Jan 31, 2008
ရန်ကုန်
နေ.
ည
နာရီ နဲ.
ရာသီတံခါးအထပ်ထပ်
အစောင့်အကြပ်မဲ. ...
ဒီရေ
အစုန် အဆန်
ပုံမှန် စီးဆင်းမှု
လွင့်ပါးတတ်သော ဖုန်ထုများနဲ.
တခုသောဆောင်း
မောင်းနှင် ....
ဒီမှာတော့ နေ.အလင်း
တဖြည်းဖြည်း
ဝေးသွားမယ့် ရှုခင်းထဲ
ခုန်ချဆင်းသွား
ဆောင်းခိုသူများက
မေ့ထားကြလို. ... ။
ATN
Jan 30, 2008
သံပတ်
လ တလုံးကို
ပုခုံးမှာချိတ်-
တိုးတိတ်လွင့်မျော
အိပ်ပျက်မောလျ
ဒေါနငှက်တကောင်ဟာ
ကဗျာလှေတစင်းထက်
ဆက်လက်ရှင်သန်ခြင်းတေး
သောင်ရင်းနံဘေးမှာ ဖွဲ.ဆိုရဲ. ..
အငြိုး အမုန်းနဲ.
နေ.မျက်လုံးထဲ
ညသဲတွေသွန်ချသွား
ကာလယန္တားလက်ချက်မှာ
အမျက်ထွက်တဲ့ ပျားတအုပ်လေ
မတုပ်လိုက်ရလို.
ဒေါသ ဂ၀ံမြေနဲ.ဖို.
နေနှင့်ဦးပေါ့မြို.ကို ဆောက်နေခဲ.၊
ဒီမှာတော့
မီးဝါတလုံး လင်းလက်တပ်ဆင်
ဒီလို နေ.ကွင်းပြင်များကို ချစ်တတ်လို.
အတောင်ဖြတ်ခံရလိပ်ပြာတကောင်
ကာလနှောင်အိမ်ထဲ
ပျံဝဲခြင်းဓါးတလက်ကို
ခါးသက်မှုမှာ သွေးရလွန်းလို.
ပွန်းပဲ.နာကျင်၊
ဒီလိုနဲ.
နာရီတလုံးရဲ.လည်ပတ်မှုမှာ
တစုံတခုကို
လိုအပ်လာရပေတော့တယ်။
ATN
ဖခင်တိုင်းရဲ.ဒုက္ခ
ဒီစာကတော့ ကိုယောရဲ. ဖခင်တယောက်ရဲ.ဒုက္ခကို ဖတ်မိတော့ ရေးချင်စိတ်ပေါ်လာလို. ရေးဖြစ်ခဲ့တာပါ၊
ကျနော့်မှာ သား(၃) ယောက်ရှိပါတယ်၊ အငယ်ဆုံးတယောက်ကတော့ အခု ဇန်န၀ါရီ (၂၃) မှာမှ မွေးတာပါ၊ သူ.ကို မွေးလို.ပဲ ကျနော့်မှာ Vacation (၂) ပတ်ရတာပါ၊ ဒါကြောင်.မို.လည်း ကျနော့် ဘလော့မှာ ပို.စ်အသစ်တွေတင်ဖို. အချိန်ရဖြစ်တာပါ၊
ကျနော့် မိသားစုဘ၀ကို စဖြစ်တဲ့ အချိန်က ၁၉၉၆ ထဲမှာပါ၊ ကျနော့်ဇနီးသည် ကိုယ်ဝန်ရလာတော့ မွေးဖွားမယ့်ရက်ကို ဆရာဝန်က ခန်.မှန်းပေးပါတယ်၊ ၁၉၉၇ သြဂုတ်လ ပထမပတ်နဲ. ဒုတိယပတ်ကြားထဲမှာတဲ့၊ ၁၉၉၇ ဆိုတာ ကျနော်တို.ရဲ့ ရှစ်လေးလုံး အရေးတော်ပုံ (၉)နှစ်မြောက်တဲ့နှစ်ဖြစ်ပါတယ်၊ ကျနော်ကတော့ နောက်သလို ပြောင်သလိုနဲ. - ဟေ့-မွေးချင်းမွေးရင် ရှစ်လေးလုံး ကိုးနှစ်မြောက်မှာ ငါ့သားကိုမွေးမယ်ကွာ-လို. ကြွေးကြော်ခဲ့တယ်၊ တကယ်ကတော့ သား မွေး မှာလား၊ သမီးမွေးမှာလားတောင် မသိပါဘူး၊ ဒီလိုနဲ. သြဂုတ်လ (၈)ရက်နေ. မနက် ဆယ်နာရီခွဲမှာ ကျနော့်ဇနီးသည်က ကျနော့်ကို ဖုန်းဆက်ပြောလာပါတယ်၊ -ပါပါး စနိုး ဗိုက်နာနေပြီ။ မွေးတော့မယ်ထင်တယ်၊ အိမ်ပြန်လာခဲ့၊ - ဒီလိုနဲ. ညနေ (၅) နာရီ (၁၇)မိနစ်မှာ ကျနော့် သားကြီးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို.