Aug 29, 2009

Life










Life is only a poem
That I am very eager to recite,
But it becomes just a mere dream
That I am not willing to like.

Life is simply a path
That I always have to walk with someone I love,
But it becomes a bare earth
That I hardly ever meet a dove.

ATN
8/29/2009

This is my first and only poem composed in English.
If anyone translate it into Burmese for me,
it will be highly appreciated.

Aug 25, 2009

ငါနှင့်ငါသာပါသော ငါ့ကဗျာ














ငါ ရေးခဲ့တဲ့ ဇာတ်ပါပဲ...
အော်စကာတော့ မမျှော်ပါဘူး...
ဒါပေမယ့် ငါကိုယ်တိုင် ဒါရိုက်တာ လုပ်တယ်...
ငါ့ဘာသာ ငါပဲ ကိုယ်တွေခွဲလို့...
ငါ ကိုယ်တိုင်ပဲ သရုပ်ဆောင်တယ်...
ဇာတ်လိုက်ဆိုတဲ့ အကောင်တိုင်းကလည်း ငါဖြစ်လို့...
ငါ ချစ်တဲ့ မင်းသမီးတွေနဲ့ ငါတွဲပစ်လိုက်ပါတယ်...
ဂျက်ဆီကာအယ်လ်ဘာတို့...
ဂျနီဖာလဗ်ဟျူးဝစ်တို့...
ချစ်စရာလေးတွေနဲ့ပေါ့...
နောက်တော့
ငါ့ရုံမှာပဲ ငါ့ဇာတ်ကို ငါတင်ခဲ့တယ်...
ဘာလို့ဆို
တခြားရုံတွေကို ငါက အထင်မကြီးဘူးလေ...
ငါ့ဇာတ်ကို ငါကြည့်ဖို့လည်း
ငါ့ ကိုယ်ငါပဲ တိုက်တွန်း သွေးဆောင် ဖျားယောင်းခဲ့တယ်...
ငါ့ကိုယ်ငါ ဂုဏ်ယူနေမိတာကတော့
ငါ့ဇာတ်ကိုကြည့်ဖို့ ဘယ်သူတစုံတယောက်ကိုမျှ
ငါ မတိုက်တွန်းခဲ့မိတာပါပဲ...
ငါ့ ရုံဝင်ခအတွက်တော့
ငါ့ ဘ၀ကို ငါကိုယ်တိုင် ထိုးချေပြီး ပေးခဲ့ရတာပေါ့လေ...
“ကြေးကြီးလိုက်တာ-”လို့ငါ့ဘာသာငါ စိတ်ထဲမှာ ထင်နေသေးရဲ့...
ပြန်စဉ်းစားမိတိုင်းလည်း...
ငါ့ဘာသာငါ ပြုံးနေမိသေးတယ်...
ငါ့ဇာတ်ရုံကလည်း ဈေးကြီးလွန်းလှချည်လားလို့ စဉ်းစားမိရင်းနဲ့ပါ...
နောက်တော့လည်း
ငါ့ဇာတ်ကို ငါကြည့်ဖို့ ငါ့ကိုယ်ငါ တိုက်တွန်းရင်း ငါ့ရုံရှေ့မှာ ငါကိုယ်တိုင်ရောက်ခဲ့တာပေါ့...
ငါ့ရုံရှေ့ငါရောက်တော့
ငါဘာလျှောက်လုပ်တယ်ထင်လဲ...
ငါ့ရုံဝင် လက်မှတ်ကို
ငါ့ဘာသာငါ တစစီ တစစီ ဆုတ်ဖြဲပစ်လိုက်မိတာပေါ့...
ခုတော့ ငါ့ရုံထဲကို ငါ ၀င်လို့ မရတော့ဘူး....
ငါဟာ ရုပ်ရှင်ကားကောင်းကောင်းတခုအတွက် ရုံဝင်ခွင့် လက်မှတ်ပျောက်နေတဲ့ ကလေးတယောက်လို
ငိုနေမိတာပေါ့...
တကယ်တော့လည်း ငါဟာ ငါ့အရှေ့မှာပဲ
ငါ့ဘာသာငါ ထိုင်ငိုနေမိတာပါ...
ငါ့ကိုယ်ငါလည်း ချော့လို့ မရဘူး...
ငါ့အတွက် ဘယ်သူမှ မငိုကြစေလိုပါ...
ငါ့ဘာသာပဲ ငါ့အတွက်ငါ ငိုပါရစေ...
သည်ကဗျာကိုလည်း
ငါ့ဘာသာငါ ငိုနေရင်း ရေးလိုက်ပါတယ်ဆိုတာ
ငါ့ဘာသာ ငါ သိပါစေ...

ATN

Aug 24, 2009

သုံးရာသီ (အကြမ်း)

သစ်ကောင်းနဲ့ ဖုန်းမြင့် အတွက် တီးထားတာ ။ ကြာပါပြီ။ အချော မသပ်နိုင်သေးလို့ ဘလော့မှာ မတင်ဖြစ်တာ။ သစ်ကောင်းက စကားနာ ထိုးတယ် သုံးရာသီက သုံးသံသရာ ကြာမယ် ဆိုပဲ...။ တကယ့်တကယ်ကတော့ အားလုံးကို တယောက်ထဲတီးရတာ လွယ်တယ် မှတ်လို့လား...... အင်းလေ... မတီးရတဲ့လူတွေကတော့ လွယ်တယ် ထင်မှာပါ... ခုတော့ သုံးရာသီ အကြမ်းကို တင်လိုက်ပါတယ်... စိတ်ပြေလက်ပျောက်... နောက်မှ အချောသပ်ပေးမယ်... သစ်ကောင်းရေ့... ...း

Get this widget | Track details | eSnips Social DNA

Aug 23, 2009

တူ ၃ တူ

ဘာရယ်လို့တော့ မဟုတ်ပါ။ သည်လိုပဲ သူငယ်ချင်းတွေနဲ့ ဟိုပြောသည်ပြော ပြောရင်းက အိမ်ထောင်မကျသေးတဲ့ ညီငယ် တယောက်နဲ့ စကားပြောဖြစ်သွားတော့ သူနဲ့ ပြောဖြစ်တဲ့ အကြောင်းလေးတွေကို ကျန်တဲ့ ညီအကို မောင်နှမတွေနဲ့ ရှဲချင်လာလို့ သည်စာကို ရေးလိုက်ပါတယ်။ အဲသည် ညီငယ်ကလည်း သည်စကားတွေကို ရှဲဖို့ သဘောတူခဲ့ပါတယ်။ ခုတော့ သူ့ သဘောတူညီချက်နဲ့ သည်စာကို တင်လိုက်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့ ညီအကိုမောင်နှမများအတွက် မရည်ရွယ်ပါ။ အိမ်ထောင်မကျသေးတဲ့ ညီအကို မောင်နှမများ ဖတ်ဖို့သာ ရည်ရွယ်ပါတယ်။ အိမ်ထောင်သည်တဦးရဲ့ စေတနာစကားလို့ ယူဆလိုက်ပါ... ။

