံး တီးပြီးသွားတော့ Vocal ကို PC ပေါ်မှာ Record လုပ်ပြီး MixDown လုပ်ထားတာပါ။ Vocal ကတော့ သိပ်မကောင်းပါ။
ကျနော်တို.ခေတ်မှာ ခိုင်ထူးဆိုတာ အလွှမ်းမိုးဆုံး အဆိုတော် တဦးပါပဲ၊ သူ့သီချင်းတွေ များစွာ ထဲမှာ ဒီသီချင်းက ကျနော့်တို့ ဘ၀တွေနဲ့ တူနေတယ်လို့ ခံစားရပါတယ်၊ ဒါကြောင့် ဒီ သီချင်း ကို ကိုယ်တိုင် ပြန်ဆို တီးခတ်မိတာပါ၊ သီချင်းရေး ဆရာက ကိုမောင်မောင်ပါ။
သီချင်းတပုဒ်လုံးရဲ. အစီအစဉ်တွေကို ကျနော် မမှတ်မိတော့ပါ။ ဒါကြောင့်မို့ မှတ်မိတဲ့ အဓိက နှစ်ပိုဒ်ကိုပဲ ပြန်တီးခတ် ထားပါတယ်။
လေးမြားတလက်နဲ့ သီချင်းသည်
တိတ်ဆိတ်တဲ့ခြေလှမ်းရဲ.လျှပ်တိုက်သံ... နားကို... စွင့်ကာ...
ရောင်နီ မလာခင်... ကျေးငှက်တို့ရဲ့...
တေးသွားလေးကို... စည်းချက်တွက်ကြည့်ကာ...
ကြားမှာ... သံစဉ်ဖြည့်လိုက်တယ်...
သာယာတဲ့ နေ့သစ်ရဲ့အစ... တည်ငြိမ်ဆဲ... အခိုက်အတန့်မှာ...
တေးသံကို... ရှာဖွေရေးမှတ်ရင်းနဲ့... သီချင်းပုံစံ... သီကာ... ငြည်းမိတယ်။
စိတ်ချတဲ့လူရင်းမို့... ဖွင့်ဟကာ... မေးမယ်... ပြောလေ...
အားသစ်နဲ့ ခြေလှမ်းရဲ့ တက်ကြွသံ... ကြားရင်... သိမယ်...
တောင်စဉ်ခွန်နှစ်သွယ်... လှမ်းတက်ဖို့အတွက်...
ခရီးကြမ်းလမ်းကို... ထိုးဖောက်ရောက်ခဲ့ရင်...
သင့်ကို... ရှေ.မှာ ကြိုဆိုကြလိမ့်မယ်...
ရင်ဆိုင်မယ့် နေ့မရှိတဲ့ည... ငြိမ်သက်ဆဲ... အခိုက်အတန်.မှာ...
ဘေးရန်ကို... တင်ကြိုမှန်းဆရင်းနဲ့... မြားအိမ်ကို... လွယ်ကာ... ထွက်ခဲ့တယ်။
Dec 21, 2008
Canon in D
အောက်မှာ... စိတ်ဝင်စားလို့... ပြန်တီးချင်တဲ့သူတွေ... တီးနိုင်အောင်... ကျနော့် သီချင်း စာအုပ်ထဲက... စာမျက်နှာတွေကို... မျှဝေပေးလိုက်ပါတယ်...။
အပိုင်း (၁)

အပိုင်း (၂)

အပိုင်း (၃)