မှာ မွေးဖွားခဲ့ပါတယ်၊ (သူ.ကို မွေးဖွားစဉ်က ဒုက္ခသည် မိသားစု အနေနဲ. ကျနော်နဲ. ကျနော့် ဇနီးသည် ကြုံတွေ.ခဲ့ရတဲ့ အဖြစ်အပျက်တွေကို သပ်သပ်ရေးပါဦးမယ်၊) ကျနော့်ဇနီးသည်က သားကြီးကို -မင်းဆက်အောင်-လို. အမည်ပေးခဲ့ပါတယ်၊ ရှစ်လေးလုံး (၉)နှစ်မြောက်တဲ့နေ.မှာ မွေးလို. ကျနော်တို.ဥက္ကဌ ကိုမိုးသီးဇွန်ကတောင် -ငါတို.တိုက်ပွဲက ရှည်ကြာဦးမယ့်အဓိပ္ပါယ်ပဲလို. ပြောခဲ့ပါသေးတယ်၊
ဒီလိုနဲ. ကျနော့်သားကြီး မင်းဆက်အောင်ဟာ ထိုင်းနိုင်ငံထဲမှာ ကြီးပျင်းခဲ့ရပြီး ၂၀၀၀ ခုနှစ် ဇန်န၀ါရီလမှာ အမေရိကကို အခြေချခွင့်ရခဲ့ပါတယ်၊ ထိုင်းနိုင်ငံမှာရှိနေတုန်းမှာ ထိုင်းစကားတချို.ကို နားလည်နေခဲ့တဲ့ ကျနော့်သားဟာ အမေရိကကိုရောက်တော့ အမေရိကန်စကားကို နားလည်ဖို. ကြိုးစားရပါတော့တယ်၊ အမေရိကကို ကျနော်ရောက်တဲ့အချိန်မှာ သားကို နေ. ကလေးထိန်း (Pre-School) မှာထားပြီး ကျနော်က တပတ် (၆)ရက် အလုပ်သွားလုပ်ရပါတယ်၊ ဒီလိုနဲ. ကျနော့်သားဟာ နေ.စဉ်နဲ.အမျှ အမေရိကန်စကားကို ကြားနေခဲ့ရပါတယ်၊ အဖေအမေက ဗမာလိုပြော၊ သူတက်ရတဲ့ ကျောင်းက အမေရိကန်လိုပြော။ သူနားလည်ကြားနာဖူးတာက ထိုင်းစကား၊ အဲဒီလိုရှုပ်ထွေးနေတဲ့ ဘာသာစကား ပဋိပက္ခထဲမှာ သူ.ဖာသာသူလျှာတွေ.သွားတာကတော့ အမေရိကန် စကားပါပဲ၊ ဒါကတော့ ကျနော့် စိတ်ဆန္ဒလည်း မပါပါဘူး။
အိမ်မှာ ကျနော့်သားကို ကျနော်က ဗမာလိုပြော။ သူက ကျနော့်ကို အမေရိကန်လိုပြန်ပြော၊ သူ.ကို ဗမာလိုပြောခိုင်းတဲ့အခါ သူပြောတဲ့ဗမာစကားကို သူ.အမေက ရီ၊ ဒီလိုနဲ. ကျနော့်သားဟာ ဗမာလို အပြောနည်းသွားခဲ့တယ်၊ ကျနော်ကလည်း စားဝတ်နေရေးအတွက် အလုပ်တွေ အချိန်ပြည့် လုပ်နေရတဲ့အခါ သားကို ဗမာလို သင်မပေးနိုင်ခဲ့ဘူး၊ ဒီလိုနဲ.ပဲ ဗမာပြည်သား မိသားစုက မွေးခဲ့တဲ့ ဗမာကလေးတယောက်ဟာ ဗမာစကားပြောဖို. အရမ်းခက်ခဲနေတော့ရဲ.၊ တွေးမိတိုင်း ရင်ထဲမှာ တစစ်စစ် နာကျင်ကိုက်ခဲတယ်၊
တခါတလေ အချိန်ရတဲ့အခါ သားကို ကျနော်က ပြောပြတယ် - သား မင်းဟာ ဗမာ။ မင်းဗမာ စကား ပြောတတ်ရမယ်၊ သူက ပြန်ပြောပါတယ် - I want to but Moemoe laugh at me whenever I speak in Burmese. That's why I don't want to speak Burmese. ကျနော်က သူ.ကိုရှင်းပြရတယ်၊ Hey! Don't take it like that, 'cause it is really very cute when you speak in Burmese and you have an accent. That is why your mom laugh at you and it is not really to be upset.