kaung lay: အကိုနေကောင်းလား
me: ဟေး... ကောင်းတယ်
kaung lay: ဘာလုပ်နေလဲ
me: ဘာမှ မလုပ်... အလုပ်က ခုမှ ပြန်ရောက်... အီးမေးလ်တွေ စစ်နေတာ
kaung lay: အကို့ ကလေးတွေနေကောင်းလား
me: အော... အားလုံး ကောင်းပါတယ်
kaung lay: အဲလို မိသားစု ဘ၀ကို အားကျတယ်
me: တကယ်လား... ဟ...
kaung lay: တကယ်ပါ...
me: အင်း... တကယ့် မိသားစု ဘ၀ကတော့ မင်းတို့ ထင်နေတာထက် ပိုခက်ခဲပါတယ်...
kaung lay: အင်း... ခန့်မှန်းမိပါတယ်...
me: ဟေး... ခန့်မှန်းတယ်ဆိုတာ... သေချာကို မသိလို့....
kaung lay: အကိုကလည်းဗျာ... ကျနော်က သေချာ ဘယ်လို သိပါ့မလဲ... အိမ်ထောင်သည်မှ မဟုတ်တာ...
me: အေးလေ... နင်တို့က အိမ်ထောင်ပြုချင်ကြတာမှ မဟုတ်တာ...
kaung lay: အဲလိုလည်း မဟုတ်ပါဘူး အကို...
me: အော ... အဲဆို ... အိမ်ထောင်ပြုချင်တယ်ပေါ့... ဟုတ်လား... ငါက လိုက်ရှာပေးရဦးမှာလား...း)
kaung lay: ဟုတ်ပါဘူး အကိုရ... ကျနော့ဘာသာရှာမှာပါ... ဒါမယ့် အကိုရှာပေးရင်လည်း ကောင်းတာပေါ့... ကျနော့်အတွက် သင့်တော်ရာလေး...း)
me: အေးလေ... ရှာပေးမယ်... ငါ့ ညီမလေးတွေ အများကြီး... အဲအထဲက တယောက်ယောက် နင်နဲ့ သဘောတူလိုက်မယ်လေ... နင်က ဘာတွေ ကြိုက်တတ်လဲ ပြောပြထားဦး...
kaung lay: ကျနော့ စိတ်ထဲတော့... ကျနော်ယူမယ့် မိန်းခလေးက လှစေချင်တယ်...
me: အင်း...
kaung lay: နောက် လောဘနဲရမယ်...
me: အင်း... ပြီးတော့ရော...
kaung lay: နောက် တိုင်းပြည်အပေါ်ကို ချစ်တတ်ရမယ်...
me: သည် ၃ ခုပဲပေါ့... ဟုတ်လား...
kaung lay: ဟုတ်... အကို...
me:း) အဲကောင်မလေးကို နင့်ဘာသာပဲ ရှာတော့ကွာ...း)
kaung lay:း)... အကိုကလည်း အားကိုးရမလား ပြောမိပါတယ်...း)
me: သိဘူးလေကွာ... လှလည်း လှရမယ်... လောဘလည်း နည်းရမယ်... တိုင်းပြည်အပေါ်လည်း ချစ်တတ်ရမယ်ဆိုတော့ မင့်ဟာက တောင်းဆိုချက်တွေ များလှချည်လား...
kaung lay: အဲလိုပဲ စိတ်ထဲ ရှိနေတာလေ အကိုရ...
me: အင်း... အဲဒါကြောင့် နင် လူပျိုကြီးဖြစ်နေတာ...း)
kaung lay:း) အဲလိုလည်း မဟုတ်ဘူး ထင်တယ်...
me: အေးပါ... ငါယုံထားတာလေးတွေလည်း ငါပြောဦးမယ်... မင့်ဘာသာစဉ်းစားပေါ့... ဟုတ်လား...
kaung lay: ဟုတ်... အကို...
me: တူ (၃) တူ လို့ အကိုကတော့ နံမည် ပေးထားတယ်...
kaung lay: ဟုတ်... အကို...
me: (၁) ဘ၀ တူသင့်တယ်
(၂) ၀ါသနာတွေ အကြိုက်တွေ တူသင့်တယ်
(၃) ကိုးကွယ်ရာ ဘာသာ တူသင့်တယ်
ကျန်တာတွေကတော့ မလိုဘူးထင်တယ်
kaung lay: ဟုတ်ကဲ့...
me: ဘ၀ မတူတဲ့အခါ ရေရှည်မှာ နားလည်မှုဆိုတာ ဘယ်လိုမှကို ရှိလာတော့မှာ မဟုတ်ဘူး
kaung lay: အမှန်တွေပေါ့ဗျာ
me: ခဏတဖြုတ်ကတော့ နားလည်မှုကို ပေးနေနိုင်တယ်လေ
ဒါပေမယ့် နားလည်မှုဆိုတာက အချိန်ကာလက စားသောက်တာကို ခံနီုင်တဲ့ အရာမျိုး မဟုတ်ဘူး
kaung lay: ဟုတ်ပါ့ဗျာ
me: အချစ်ဆိုတာကလည်း တကယ်တော့ ဘ၀ဆိုတဲ့ ငရုတ်ဆုံထဲ ထည့်ထောင်းလိုက်တဲ့အခါ မှုန့်မှုန့်ညက်ညက်ကြေသွားတတ်တဲ့ ပဲခြမ်းစေ့တွေလိုပါပဲ ... အခြေခံအားဖြင့် ဘ၀တူမှသာ ဖြစ်မယ်လို့ အကိုကတော့ ထင်တယ်...
kaung lay: သေချာတယ်အကို ဒါတောင်မှလည်း အချိန်ယူပြီး ကြည့်ကြရမှာဘဲ...
me: အေးလေ တကယ်တော့ တို့တွေက သူပုန် သူပုန်ချင်း အိမ်ထောင်ပြုကြရမှာ... သူပုန်တွေကို နားလည်မှာ သူပုန်မတွေပဲ ရှိတယ်...
မင်းလည်း သူပုန်မ တယောက်လောက် ရှာကွာ...
kaung lay:း( သူပုန်မတွေက အများကြီး မရှိဘူး အကို...
me: အဲတာတော့ ငါလည်း မတတ်နိုင်ဘူးကွာ...

ပြောနေသောစကား သည်မှာ ပြီးပါသည်။
တူ (၃) တူကို လိုအပ်သည်ဟု ကျနော် ကိုယ်တိုင် ယုံကြည်ပါသည်။ သည့်အတွက် အိမ်ထောင် မပြုကြသေးသော ညီအကို မောင်နှမများအတွက် သည်စာကို ကျနော် ရေးပါသည်။ ညီအကို မောင်နှမအားလုံး တူရာတူရာ လက်တွဲခွင့်ရကြပါစေကုန်...

Aug 19, 2009

ရင်ဘတ်ထဲက နှင်းဆီဖြူ

ရွာသားလေးက ကျနော့်ကို ရေးစေချင်တယ်ဆိုလို့ ရေးလိုက်တာပါ...
ခံစားမိသလိုရေးပါတယ်...

ပန်းလေးတပွင့်ကို... မခူးရက်လို့ ငေးမောမိသူ...
ကျနော့်အဖြစ်ဟာ... တကယ်နောက်ဆုံးတော့ ကြေကွဲစရာ...
ဝေးဝေးသို့သာ... အသည်းနင့်နင့် ကျောခိုင်းထွက်ခွာ...
ဘ၀တလျှောက်မှာ... ဘယ်လိုနည်းမှ မဖြေသိမ့်သာ...
ရောက်လေရာ... အမြဲ မျက်ရည်ဝဲဖို့ အကြောင်းဖန်လာ...
အဖေါ်မစုံသော ခရီးဟာ... နွေပူကျဲတဲ့ နွေကန္တာ...


ကြိုးကြာသံ အယ်လ်ဘမ်ထဲမှ ခင်မောင်တိုး၏ သီချင်းတပုဒ်က သူ့ အခန်းထဲမှာ တီးတိုးလွင့်ပျံနေလေသည်။ ကုတင်ပေါ်မှာ လဲလျောင်းရင်း တဖက်နံရံပေါ်မှာ ချိတ်ထားသော မှန်ဘောင်သွင်း ဓါတ်ပုံထဲက နှင်းဆီပန်း အဖြူတပွင့်ကို သူ ငေးစိုက်ကြည့်နေမိသည်။ အခန်းထဲမှာ ပျံ့လွင့်နေသော သီချင်းသံနှင့်အတူ သူ့အတွေးများကလည်း ဆပ်ပြာပူဖေါင်းတွေ လေထဲမှာ ဝေ့၀ဲပျံ့လွင့်သွားကြသလိုမျိုး သူ မေ့လျော့ထားခဲ့သော - သို့မဟုတ် - မေ့လျော့ထားချင်ခဲ့သော အတိတ်ဆိုသည့် အချိန်ကာလတခုဆီ ဝေ့၀ဲလွင့်ပျံသွားကြလေတော့သည်။