Dec 12, 2008
နောက်ထပ် ခရစ်စမတ် လက်ဆောင်
တကယ်တော့... ကျနော်ကလည်း... ကိုဂင်ကြီးလိုပါပဲ... ၀ါသနာရှင်ပါ... ။ ပညာရှင် မဟုတ်ပါဘူး...။ ပြီးတော့... ဂစ်တာ မတီး ဖြစ်တာကလည်း... နှစ်ပရိစ္ဆေဒ... ကြာနေပြီ ဆိုတော့... touching တွေလည်း... သိပ် မကောင်းတော့ပါဘူး...။ (အရင်တုန်းကတော့.. ကောင်းသလိုလို... ) သို့သော်လည်း... ကျနော့် သူငယ်ချင်းကို... ပျော်ရွှင်ကြည်နူးစေချင်တဲ့... စေတနာနဲ့တော့... တီးထားတာပါ...။ တတ်နိုင်သမျှ... mood လေးတွေ.. ထည့်ပြီး.. တီးထားပါတယ်...။
ဘာပဲဖြစ်ဖြစ်.. သူငယ်ချင်းရေ... ဒီ ခရစ်စမတ် လက်ဆောင်ကိုတော့... သည်းညည်းခံပြီး... ယူလိုက်ပါနော...း)
ကျန်တဲ့... သူငယ်ချင်းတွေအတွက်လည်း... ကျနော့်ရဲ့... နောက်ထပ်... ခရစ်စမတ် လက်ဆောင်အဖြစ်... သည်းခံ... ခွင့်လွှတ်... (နားပိတ်...) နားဆင်ကြပါဗျာ... ။ ဘာပဲ ဖြစ်ဖြစ်... စေတနာက... အရင်းခံ မဟုတ်လား...း)
ကြုံတုန်းလေး... keyboard ရှည်ပြီး... ပြောပြရရင်တော့... ဒီသီချင်းကို... ဂစ်တာတီးသူတိုင်း... နှစ်နှစ်သက်သက်... မက်မက် မောမော... ရာစုနှစ်ပေါင်းများစွာ... ကြာအောင်... တီးခဲ့ကြပေမယ့်လည်း... ဒီသီချင်းရဲ့ဖခင်ဖြစ်တဲ့... composer အမည်ကိုတော့... ဘယ်သူမှ... မသိကြပါဘူး...။ Romance by Anonymous လို့ပဲ... အားလုံးက... သိခဲ့ကြပါတယ်...။ ၀မ်းနည်းစရာ တခုပေါ့လေ...။
ပြန်တီးချင်ကြသူများ... ပြန်တီးနိုင်အောင်... ကျနော့်... သီချင်းစာအုပ်ထဲက... ဒီသီချင်းရဲ့.. စာမျက်နှာ ၂ ခုကို.လည်း.. ပြန်လည် ဝေမျှပေးလိုက်ပါတယ်...။
အချစ်ဆုံး သူငယ်ချင်း အပါအ၀င်... သူငယ်ချင်း... အားလုံးပဲ... ချမ်းမြေ့ကြပါစေ။


Dec 20, 2007
လေးမြားတလက်နဲ.သီချင်းသည်
အိပ်မရတဲ့အတူ မထူးတော့တဲ့ညမို.၊ တံခါးကို၊ ဖွင့်ကာ၊ တိတ်ဆိတ်တဲ့ခြေလှမ်းရဲ.လျှပ်တိုက်သံ၊ နားကို၊ စွင့်ကာ၊ ရောင်နီ မလာခင် ကျေးငှက်တို.ရဲ.၊ တေးသွားလေးကို စည်းချက်တွက်ကြည့်ကာ၊ ကြားမှာ သံစဉ်ဖြည့်လိုက်တယ်။ သာယာတဲ့ နေ.သစ်ရဲ.အစ တည်ငြိမ်ဆဲ အခိုက်အတန်.မှာ တေးသံကို ရှာဖွေရေးမှတ်ရင်းနဲ့သီချင်းပုံစံ သီကာ ငြည်းမိတယ်။
စိတ်ချတဲ့လူရင်းမို. ဖွင့်ဟကာ၊ မေးမယ်၊ ပြောလေ၊ အားသစ်နဲ.ခြေလှမ်းရဲ.တက်ကြွသံ၊ ကြားရင်၊ သိမယ်၊ တောင်စဉ်ခွန်နှစ်သွယ်လှမ်းတက်ဖို.အတွက်၊ ခရီးကြမ်းလမ်းကို ထိုးဖောက်ရောက်ခဲ့ရင်၊ သင့်ကို၊ ရှေ.မှာ ကြိုဆိုကြလိမ့်မယ်၊ ရင်ဆိုင်မယ့် နေ.မရှိတဲ့ည ငြိမ်သက်ဆဲ အခိုက်အတန်.မှာ ဘေးရန်ကို တင်ကြိုမှန်းဆရင်းနဲ. မြားအိမ်ကို လွယ်ကာ ထွက်ခဲ့တယ်၊
ကျနော်တို.ခေတ်မှာ ခိုင်ထူးဆိုတာ အလွှမ်းမိုးဆုံး အဆိုတော်တဦးပါပဲ၊ သူ.သီချင်းတွေများစွာထဲမှာ ဒီသီချင်းက ကျနော့်တို.ဘ၀တွေနဲ. တူနေတယ်လို. ခံစားရပါတယ်၊ ဒါကြောင့် ဒီသီချင်းကို ကိုယ်တိုင် ပြန်ဆို တီးခတ်မိတာပါ၊ သီချင်းရေးဆရာက ကိုမောင်မောင်ပါ၊
သီချင်းတပုဒ်လုံးရဲ. အစီအစဉ်တွေကို ကျနော်မမှတ်မိတော့ပါ။ ဒါကြောင့်မို. မှတ်မိတဲ့ အဓိက နှစ်ပိုဒ်ကိုပဲ ပြန်တီးခတ်ထားပါတယ်။