ဒါပေမယ့် ကျိန်းသေတာ တခုက ကျနော်တို.သားအဖနှစ်ယောက်ရဲ. ဆက်ဆံရေးမှာ ဘာသာစကားနှစ်ခုက ခြားနားခဲ့တာ ဘယ်လိုမှ ငြင်းလို. မရနိုင်တော့ပါဘူး၊ အခါအခွင့်သင့်တယ်လို.ထင်တိုင်း ကျနော်တို.ရဲ.သမိုင်းကို သားကြီးနားလည်အောင် ကြိုးစားခဲ့တာ အခါခါ။ သူနားလည်သမျှကတော့ ဗမာစစ်တပ်၊ ဗမာအစိုးရ မကောင်းဘူး၊ သူ.အဖိုးနဲ.သူ.အဖွားကို ထောင်ချတယ်၊ သူ.ဦးလေးကို ထောင်ချတယ်၊ မိသားစုတွေကို တကွဲ တပြားဖြစ်အောင်လုပ်တယ်၊ ဒါကလွဲလို. အမေရိက သမိုင်းထက် ထူးခြားတယ်လို. မထင်ပေဘူး၊
တခါခါ အမေရိကန် ပြည်တွင်းစစ်အကြောင်း၊ ကမ္ဘာစစ်အကြောင်း၊ သူ.ကျောင်းစာမှာ ပါလာတုန်း ကြုံကြိုက်တုန်း ဗမာပြည် ပြည်တွင်းစစ်အကြောင်း သူ.နားထဲ ကျနော် ထောင်းထည့်ခဲ့ဖူးတယ်၊ ဒါပေမယ့် သူ.အမေးတွေမှာ ကျနော့်မှာ ဖြေစရာမရှိ၊ ဝေဒနာအတိ၊ - ဘယ်သူက ပြည်တွင်းစစ်ကို စတာလဲ၊ ဘာ့ကြောင့်ပြည်တွင်းစစ်က ဖြစ်တာလဲ၊ ပါပါးက ဘာကြောင့် ပြည်တွင်းစစ်ထဲ ၀င်ပါတာလဲ၊
ပြဿနာက သူ.မေးခွန်းအကုန်လုံးကို သူ နားလည်အောင် ကျနော်က မရှင်းပြနိုင်ဘူး၊
အထူးသဖြင့် အမေရိကန်လိုပေါ့၊ ဗမာလိုတော့ ရည်ရည်လည်လည် ကျနော်ရှင်းပြနိုင်တာပေါ့၊
ကျနော်က ဗမာလေ၊
ကမောက်ကမပညာရေးအကြောင်း
ဟိုးတရက်က ဘလော့တွေရှောက်လည်ရင်းနဲ. မကေသွယ့် ဘလော့က ဂေး ဆိုတဲ့ပို.စ်တခုကို ဖတ်မိရင်း ဒီစာကို ရေးဖြစ်တာပါ၊ ကျနော့်မှာက မိသားစုအတွက် အလုပ်နှစ်ခု လုပ်နေရသူဖြစ်လေတော့ အချိန်ပိုက အင်မတန်နည်းလှပါတယ်၊ နားရက်ကလေး တပတ်မှာ တခါရတဲ့အချိန်ကျမှ အွန်လိုင်းသွားနိုင်တာပါ၊ ဒီတော့ ပို.စ်အသစ်တခု တင်ဖို.အချိန်နည်းလှပါတယ်၊
မကေသွယ်ရည်ညွှန်းတဲ့ ဆရာအကြောင်းဖတ်မိရင်းနဲ. စစ်အစိုးရလက်အောက်မှာ ကမောက်ကမဖြစ်နေရတဲ့ ကျနော်တို.မျိုးဆက်ရဲ. ပညာရေးအကြောင်း တစွန်းတစတွေးမိပါတယ်၊