-------------------------------------------------------

မနက်စောစော အမေ ကျော်ပေးသော ထမင်းကျော်ကို ပဲပြုတ်တချို့နှင့်အတူ ထမင်းဘူးထဲ ဖြည့်ထည့်လိုက်ပြီးနောက် လွယ်အိပ်ဆွဲကာ ကားဂိတ်ဆီသို့ သူထွက်လာခဲ့သည်။ သည်နေ့တော့ နည်းနည်း သူ နောက်ကျနေသည်။ ဓါတု ပရက်တစ်ကယ်က ၇ နာရီ စမှာဆိုတော့ ကားစောင့်ရမှာနဲ့ဆို ၇ နာရီ ၁၅ လောက်မှ ကျောင်းကို သူရောက်တော့မည်မှာ သေချာနေသည်။ ရွာလယ်လမ်းလေး အတိုင်း ခပ်သုတ်သုတ်လျှောက်ရင်း ပိုက်ဆံအိတ်ထဲမှ အကြွေတချို့ကို ကားခပေးဖို့ နှိုက်ထုတ်လိုက်သည်။ သည်အခိုက်မှာပဲ သူ့နံဘေးအနားမှာ အနီရောင် အရိပ်တခုက ထိုးဆိုက်ကျလာသည်။ သူ အလန့်တကြားလှည့်ကြည့်လိုက်တော့ အနီရောင် တိုယိုတာကားလေးတစီး....
“ကျော်စွာ... ကားပေါ်တက်လေ... နင် ကျောင်းနောက်ကျနေပြီ...”
ကားထဲမှ ထွက်လာသော အသံနောက်ကို လိုက်ကြည့်လိုက်တော့ သူနဲ့ တတန်းထဲ တရပ်ကွက်ထဲက သူငယ်ချင်း “နှင်းအေးဖြူ”...
သူ ကြောင်ပြီး ရပ်နေမိသည်။ ဘာမှလည်း ပြန်မပြောဖြစ်။
“ဟဲ့... ဘာဖြစ်နေတာလဲ... ကားပေါ်တက်ပါဆို... ” ပြောရင်း နောက်ခန်းတံခါးကို တွန်းဖွင့်လိုက်သည့် သူငယ်ချင်းကို အယောင်ယောင် အမှားမှား ပြုံးပြရင်း ကားနောက်ခန်းထဲ ၀င်ထိုင်လိုက်မိသည်။ ကားတံခါးကိုလည်း ဖြည်းဖြည်းချင်း ဆွဲပိတ်လိုက်သည်။ သည်မှာ ကားမောင်းသမားထိုင်ခုံမှာ ထိုင်နေသော ဦးလေးကြီးက.... “ကောင်လေး... တံခါး မစေ့သေးဘူး... ပြန်ဖွင့်ပြီး သေချာအားနဲ့ ဆွဲပိတ်လိုက်....” လို့ ပြောမှ ကားတံခါးကို ပြန်တွန်းဖွင့်ပြီး “ဂျိုင်း”ကနဲ မြည်အောင် သူ ဆောင့်ပိတ်လိုက်သည်။ ဆောင့်ပိတ်ရင်းလည်း စိတ်ထဲက အားနာနေမိသေးသည်။ ကားတံခါးများ တခုခု ဖြစ်သွားမလားလို့...။ ဘာလို့ဆို သူ့ဘ၀ တလျှောက်လုံးမှာ သည်တခါပဲ ကိုယ်ပိုင်ကားတစီးရဲ့ တံခါးတခုကို ဆောင့်ဆွဲပိတ်ဖူးတာလေ။
“နင်... ဘာလို့ သည်နေ့ နောက်ကျနေတာလဲ...” မေးလာသော “နှင်းအေးဖြူ”ကို ပြန်ကြည့်ရင်း ကားနောက်ခန်းမှာ အတူတူ တွဲထိုင်နေမိတာကို သူ သတိထားမိသွားသည်။ စိတ်ထဲမတော့ ကြည်နူးမိသလိုလို အားနာမိသလိုလို...
“အင်း... ကျနော် သည်နေ့ အိပ်ယာထတာ နောက်ကျသွားတယ်... ညက အဖေနေမကောင်းလို့ နင်းနှိပ် ပြုစုပေးနေရတာနဲ့ ညဥ့်နက်သွားတယ်လေ... အမေလည်း အိပ်ယာထ နောက်ကျသွားတော့... အမေ ကျော်ပေးတဲ့ ထမင်းကျော်ကိုလည်း စောင့်နေရသေးတာကိုး...” သူပြောတော့
“နင်ဟာလေ... ခုထိ ငါ့ကို... ကျနော်... ကျနော်နဲ့... ပြောနေတုန်းပဲ... အဲဒါ အရမ်း သူစိမ်းဆန်တယ်ဟဲ့... သိရဲ့လား...” လို့ သူ့ကို ပြောလေသည်။
သူကလည်း အူကြောင်ကျား အကြည့်နဲ့ ပြန်ကြည့်မိရင်း “ဟုတ်ကဲ့...” ဟု ပြောမိလေသည်။
“အာ... လာပြန်ပြီ... ဟုတ်ကဲ့...နင်က... ငါ့ကို မခင်လို့လား...” မေးတော့
“သြော်... မဟုတ်ပါဘူး... လေးစားသမှုနဲ့ပါ...” လို့ သူပြန်ပြောမိလေသည်။
“ကျနော့် စိတ်ထဲမှာ နှင်းကို... နင်နဲ့ ငါနဲ့ မပြောချင်ဘူး... နှင်းကို ကျနော်ခင်ပါတယ်... နှင်းနဲ့ ကျနော်လို့ပဲ ပြောပါရစေ... နင်နဲ့ ငါနဲ့တော့ မပြောပါရစေနဲ့...” တဆက်ထဲ ပြောမိရင်း “ကျနော့်ကိုတော့ နှင်း ကြိုက်သလို ခေါ်ဝေါ် ပြောဆိုနိုင်ပါတယ်...” လို့ သူပြောနေဆဲ...
“နင်ကလေ... ရီရတယ်... အရင်တုန်းကတော့ ငါ့ကို (မ...) တပ်ခေါ်တာ... ခုတော့ နှင်းတဲ့... ဟင်း...ဟင်း...”
ထိုသို့ နှင်းပြောမှ သူ့ဘာသာ အလန့်တကြား ပြန်စဉ်းစားခဲ့မိသည်။ ဟုတ်ပါသကော။ ကျောင်းစတက်ကတည်းက လက်တွေ့ခန်းမှာ အတူတူ တလျှောက်လုံးမှာ မနှင်းအေးဖြူလို့ပဲ သူ ခေါ်ခဲ့ဖူးသည်။ ခုမှ ဘယ်လိုက ဘယ်လို နှင်းဖြစ်သွားသလဲ သူလည်း မသိတော့။ သူ့လျှာတွေ သည်နေ့ စလစ်ဖြစ်သွားတာ ဖြစ်မည်။
“ဘာပဲဖြစ်ဖြစ် နင် ငါ့ကို အဲလို ခေါ်တာ ငါ ကြိုက်ပါတယ်...”
“ဒါနဲ့... ငါပြောဦးမယ်... တို့တွေက တကျောင်းထဲ တက်နေတာပဲ... ရပ်ကွက်လည်း တခုထဲ... လမ်းလည်း တခုထဲ... နောက်နေ့ကစပြီး... နင် ဘတ်စ်ကား မစီးနဲ့တော့... ငါတို့ကားကိုပဲ... အတူတူ စီးကြမယ်... ဟုတ်ပြီလား... ခု ရွာလယ်လမ်းဆုံလေးမှာပဲ မနက်ကျရင်စောင့်နေတော့... ဟုတ်လား...”
“ဟုတ်ကဲ့...”
“ဟယ်... လုပ်ပြန်ပြီ... ဟုတ်ကဲ့... တဲ့... အေးပါ...လို့ နင် မပြောတတ်ဘူးလား...”
“အေး... အေး... အေးပါ...” ထစ်ထစ် ငေါ့ငေါ့ သူပြောမိတော့ နှင်းက ချစ်စရာကောင်းအောင် ရီနေပြန်သေးသည်။

သည်လိုနဲ့ ကျောင်းဖွင့်သော ရက်တွေအားလုံးမှာ ရွာလယ်လမ်းဆုံလေးမှာ နှင်းရဲ့ ကားကို စောင့်ရင်း သူ ကဗျာတွေ စပ်ခဲ့ဖူးသည်။
သည်လိုနဲ့ ကားနောက်ခန်းမှာ နှင်းနှင့် အတူထိုင်ရင်း စာတွေအတူ ဆွေးနွေးခဲ့ဖူးသည်။
သည်လိုနဲ့ နှင်းအပေါ်မှာ သူ့ သံယောဇဉ်တွေ ထူထပ်ခဲ့ဖူးသည်။
သည်လိုနဲ့ မတူခြားနားသော ဘ၀နှစ်ခုအကြောင်းကို သူ ကောင်းကောင်း စဉ်းစားခဲ့ဖူးသည်။
သည်လိုနဲ့ ချစ်ခြင်းမေတ္တာကို နှလုံးသားတခုပေါ်မှာ တင်ပစ်လိုက်ဖို့ သူစဉ်းစားရ ခက်ခဲခဲ့ဖူးသည်။
သည်လိုနဲ့ ဘ၀နှစ်ခု ပေါင်းစပ်ချိန်မှာ မိသားစု နှစ်ခု ပေါင်းစပ်ကြရမည်ဆိုတာကို သူတွေးခဲ့ဖူးသည်။
သည်လိုနဲ့ မတူညီသော ဘ၀နှစ်ခု မတူညီသော မိသားစု နှစ်စု ပေါင်းစပ်ကြလျှင် ဘာတွေ ဖြစ်လာလိမ့်မည်လဲလို့ သူအတွေးတွေ ရှည်လျားခဲ့ဖူးသည်။