မကေသွယ်ပြောတဲ့ ဆရာရယ်၊ ဆရာဦးချိုဦးရယ်ဟာ ၁၉၈၃ခုနှစ် ကျနော်တို. တတိယနှစ် ဘူမိဗေဒကျောင်းသားတွေ ကွင်းဆင်းတော့ ရေပေါင်းစုံစခန်းကို အုပ်ချုပ်ခဲ့တဲ့ဆရာတွေပါ၊ ဆရာက ကျောက်ဖြစ်ရုပ်ကြွင်းပညာ သင်ပါတယ်၊
၁၉၇၉-၈၀ ပညာသင်နှစ်မှာ ကျနော် ဆယ်တန်းအောင်ပါတယ်၊ အဲဒီအချိန်မှာ ဒေသကောလိပ်စနစ်ကို စစ်အစိုးရက ကျင့်သုံးနေတဲ့အချိန်ပါ၊ ဆယ်တန်းအောင်ရင် တက္ကသိုလ်ဆက်မတက်ရသေးဘဲ ဒေသကောလိပ်တွေမှာ (၂)နှစ် အရင်တက်ရပါတယ်၊ စနစ်ကိုလည်း သိပံ္ပနဲ. ၀ိဇ္ဇာဆိုပြီး နှစ်မျိုးခွဲထားပါတယ်၊ အဲဒီအထဲမှာမှ သိပ္ပံ (ဇီဝ) နဲ. သိပ္ပံ (သင်္ချာ)၊ ၀ိဇ္ဇာ (ရိုးရိုး) နဲ. ၀ိဇ္ဇာ (သင်္ချာ) ဆိုပြီး ထပ်ခွဲထားပါတယ်၊ ဆရာဝန်လိုင်းကို သွားချင်သူများအဖို. သိပ္ပံ (ဇီဝ)ကို ယူရပါတယ်။ အင်ဂျင်နီယာလိုင်းသွားချင်သူများကတော့ သိပ္ပံ (သင်္ချာ)ယူရပါတယ်၊ ဒီလိုနဲ. ကျနော်က သိပ္ပံ (သင်္ချာ)ယူခဲ့ပါတယ်၊ အင်ဂျင်နီယာကြီးလုပ်မယ်ပေါ့။ သိပ္ပံ (သင်္ချာ)နဲ. ဒုတိယနှစ်အောင်တဲ့အခါကျတော့ တက္ကသိုလ်ဝင်လျှောက်လွှာမှာ ကိုယ်လိုချင်တဲ့လိုင်း(ဘာသာ)ကို ထိပ်ဆုံးကနေတင်ပြီး လျှောက်ကြရပါတယ်၊ စစ်အစိုးရရဲ.စနစ်အရ အမှတ်အနည်းအများနဲ. လိုင်းကိုခွဲခံရပါတယ်၊ ကျနော်လျှောက်လွှာဖြည့်စဉ်မှာ အရှေ.ကနောင်တော်များက သူတို.အတွေ.အကြုံတွေအရ `မင်းအမှတ်က ဒါမ၀င်နိုင်ဘူး။ ဒါဝင်နိုင်တယ်၊ ဒါကို ဦးစားပေးလျှောက်` စသည်ဖြင့် အကြံဉာဏ်တွေပေးကြပါတယ်၊ သူတို.က ကျနော့်ကို အာခီတက်က်ခ် (ပိသုကာ) ဦးစားပေးလျှောက်စေချင်ကြတယ်၊ ဒါပေမယ့် ကျနော်က နားမထောင်ပါဘူး။ မက်ကဲန်နစ်ကယ်ကို ပထမဆုံးရေးတယ်၊ ပြီးတော့ အီလက်ထရစ်ကယ်လ်၊ စသည်ဖြင့် ဖြည့်လိုက်တယ်၊ စိတ်ထဲမှာ ထင်နေတာက -ငါအနည်းဆုံးတော့ မက်တယ်လော်ဂျီ ၀င်မှာပါ၊-ဆိုပြီး အာခီတက်ခ်ကိုတောင် လျှောက်လွှာထဲမှာ မထည့်လိုက်ဘူး၊ ပြီးမှ လျှောက်လွှာကို ပြန်ဖတ်ပြီး ဘာစိတ်ကူးပေါက်မိတယ်မသိပါဘူး နောက်ဆုံးနှစ်ခုအနေနဲ. ဘူမိဗေဒနဲ. အီးမေဂျာ ကိုထည့်ရေးလိုက်တယ်၊