-------------------------------------------------------------

တရက်မတော့ ဘာအကြောင်းကြောင့် မသိ... ဗိုလ်တထောင် ဘုရားကို သူငယ်ချင်းတွေ အားလုံး စုပြီး သွားဖြစ်ကြသည်။ ဘုရားရောက်တော့ ရှိခိုးသူကရှိခိုး၊ ဆုတောင်းသူက ဆုတောင်း၊ ပြတိုက်ကိုကြည့်သူကကြည့်၊ သူနဲ့ နှင်းကတော့ နှစ်ယောက်အတူ လျှောက်ဖြစ်နေသည်။ လိပ်တွေ အစာကျွေးရာနေရာရောက်တော့
“နင်ဘာဆုတောင်းသလဲ”တဲ့ နှင်းက မေးလာသည်။
“ကျနော်က ဘာကိုဆုတောင်းရမလဲ...” သူပြန်မေးမိသည်။
“ငါ... နင့်ကို ချစ်ပါစေလို့.. နင် ဆုမတောင်းဖူးဘူးလား...”
တကယ်တော့ နှင်းက အလွန်ပွင့်လင်း လွတ်လပ်လေသည်။


“ကျနော် ဆုတောင်းခဲ့ဖူးတာပေါ့.. အကြိမ်ကြိမ် အခါခါ...”
“နင့်ကို ငါချစ်တယ်.. ကျော်စွာ...” နှင်းက ပြောနေလေသည်။
သူ သိပါသည်။ မိန်းကလေးတယောက်က ယောက်ျားလေးတယောက်ကို ချစ်သည်ဟု ပြောဆိုခြင်းမှာ နှလုံးသားတွေ မည်မျှရင်းနှီးခဲ့ရမှန်း သူသိနေသည်။
“နှင်းကိုလည်း ကျနော့ နှလုံးသားတွေနဲ့အမျှ ချစ်ခဲ့တာပါ...” သည်လို သူပြောမိတော့ နှင်းက နှုတ်ဆိတ်သွားပြန်လေသည်။
“ဒါမယ့် ကျနော်နဲ့ နှင်းက ဘ၀မတူပါဘူး...” သူ ဆက်ပြောမိသည်။
“ကျနော် စိတ်ကူး မယဉ်ချင်ဘူး...”သည်လိုပဲ သူ ပြောခဲ့သည်။
နှင်းကတော့ သူ့ကို မုန်းပါမည်...
သူကတော့ နှင်းကို ချစ်ပါသည်...
ထိုနေ့က ပြောခဲ့သောစကားများသည် နောက်ဆုံးစကားများဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ကျနော့် နှလုံးသားထဲက နှင်းသည် “နှင်းအေးဖြူ”ဖြစ်ပါသည်
နှင်းအေးဖြူသည် ကျနော့် နှင်းဆီ အဖြူတပွင့်ဖြစ်ပါသည်...

Aug 18, 2009

Home

ခုတလော နားထောင်ဖြစ်နေတဲ့ သီချင်း တပုဒ်က Blake Shelton ရဲ့ Home ပါ။
Country သီချင်းတွေ သိပ် နားထောင်လေ့ မရှိပေမယ့် သည် တပုဒ်ကိုတော့ ကြိုက်ပါတယ်။

Another summer day
Has come and gone away
In Paris and Rome
But I wanna go home
Mmmmmmmm

Maybe surrounded by
A million people I
Still feel all alone
I wanna go home
Oh, I miss you, you know

And I’ve been keeping all the letters that I wrote to you
Each one a line or two
“I’m fine baby, how are you?”
I would send them but I know that it’s just not enough
My words were cold and flat
And you deserve more than that

Another airplane
Another sunny place
I’m lucky I know
But I wanna go home
I’ve got to go home

Let me go home
I’m just too far from where you are
I wanna come home

And I feel just like I’m living someone else’s life
It’s like I just stepped outside
When everything was going right
And I know just why you could not
Come along with me
This was not your dream
But you always believed in me

Another winter day has come
And gone away
In even Paris and Rome
And I wanna go home
Let me go home

And I’m surrounded by
A million people I
Still feel alone
Oh, let me go home
Oh, I miss you, you know

Let me go home
I’ve had my run
Baby, I’m done
I'm coming back home
Let me go home
It will all be all right
I’ll be home tonight
I’m coming back home

Aug 17, 2009

သက်တန့်ပေါ်က ကဗျာ










နားထောင်လိုက်စမ်း...
ဒါဟာ ဖြောင့်တန်းခဲ့ဖူးတဲ့ မျဉ်းကွေးတချောင်းရဲ့ ငိုသံ
ခရမ်းနုရောင်လေးတွေ စွန်းထင်း ပေကျံ...


ရင်ဘတ်ကို လာမှန်ခဲ့တဲ့လရောင်
မဲနယ်တောင်တန်းပေါ် ပြိုးပြက်...
အေကေတလက် လွယ်ရင်းလျှောက်ခဲ့တဲ့
ခြေသွားလမ်းကောက်ကောက်လေး
ကောင်လေးတယောက် လွမ်းဆွေးနေ ...


“အမေ...”လို့ တကြိမ်တခါသာ အော်ဟစ်မြည်တမ်းမိရုံ...
လိပ်ပြာတွေ အလန့်တကြား ထခုန်တယ်...
ခုတော့ မွှေးထုံနေတဲ့ အပြာရောင်ပန်းတွေ ကြား
အမေ ငြိမ်းချမ်းသွားပါပကော...


တောအုပ်တခုထဲက ထွက်ပြီးမှ
တောအုပ်တခုထဲ ရောက်ရပြန်လေတယ်...
လတ်ဆတ်သစ်လွင်နေသော
အစိမ်းရောင် ဝေဒနာတောများ...
ငါ မောနေပြီ အချစ်...


တနှစ်မှ တခါ ပွင့်တတ်တဲ့ ပိတောက်
လူဘယ်နှစ်ယောက်ရူးသွပ်ဖူးပါသလဲ...
အတွေးထဲမှာ အ၀ါရောင်တွေ...
တသက်မှာ တခါလောက်ပဲ
ကောက်ရချင်နေပါပြီ...


အနီနဲ့ အပြာ လမ်းအတူလျှောက်တော့
ခရမ်းရောင်...
ပန်းခရမ်းပြာကို သတိရတယ်...
အနီနဲ့အ၀ါ ကမ်းအတူရောက်တော့
လိမ္မော်ရောင်...
လိမ္မော်သီးတလုံးလောက်တော့ စားချင်တယ်...


သွေးနံ့တွေက ညှီဟောင်...
သူ့အရောင်ကို ငါ မုန်းတယ်...
အလံတွေအားလုံးလိုလိုကလည်း
အနီရောင်တွေပါနေကြပေါ့...
အလံတွေကို ငါ မုန်းတယ်...


အလံတလက်တော့
ငါ ချစ်မက်နေ...
အဲသည်ထဲမှာ ချိုးငှက်ဖြူ...

ATN

Aug 16, 2009

ပင်လယ်နှင့်... ...






အဝေးဆုံး သွားမယ်...
အဲသည်လိုပြောပြီး
လမ်းတကာ တလျှောက်မှာ
ကင်းခြေများ ခြေထောက်တွေ
ငါ လိုက်ကောက်ခဲ့ ...
စိတ်နောက် ကိုယ်ပါ...

အရုပ်ဆိုးနေတဲ့
ချုပ်ရိုးတွေနဲ့ ကောင်းကင်ကြီး
သက်တန့်တစီးနဲ့
ငါ့ကို ပြန်ပြီး မဲ့ပြ...

လမ်းကို ဖဲ့ဖဲ့စားသွားတဲ့ ကြမ္မာ
အိုနာကန်းကျိုှး
ချုပ်ရိုးပျောက် အနာ
မမြင်ရတဲ့ အမာရွတ် လှလှ
ဒဏ်ရာတွေရခဲ့ဖူးတာတောင်
မေ့ခဲ့ပေါ့ ...

အခုတော့
လမ်းတွေနောက်
လိုက် မလျှောက်ချင်တော့ဘူး...
ပင်လယ်ဆီပဲ ငါ သွားမယ်...

ပင်လယ်မှာ လမ်း မရှိဘူး...
ပင်လယ်မှာ ကမ်းပဲ ရှိတယ်...
ပင်လယ်မှာ လမ်း မလိုဘူး...
ပင်လယ်မှာ လမ်း မပျောက်ဘူး...
တဖက်ကမ်းရောက်အောင်
ရွက်လွှင့်ရုံ... ...

သည်လိုနဲ့ပဲ
ပင်လယ်ကို ငါ ချစ်ခဲ့တယ်
နင့်နင့်သည်းသည်း...

ပင်လယ်ရေ့...
ငါ့ကို ကြိုပါ...

ATN

စစ်ကိုင်းလမ်း (ဒုတိယအကြိမ်)

တခါတုံးက တီးခဲ့ဖူးတဲ့ သီချင်းတပုဒ်ပါ။ အဆို မပါ အတီးချည့် သက်သက်။ အခုတော့ ဆိုချင်စိတ် ပေါက်လာတုန်း ဘေးအခန်းက ဆရာသမား ၂ ယောက် မရှိတုန်း အလစ်မှာ ဆိုပြီး တင်လိုက်ပါတယ်။ စာမရေးနိုင်တုန်း ဆားချက်တာလည်း ပါသပေါ့လေ...။ အားလုံးပဲ သည်းခံခွင့်လွှတ် နားဆင်ကြပါကုန်...း)

Get this widget | Track details | eSnips Social DNA

Aug 13, 2009

ငှက်တကောင်... သို့

















သူရခဲ့တဲ့ အတောင်ပံတစုံနဲ့
သူ့ကိုယ်သူ လုံအောင်ခြုံခဲ့သလို
ကောင်းကင်ကို သူ အပိုင်စားခဲ့ပြီပဲ...

သို့သော်လည်း
လေပြည်ထက်မှာ
မျက်ရည်စက်များတွဲခိုစီးလို့...

ပျံနှင့်ဦးပေါ့ ငှက်ရေ့
မနက်ဖန်မှ ဆုံကြမယ်...

ATN

My Love (Westlife)

My Love ဆိုတာ Smallville တီဗီဇာတ်လမ်းတွဲထဲက သီချင်းတပုဒ်ပါ။ ကျနော် ကြိုက်လို့ YouTube မှာ ရှာကြည့်ရင်းနဲ့ တွေ့လာတဲ့ My Love Vid ထဲမှာ ထည့်ပေးထားတဲ့ စာသားလေးတွေ ကိုလည်း ကြိုက်နှစ်သက်လို့ အောက်မှာ ဝေမျှပေးလိုက်ပါတယ်။ Westlife ရဲ့ မူရင်း Vid ကတော့ သည်မှာပါ။

Love is a wonderful thing, it can be found anywhere at anytime.

Love will make you smile and make your heart bit fast.

The love doesn't just fill your heart, it overflows into your whole body and soul.

True love comes in quietly, without banners or flashing lights.

To love someone is to understand each other, to laugh together, to smile with your heart and to trust one another.

Love is not finding that perfect person, but finding all of that person's imperfections and loving every single one of them.

Love is just a word until someone comes along and gives it meaning.

Love is the condition in which the happiness of another person is essential to your own.

Love is everything that makes you smile, everything that brings you up when you are down.

Love is when you have a bad day but then you see the one you love and everything seems to be okay.

Love is looking into someone's eyes and seeing yourself perfect for the first time in your life.

True love is never lost.




My Love (Lyrics by Westlife)

An empty street
An empty house
A hole inside my heart
I'm all alone
The rooms are getting smaller
I wonder how
I wonder why
I wonder where they are
The days we had
The songs we sang together
Oh yeah
And all my love
We're holding on forever
Reaching for the love that seems so far

Chorus:
So I say it in a breath
Hope my dreams will take me there
Where the skies are blue
To see you once again my love
All the seas go coast to coast
Find the place I love the most
Where the fields are green
To see you once again my love

I tried to read
I go to work
I'm laughing with my friends
But I can't stop
To keep myself from thinking

Oh no
I wonder how
I wonder why
I wonder where they are
The days we had
The songs we sang together
Oh yeah
And all my love
We're holding on forever
Reaching for the love that seems so far

Chorus:
So I say it in a breath
Hope my dreams will take me there
Where the skies are blue
To see you once again my love
All the seas go coast to coast
Find the place I love the most
Where the fields are green
To see you once again

To hold you in my arms
To promise you my love
To tell you from my heart
You're all I'm thinking of
Reaching for the love that seems so far

Chorus:
So 'So I say it in a breath
Hope my dreams will take me there
Where the skies are blue
To see you once again my love
All the seas go coast to coast
Find the place I love the most
Where the fields are green
To see you once again my love
See you in a prayer
Dreams will take me there
Where the skies are blue
To see you once again my love
All the seas go coast to coast
Find the place I love the most
Where the fields are green
To see you once again my love

(Dedicated to my beloved 'Snow')

Aug 11, 2009

မမြင်ရတဲ့ အောင်မြင်မှု

ဗမာပြည်တွင်းက လူထုတရပ်လုံး၊ ပြည်ပရောက် ဗမာပြည်သားတွေအားလုံးနဲ့ အတူ တကမ္ဘာလုံးက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့အစည်းမျိုးစုံ၊ နိုင်ငံပေါင်းစုံ၊ အစိုးရပေါင်းစုံ၊ ပြည်သူလူထု ပေါင်းစုံက လပေါင်းများစွာ စောင့်ကြည့် အကဲခတ်နေခဲ့ကြရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တဖက်သပ် မတော်မတရား တရားစွဲဆိုထားတဲ့ အမှုကို နအဖ စစ်အုပ်စုရဲ့ တရားရုံးက ဆုံးဖြတ်ချက် အမိန့်ချလိုက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်မှုကျူးလွန်ကြောင်း အပြစ်ရှိကြောင်း ထင်ရှားတယ်ဆိုပြီး အမှုကို ဆုံးဖြတ်ချက် ချပါတယ်။ ပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်လို့ ဆုံးဖြတ်ပါတယ်။

သည်ဆုံးဖြတ်ချက်ရဲ့နောက်မှာတော့ ဗမာတပြည်လုံးမှာရော ပြည်ပမှာပါ အသံမျိုးစုံ ဆူညံ သွားတော့တာပါပဲ။ စုတ်သပ်သူ သပ်၊ ဒေါသထွက်တဲ့သူ ထွက်။ နိုင်ငံတကာက အဖွဲ့ အစည်းတွေကလည်း သဘောထားတွေ ထုတ်ပြန်။

သို့သော်လည်း နောက်ပိုင်းမှာ MRTV ကနေ နအဖ ဥက္ကဌရဲ့ အမိန့်နဲ့ ပြစ်ဒဏ်ကို တ၀က်အထိ လျှော့ချလိုက်ကြောင်း၊ ဒါ့အပြင် ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲလိုက်ကြောင်း၊ ဆိုင်ငံ့ကာလ အတွင်း နေအိမ်မှာပဲ အကျယ်ချုပ် ထားမှာ ဖြစ်ကြောင်းတွေကို ကြေငြာသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဗမာပြည်သူတရပ်လုံးကတော့ မကျေမနပ် ဒေါသထွက်ကြပါတယ်။ ပြည်ပရောက် ဗမာပြည်သားတွေထဲမှာလည်း ခံစားချက်တွေ အမျိုးစုံ ဖြစ်နေကြတာ တွေ့နေ၊ မြင်နေ၊ ဖတ်နေ၊ ကြားနေရပါတယ်။ တချို့ဆို မျှော်လင့်ချက် မဲ့လောက်တဲ့ အထိ ခံစားနေကြတာ တွေ့ရတယ်။ တချို့ဆို ကမ္ဘာမြေရဲ့နောက်ဆုံးနေ့လောက်နီးနီး ခံစားနေကြပါတယ်။ အင်တာနက်ပေါ်က သတင်း စာမျက်နှာတွေမှာ၊ မျက်နှာ ဘုပ်အုပ်မှာ၊ ဘလော့စပေါ့ရဲ့ ဘလော့ စာမျက်နှာတွေ ပေါ်မှာ၊ တွစ်တာတို့ မိုင်စပေ့စ်တို့လို စာမျက်နှာတွေမှာ၊ အီးမေးလ်တွေထဲမှာ၊ ချက်တင်းတွေမှာ ----- ကြေကွဲဆို့နင့်နေကြတဲ့ မျက်နှာတွေ စာတွေကို ကျနော် တွေ့နေ၊ မြင်နေ၊ ဖတ်နေ၊ ကြားနေရတော့ ...... အားလုံးကို တခု ပြောပြချင်စိတ် ဖြစ်လာမိပါတယ်။