နောက်တော့ ကိုယ်တက်ခွင့်ရတဲ့လိုင်းတွေကို ကြေညာတော့ - အလိုလေး- ကျနော်က ဘူမိဗေဒထဲ ရောက်နေပါရောလား။ အဲဒီအချိန်ကျမှ နောင်တော်တွေလျှောက်ခိုင်းတဲ့ အာခီတက်ခ်ကို လွမ်းလိုက်ရတာ၊ ငါလျှောက်လိုက်မိရင် အာခီတက်ခ်တော့ ရမှာပဲလို. နောင်တရလိုက်သေးတယ်၊ အမှန်ကတော့ ကျနော့အမှတ်နဲ. အာခီတက်ခ်လည်း ရနိုင်မယ်မထင်ပါဘူးလေ။
ပြောရဦးမယ်။ ဘူမိဗေဒဆိုတာ ဘာမှန်းတောင် အဲဒီအချိန်က ကျနော်မသိပါဘူး၊ ဒါပေမယ့် ဘူမိဗေဒတို. သစ်တောတို.က တက်ခွင့်ရတဲ့စာရင်းထဲမှာ ကိုယ့်နံမည်ပါရုံနဲ. တက်ခွင့်မရသေးပါဘူး၊ မိုင်(၂၀) အရင်လမ်းလျှောက်ပြရပါသေးတယ်၊ (၆)နာရီအတွင်း မိုင်(၂၀)လျှောက်ပြီးတော့မှ တရားဝင်တက်ခွင့်ရတာပါ၊ တချို.တွေဆို မလျှောက်နိုင်လို. မေဂျာပြောင်းသွားကြရပါတယ်၊
ဒီလိုနဲ. ဘူမိဗေဒတတိယနှစ်ကို ရာဇူးက မန္တလေးဆောင်မှာ တက်ရပါတယ်၊ ကျနော် မှတ်မိသလောက် တတိယနှစ်မှာ ဘူမိဗေဒဘရန်.ခ်ျတွေ (၁၃)ခုလားမသိ သင်ယူရပါတယ်၊ မကေသွယ်ပြောတဲ့ ဆရာက အဲဒီဘရန်.ခ်ျတွေထဲက တခုဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပညာကို သင်ပါတယ်၊ ကျနော့်အတွက်တော့ အလွန်စိတ်ဝင်စားစရာ ဘာသာရပ်ဖြစ်သွားပါတယ်၊ အဲဒါကြောင့်ပဲထင်ပါတယ် တတိယနှစ်စာမေးပွဲမှာ ကျောက်ဖြစ်ရုပ်ကြွင်းပညာ ကျနော် ဂုဏ်ထူးရလိုက်ပါသေးတယ်၊
၁၉၈၄မှာ နောက်ဆုံးနှစ် ဘူမိဗေဒကျောင်းသားတွေကွင်းဆင်းတော့ ကျနော်က ပင်းတယစခန်းမှာ ကွင်းဆင်းရပါတယ်၊ လူရွှင်တော် ပိန်ပိန် (ကိုအောင်ကျော်ဦး)တို.စခန်းနဲ. ကျနော်တို.စခန်းနီးပါတယ်၊
ကွင်းဆင်းရင်း ကျနော်တို.ရဲ့ပါမောက္ခ ဆရာကြီးဦဘသန်းဟက်က ပြောပါတယ်။ - မင်းတို.တွေကို ငါသနားတယ်ကွာ- တဲ့၊ မင်းတို.ဟာ (၄) နှစ်စားရမယ့် ထမင်းကို (၂) နှစ်ထဲနဲ.ပြီးအောင်စားနေကြရတော့ ထမင်းနင်နေကြတယ်-လို.ပြောရှာပါတယ်၊ ကျောင်းပြီးအောင် မြန်မြန်လုပ်ကြကွာ၊ မင်းတို.မျက်နှာတွေ နောက်နှစ်မှာ ငါမကြည့်ချင်တော့ဘူး - လို.ပြောသွားလေရဲ.၊