ဒါကြောင့် သည်စာကို ရေးပါတယ်။

---------------------------------------

ကျနော် ပြောချင်တာကတော့ အချက် ၂ ခုထဲပါ။

၁။ နအဖစစ်အုပ်စုဟာ အသိဥာဏ်နုံနဲ့နေတဲ့ လူတစုသာ ဖြစ်တယ်။

နအဖဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ကိုတောင် ရန်ရှာခဲ့ပြီးပါပြီ။
ဒီပဲယင်း အရေးအခင်းက သည်အချက်ကို သက်သေပြခဲ့ပြီးပါပြီ။ ရဲရင့်တဲ့ ပြည်သူလူထုကြောင့် ကံကောင်းထောက်မစွာ ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။ သည်အချက်ကို ကြည့်ရင် နအဖဆိုတာ စဉ်းစားချင့်ချိန်မှုအသိ ဘယ်လောက်အထိ နုံနဲ့နေတဲ့ လူတစုလည်းဆိုတာ ကောင်းကောင်း သဘောပေါက်နိုင်ကြမှာပါ။ အဲသည်တော့ လူတယောက်ကို သတ်ဖို့အထိ ကြိုးစားနေတဲ့ လူတစုဟာ အဲသည်လူတယောက်ကို ထောင်ချဖို့ဆိုတာကတော့ ဘယ်လိုမှ ၀န်လေးမှာ မဟုတ်တာ အသေအချာပါပဲ။ သည်တော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုထင်ရှားတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အမိန့်ချတယ်ဆိုတာ ဘာမှ မဟုတ်ပါဘူး။ သည်အတွက် ကမ္ဘာမြေရဲ့ နောက်ဆုံးနေ့လို ၀မ်းနည်း ကြေကွဲနေစရာ မလိုပါ။

၂။ အများ ထင်နေကြသလို နအဖဟာ သူတို့ လုပ်ချင်ရာကို သူတို့ မလုပ်နိုင်ပါ။

န၀တကနေ နအဖ အမည်ပြောင်းခဲ့တဲ့ စစ်အုပ်စုဟာ တလျှောက်လုံး သူတို့လုပ်ချင်ရာ လုပ်လာခဲ့တာပါပဲ။ သူတို့ စိတ်ထဲမှာလည်း အဲသည်လို ယုံကြည်နေခဲ့လို့ကို လုပ်ချင်ရာ လုပ်နေခဲ့တာပါပဲ။ သည်အချက်ကလည်း သာမန်အားဖြင့်တော့ မှန်တယ်လို့ ထင်ရပါတယ်။ သို့သော်လည်း တကယ့် လက်တွေ့မှာ သူတို့မှာလည်း သူတို့ လွန်ဆန်လို့ကို မရတဲ့ အကန့်အသတ်တွေ ရှိပါတယ်။

အာဏာဆိုတာ သေနတ်ပြောင်းဝမှာ ရှိတယ်- ဆိုတဲ့ စကားလို ပြည်သူလူထုကို တလျှောက်လုံး သူတို့ စိတ်တိုင်းကျ သေနတ်နဲ့ ချိန်ပြီး ဖိနှိပ်လာခဲ့သလို၊ သူတို့ စိတ်ထဲမှာလည်း ဗမာတပြည်လုံးဟာ သူတို့ သေနတ်ပြောင်းဝတွေအောက်မှာ ပြားပြား ၀ပ်သွားလိမ့်မယ်လို့ သူတို့ ယုံကြည်နေခဲ့ကြတာပါ။ အဲသည်လို ယုံကြည်တဲ့ အတိုင်း လည်း သေနတ်ဆွဲပြီး သူတို့ လုပ်ချင်ရာကို လုပ်ခဲ့တာပါပဲ။ တကယ်တော့ လက်တွေ့မှာ သူတို့ ယုံကြည်နေသလို မဟုတ်ပါဘူး။

သည်အချက်ကို ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရလာဒ်၊ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးတော်ပုံတွေက ကောင်းကောင်းကြီး သက်သေပြခဲ့ပြီးပါပြီ။ အဖိနှိပ်ခံပြည်သူလူထုဟာ သေနတ်ပြောင်းတွေကို မကြောက် ကြောင်း အခွင့်အခါကောင်းရတဲ့ အခါတိုင်းမှာ သွေးနဲ့ရင်းပြီး သည်အချက်ကို သက်သေ ပြခဲ့ပြီးပါပြီ။

ဒါကြောင့်လည်း နအဖစစ်အုပ်စုရဲ့ တကယ့်စိတ်ထဲမှာ ဘယ်အချိန်မှာ ပြည်သူလူထုက အုံကြွ တော်လှန်မှာလဲ ဆိုတာကို တထိတ်ထိတ် တလန့်လန့်နဲ့ ခြောက်ခြား နေရရှာတာပါ။ ဒါကြောင့်လည်း သံဆူးကြိုးတွေ၊ စွမ်းအားရှင်တွေ၊ ကြံ့ဖွတ်တွေ၊ လုံထိန်းတွေ၊ စစ်သားတွေနဲ့ပဲ နေရာတကာ စစ်အင်္ဂါလေးပါး ပြပြပြီး ပြည်သူလူထုကို ကြောက်သွားမလား အထင်နဲ့ ဖြဲခြောက်ပြနေရရှာတာပါ။ သူတို့ရဲ့ တကယ့် သွေးကြောတွေထဲမှာတော့ ကြောက်သွေးတွေပဲ လှည့်ပတ် စီးဆင်းနေတာပါ။ ဒါကြောင့်လည်း အားအားရှိ သေနတ်တကိုင်ကိုင် ဖြစ်နေရတာပါပဲ။

သည်အချက်က နအဖ စစ်အုပ်စုဟာ သူတို့ လုပ်ချင်ရာ လုပ်လို့ကို မရဘူးဆိုတာကို သက်သေပြနေတာပါပဲ။ သူတို့မှာလည်း အကန့်အသတ်တွေ ရှိနေတယ် ဆိုတာကို သက်သေပြနေတာပါပဲ၊

---------------------------------------------

အခုတော့ နအဖက သူတို့ လုပ်ချင်ရာ လုပ်နေပြီ၊ တို့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး..... အဲသည်လို ၀မ်းနည်းအားငယ်နေကြတဲ့ ညီအကို မောင်နှမတွေကို ကျနော် တခု ပြောချင်ပါတယ်။ သေချာ စဉ်းစားကြည့်ကြပါ။

၁။ သူတို့ဘာသာ စိတ်ကြိုက် ပြဌာန်းထားတဲ့ ဥပဒေအရကိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် အထိ ချနိုင်တယ်လို့ သူတို့ကိုယ်တိုင်ဆိုထားတဲ့ အပြစ်ဒဏ်ကို ၃ နှစ်ပဲ ချရဲခဲ့တာ၊

၂။ ၃ နှစ်ပဲ ချသည့်တိုင်အောင် ပြစ်ဒဏ်ကို တ၀က် လျှော့ပေါ့တယ်ဆိုပြီး တနှစ်ခွဲပဲ သတ်မှတ်တာ၊

၃။ အဲသည် တနှစ်ခွဲကိုတောင် ဆိုင်းငံ့ပြစ်ဒဏ်ဆိုပြီး အင်းစိန်မှာ မထားပဲ (တကယ့် ထောင်ထဲမှာ မထားပဲ) (ပြစ်ဒဏ် ဆိုင်းငံ့ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄/၅၆) နေအိမ်၌ ပူးတွဲပါ သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်အညီ နေထိုင်ခွင့် ပြုလိုက်သည်။) ဆိုပြီး အကျယ်ချုပ်ကို ပြောင်းလိုက်တာ၊

၎။ ဒါတောင် (လျှော့ပေါ့ပြောင်းလဲလိုက်သော ပြစ်ဒဏ်ကျခံရမည့် အချိန်ကာလထက် မကျော်လွန်သော အချိန်ကာလအတွင်း ပူးတွဲပါ သတ်မှတ်ပေးထားသော စည်းကမ်းချက် များနှင့်အညီ ကောင်းမွန်စွာ နေထိုင်ပါက ဆိုင်းငံ့ထားသော ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း) ဆိုပြီး အချိန်ကာလတခုခု အခြေအနေ တခုခု ရောက်လာရင် ပြစ်ဒဏ်အားလုံးကနေ လွတ်ငြိမ်းချမ်းသာခွင့်- ဆိုပြီး စကားခံထားတာ၊