အမှန်ကတော့ စစ်အစိုးရဟာ ပလ္လင်ပေါ်ကို သူတက်လာကတည်းက သူ.ကို ဆန်.ကျင်ခဲ့တဲ့ ကျောင်းသားတွေကို အာဃာတကြီးကြီးထားခဲ့တဲ့အလျောက် နောက်ထပ်ပေါ်လာမယ့် ကျောင်းသားမျိုးဆက်တွေကို Degenerate (အရည်အချင်းတွေလျော့ကျအောင်) ဖြစ်အောင် ကမောက်ကမပညာရေးကို ပေးခဲ့တာပါ၊ အထကအဆင့်မှာကိုပဲ ကျောင်းစစ်လုပ်လိုက်။ အစိုးရစစ်လုပ်လိုက်။ ၀ိဇ္ဖာနဲ.သိပ္ပံတွဲလိုက်၊ ခွဲလိုက်။ နည်းမျိုးစုံသုံးပြီး စနစ်မကျတဲ့ပညာရေးကိုပဲ ကျနော်တို.မျိုးဆက်တွေ ရရအောင် စနစ်တကျကို လုပ်ခဲ့တာပါ၊
တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ်၊ အဲဒီခေတ်တွေ တလျှောက်လုံးမှာ စစ်အစိုးရအဆက်ဆက်ကို ရှေ.ဆုံးက ဆန်.ကျင်ခဲ့တဲ့ ကျောင်းသားမျိုးဆက်အားလုံးဟာ ကမောက်ကမ ပညာရေးကိုသာ ရခဲ့ကြရတာပါ၊
ဥပမာ-ကိုယ်သင်ယူလိုတဲ့ ဘာသာရပ်ကို လွတ်လပ်စွာ သင်ကြားခွင့် မရခဲ့ကြပါဘူး၊ အနောက်နိုင်ငံတွေ - ဥပမာ - အမေရိကမှာ ကိုယ် ထူးချွန်ရင်ထူးချွန်သလို ဘွဲ.တွေကို ကြိုက်သလောက်ယူလို.ရတယ်၊ ကိုယ်နှစ်သက်ရာ ဘာသာကို သင်ကြားလို.ရတယ်၊ ဒါမှလည်း ကိုယ့်ဘာသာရပ်မှာ တဘက်ကမ်းခပ်တော့မှာပေါ့၊ ကျနော်တို. မျိုးဆက်တွေမှာတော့ ရရာယူကြရင်းနဲ. -ဘွဲ.ရရင်ပြီးရောကွာ-ဆိုတဲ့ စိတ်တွေဝင်လာကြပါတယ်၊ ကိုယ်ရတဲ့ ဘာသာရပ်ကိုလည်း စိတ်မ၀င်စားတော့ စာမေးပွဲမှာ အောင်ရင်ပြီးရောကွာ ဖြစ်လာကြတယ်၊ ဘွဲ.ရ ပညာရှင်တွေသာ ဖြစ်လာတယ် ကိုယ့်ပညာရပ်မှာ ကျွမ်းဝင်မှုဆိုတာ မရှိတော့ဘူး၊ ပြီးတော့လည်း ဘွဲ.သာရတယ် အသုံးချစရာ နေရာဆိုလို. - အိမ်နံရံမှာ မှန်ဘောင်သွင်းပြီးချိတ်တာရယ်၊ မင်္ဂလာဆောင်ဖိတ်စာမှာ ထည့်တာရယ်၊ နာရေးကြော်ငြာမှာထည့်တာရယ် - ဆိုပြီး (၃) နေရာပဲရှိတယ်၊
ကြုံကြိုက်လို. ကျနော်တို.ခေတ်မှာ ယူခဲ့ရတဲ့ စစ်အစိုးရရဲ. ကမောက်ကမပညာရေးအကြောင်း တပိုင်းတစ မျှဝေကြည့်တာပါ၊

Subscribe to:
Posts (Atom)