၅။ ပြီးတော့ (ပြစ်ဒဏ်ဆိုင်းငံ့ကာလအတွင်း ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမအား ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄/၅၆ နေအိမ်၌ ပူးတွဲပါ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ခွင့် ပြုလိုက်သည်။) ဆိုတာ၊

သည်အချက် ၅ ချက်ဟာ -
နအဖက အသံကောင်းဟစ်နေတဲ့ (ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် နိုင်ငံ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်ခြင်းကြောင့်လည်းကောင်း) ဆိုတဲ့ စကားနဲ့ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အနေဖြင့် မိမိ၏ လုပ်ပိုင်ခွင့် အာဏာအတွင်းမှ သူမကို စာနာထောက်ထား ညှာတာမှု ပြု) လိုက်ခြင်း မဟုတ်တာကတော့ အသေအချာပါပဲ။


အဲသည်အချက် ၅ ချက်ဟာ တကယ်တော့ -
ငါတို့ လုပ်ချင်သလို လုပ်လို့ ရတယ်လို့ ယုံကြည်နေတဲ့ နအဖစစ်အုပ်စုက အသိဥာဏ်နုံနဲ့စွာနဲ့ တိုက်ခဲ့တဲ့ စစ်ပွဲတခုမှာ လက်တွေ့ သူတို့ ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲတခုကို ကိုယ်စားပြုနေတဲ့ အချက်တွေပါ။

ဘာကြောင့်လဲ?

၁။ ဒေါ်အောင်ဆန်းစုကြည်ကို အသက်တောင် ရန်ရှာရဲခဲ့တဲ့ စစ်အုပ်စုက ခုတော့ ထောင်ဒဏ် ၅ နှစ်တောင် မချရဲဘူး မဟုတ်လား။

၂။ သူတို့လုပ်ချင်သလို လုပ်နေတဲ့ သူတို့ရဲ့ တရားရုံးတွေမှာ ထောင်ဒဏ် ၃ နှစ် ဆိုပြီး စာရွက်ထဲမှာ အမိန့်ချခဲ့သည့်တိုင် လက်တွေ့မှာ လျှော့ပေါ့ပြစ်ဒဏ်ဆိုပြီး တနှစ်ခွဲပဲ သတ်မှတ်တာ သူတို့ ၃ နှစ် မချရဲလို့ မဟုတ်လား။

၃။ အမိန့်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်လို့ ပါပေမယ့် တနှစ်ခွဲကိုတောင် ဆိုင်းငံ့ပြစ်ဒဏ်ဆိုပြီး နေအိမ်အကျယ်ချုပ်ပဲ ထားရဲတာ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ထဲမှာ မထည့်ရဲလို့ မဟုတ်လား။

၎။ ဒါတောင် ပြစ်ဒဏ်ကျခံနေရစဉ်ကာလအတွင်း ကောင်းမွန်စွာနေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်လို့ စကားခံထားတာကိုက အကျယ်ချုပ်ကိုတောင် ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် မရဲတရဲ လုပ်ထားတာ မဟုတ်လား။

၅။ နောက်တချက်ဖြစ်တဲ့ (ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမအား ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄/၅၆ နေအိမ်၌ ပူးတွဲပါ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ခွင့် ပြုလိုက်သည်။) ဆိုတာကလည်း သည် အမျိုးသမီး ၂ ယောက်ကို ထောင်ထဲ မပို့ရဲလို့ မဟုတ်လား။

သည် အချက် ၅ ချက်ကို စဉ်းစားကြည့်ပါ။

ဒါဟာ တကယ်တော့ ကျနော်တို့ မမြင်ရတဲ့ အောင်ပွဲ ၅ ခုကို ကျနော်တို့ ရလိုက်တာပါ။

နအဖအတွက်တော့ သူတို့ကိုယ်တိုင် သိနေပေမယ့် ကျန်တဲ့ လူတွေ အများစုက မမြင်ရတဲ့ နအဖစစ်အုပ်စုရဲ့ ရှုံးနိမ့်မှု ၅ခုပါ။

-------------------------------------------------

စိတ်ဓါတ်မကျကြနဲ့။
ကျနော်တို့ ကိုယ်တိုင်က အရှုံးမပေးသေးသရွေ့ ကျနော်တို့ ဘယ်တော့မှ မရှုံးဘူး။
နအဖ စစ်အုပ်စုဟာ အနိုင်ရနေတာ မဟုတ်ဘူး။ အရှုံးနဲ့ ရင်ဆိုင်နေရတာ။
တကယ်တော့ ကျနော်တို့ဟာ တိုက်ပွဲကို ဆက်တိုက်နေကြဆဲပါပဲ။
အောင်ပွဲရောက်သည်အထိ ဆက်တိုက်ကြ။

Aug 10, 2009

Jump

ခုတလော နားထောင်ဖြစ်နေတဲ့ သီချင်းပါ။ ကမ္ဘာပေါ်မှာ ကျနော်အကြိုက်ဆုံး Hard Rock Band ဖြစ်တဲ့ Van Halen ရဲ့ ကမ္ဘာကျော် သီချင်း တပုဒ်ပါ။ အဆိုကတော့ David Lee Roth။ အတီးကတော့ ကျနော့် အကြိုက်ဆုံး Lead Guitarist တွေထဲမှာပါတဲ့ Eddie Van Halen ပါ။ Tapping တွေရဲ့ ဂီတဖခင်ကြီးလည်း ဖြစ်ပါတယ်။ ခုခေတ်စကားနဲ့ပြောရရင် အတီးရောအဆိုရော ရေလည် လန်းတယ်ပေါ့။

JUMP

I get up, and nothing gets me down.
You got it tough. I've seen the toughest around.
And I know, baby, just how you feel.
You've got to roll with the punches to get to what's real

Oh can't you see me standing here,
I've got my back against the record machine
I ain't the worst that you've seen.
Oh can't you see what I mean ?

Might as well jump. Jump !
Might as well jump.
Go ahead, jump. Jump !
Go ahead, jump.

Aaa-ohh Hey you ! Who said that ?
Baby how you been ?
You say you don't know, you won't know
until we begin.

Well can't you see me standing here,
I've got my back against the record machine
I ain't the worst that you've seen.
Oh can't you see what I mean ?

Might as well jump. Jump !
Go ahead, jump.
Might as well jump. Jump !
Go ahead, jump.

(guitar solo)
(keyboard solo)

Might as well jump. Jump !
Go ahead, jump.
Get it and jump. Jump !
Go ahead, jump.


Aug 7, 2009

ဘလော့သစ်တခု မိတ်ဆက်

ကျနော် ဖြတ်သန်း ကြုံတွေ့ ခဲ့ရတဲ့ ဒာတိတ်က ဖြစ်စဉ်တွေကိုလည်း ပုံဖေါ်ပြချင်တယ်။..... ကျနော်နဲ့ ဒာခြားသူတွေရဲ့ ဘဝဒာမောတွေ ကိုလည်း ဖွင့်ချပြချင်တယ်။ ပြီးတော့ ကျနော် ဖတ်မှတ် ခဲ့ဖူးတဲ့ စာကောင်း ပေကောင်းတွေကိုလည်း မျှဝေ ခံစားချင်တယ်။.
အဲသလို ဆိုလာတဲ့ မောင်နှင်းလှိုင် ဆိုတဲ့ ရဲဘော်ရဲဘက်လည်း ဖြစ်ခဲ့ဖူးသူ သူငယ်ချင်း တယောက်ရဲ့ ဘလော့ကို စာဖတ်သူတွေ အားလုံးနဲ့ မိတ်ဆက်ပေးချင်တာပါ။ သူ့ရဲ့ မိတ်ဆက်စာကိုတော့ သည်မှာ သွားဖတ်နိုင်ပါတယ်။

Aug 6, 2009

ကဗျာဆရာရဲ့ပန်းပွင့်တွေ









ကဗျာဆိုတာ
နာမကျန်းဖြစ်နေတဲ့ ကဗျာဆရာ
သူ့လမ်းတလျှောက်မှာ ကျဲချဖုံးလွှမ်းခဲ့တဲ့
အမြဲစိမ်းလန်းနေမယ့်
ပန်းပွင့်ကလေးတွေပါ...
တခါခါလည်း
ဝေဒနာလို့ ခေါ်နိုင်မယ်...
တခါတခါလည်း
သိင်္ဂါရတွေပါ...
တခါတခါတော့လည်း
ချစ်ခြင်းမေတ္တာတွေသက်သက်...
တခါတခါမှာလည်း
ကြေငြာချက်တွေ ဖြစ်ချင်ဖြစ်မယ်...
တကယ်မှာတော့
ကဗျာဆိုတာ
အနက်ရှိုင်းဆုံးတွင်းနက်ထဲက
ခုန်ထွက်လာတဲ့
ကွဲအက်ကြေမွ
နှလုံးသားရဲ့ အပိုင်းအစလေးတွေသာ ဖြစ်တယ်။

ATN

ရှစ်လေးလုံး အမှတ်တရ စာကဗျာ

(ရှစ်လေးလုံး အမှတ်တရစာ)

“အရေးတော်ပုံ”ကဗျာ ကိုအောင်သာငယ်ဆီ ပို့ ပြီး စောင့်ဖတ်ပါတယ်။

ကွန်မင့်ရေးသူတွေတွေကိုလည်း ကျေးဇူးတင်နှုတ်ခွန်းဆက်ပါတယ်။ ရှစ်လေးလုံး သမိုင်း ကို ကျနော် ခံစားရမိတဲ့ ထောင့်က ထုဆစ်ဖွဲ့ သီကြည့်ခြင်းပဲ ဆိုပါတော့။

အံ့အားသင့်မိပါတယ်။ ကျနော် တောင်တောင်အီအီ ဟိုလျှောက်သည်ဖတ် လုပ်မိသော အခါ။ ရွာသားလေး ၀ိုင်တီယူရဲ့ ကဗျာလေး တပုဒ်ကို တူးဆွမိတယ်ပဲ ဆိုပါတော့။

လွန်ခဲ့တဲ့ ၅ နှစ်ခန့် ဖြစ်မယ်ထင်ပါတယ်။ မြန်မာ့မီဒီယာသမဂ္ဂ ကွန်ဖရင့်မှာပါ။ စာရေး ဆရာကြီး။ သတင်းစာ ဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ) က အင်တာနက်မှာ ကဗျာသူရဲတွေ နှောင့်ယှက်လို့  စိတ် မသက်မသာ ဖြစ်ရကြောင်း စင်မြင့်ထက်က ပြောပါတယ်။ ဒီမှာ အခမ်းအနားမှူးများ ဖြစ်တဲ့ ကိုခင်မောင်စိုး (ခု အာအက်ဖေ) “ကဲ ကဲ ဆရာကြီးက ပြောနေပါပြီ။ ကဗျာဆရာတွေ ဖြစ်တဲ့ ကိုလွမ်းဏီတို့၊ ကိုငြိမ်းဝေတို့ ဘာများ ပြောမလဲ ခင်ဗျာ” တဲ့။ “အဘ ကျနော်တို့ ကဗျာတွေ သိရောသိရဲ့ လား၊ ဖတ်ကော ဖတ်ရဲ့လား။ ဒီကနေ့ကဗျာ ရေစီးကြောင်းက ပြောင်းနေပါပြီ။ (ကျနော်တို့ ကဗျာနယ်ပယ်မှာ ကဗျာသူရဲတွေ မရှိပါဘူး၊ မီဒီယာ နယ်ပယ် မှာသာ ပါပါရာစီတွေ ရှိနေတာ။ ကန်တော့နော် အဘ” ဆိုတာ တက်ရောက်တဲ့သူတိုင်း မှတ်မိ နေအုံးမှာပါ။ ကျနော် ပြောချင်တာက ကျနော် ပြောခဲ့တဲ့ စကား မဟုတ်ပါ။ ကျနော်ပြီးတော့ ကိုသန်းဝင်းထွဋ္ဋ် (ခု ဒီဗွီဘီ) က တကယ့် ခံစားချက်နဲ့ ပြောတာလေးပါ။ “အဘ ကျနော် ကဗျာ တပုဒ် မိတ်ဆက်ပြချင်တယ်။ အဘ နား မကြားလည်း ကျန်တဲ့ လူတွေ ခံစားရမိနိုင်မလားပေါ့လေ။ ကျနော်တို့ ထောင်ထဲ တိုက်ပိတ်ခံနေရစဉ်မှာ ကဗျာဆရာ မောင်အောင်ပွင့်က ရေအိုးထဲက ရေကို အပြင်ဘက် မြေကြီးပေါ်ကို သွန်ပက်လိုက် တယ်။ ပြီး ရဲဘော် ညီအစ်ကိုတို့  လရောင်ကို ဟော့ဒီမှာ ရပြီတဲ့။ ဒါ ကဗျာလေ။ အမှန်ပဲအဘ ရေအိုင်လေးထဲမှာ လရောင် ၀င်းလက် စိုတောက်နေတယ်။ ဒါ ကဗျာမဟုတ်ရင် ကျန်သူများ ခံစားတွေးဆပါလေ”တဲ့။ ကျနော် ကိုသန်းဝင်းထွဋ်ကို ငေးရီကြည့်မော နေမိတယ်။ လူငယ်ကဗျာသမားတွေရဲ့ အတွေး အရေး နက်ရှိုင်း လှပပါလားလို့  ဆင်ခြင်မိတာပါ။

“လရိပ်ချစ်သူ” လို့ အမည်တပ်ထားတဲ့ ရွာသားလေး ၀ိုင်တီယူရဲ့ ကဗျာ အပိုင်းအစကို ကျနော့် သားကို ကျနော် ဖတ်ပြမိတယ်။

ကျနော် လိုချင်တာ
ရေအိုင်ထဲကလရိပ်ပါ။

ရေအိုင်ထဲက လရိပ်ဆိုတာ
ရေရှိတိုင်း တွေ့ ရသတဲ့။

ရှိသမျှရေအိုင်တွေ
ခမ်းဖို့  ဆုတောင်းရမလား။

... .... .... ...

(ရွာသားလေး - ၀ိုင်တီယူ)

ဒီကဗျာ ဖတ်ပြီး ရေတော်တော်ငတ်တယ်ဆိုတာ ကဗျာလူငယ်တွေ သိပါစေ။

မောင်လွမ်းဏီ

Aug 4, 2009

အချစ်သီချင်း (ဒုတိယအကြိမ်)

ဟိုးတလောက keyboard နဲ့ တီးခဲ့ဖူးတဲ့ အချစ်သီချင်း ပါ။ ပထမအကြိမ်ကတော့ အဆိုမပါ အတီး သက်သက်။

ခုတော့ ဘေးအခန်းက ငတိ ၂ ယောက်လည်း မရှိတုန်း၊ ဆိုချင်စိတ်လည်း ပေါက်နေတုန်းမို့ မကျေပွဲနွှဲပြီး ဆိုလိုက်ပါတယ်။

သည်းခံခွင့်လွှတ် နားဆင်ကြပါ။

Get this widget | Track details | eSnips Social DNA

ကျနော့်အကြွေးများ

တယောက်ယောက်က ကိုယ့်ကိုယ် တဂ်လာတော့မှပဲ ကိုယ့်မှာ အကြွေးတွေ ဘယ်လောက် များနေမှန်း ပြန်စဉ်းစားမိတော့တယ်။ ခုတလောဆိုပြီး ညီမငယ် မနော်ဟရီက တဂ်လာတော့။ ရေးဖြစ်လိုက်ပါတယ်။ တဂ်ပို့စ် ကလည်း အမေးအဖြေတွေ ဆိုတော့ ပေါ့ပေါ့ပါးပါး ရေးဖြစ်လိုက်တာပါပဲ။ ရေးပြီးမှ ကိုယ်တဂ်ချင်တဲ့ သူငယ်ချင်းတွေကို ဒုက္ခပေးရတာပေါ့လေ။ အတော်များများကိုလည်း ချစ်ခင်ရင်းနှီးစွာ ဒုက္ခပေးလိုက်ပါတယ်...း)

နောက်တော့ အဲသည် တဂ်ပို့စ်တွေပဲ လိုက်ဖတ်ရင်းနဲ့ သိလိုက်ရတာက အတော်များများက အကြွေးတွေနဲ့ မကင်းကြဘူးကိုး။ အဲသည်တော့မှ ကျနော့် အကြွေးတွေကို ကျနော် ပြန်ကြည့်မိတော့တယ်။ မနည်းပါ့လား.... ဘယ်လိုလုပ် အကြွေးတွေ အဲလောက်များများ တင်နေမိမှန်းတောင် မသိ။

မအယ်ကို “သူငယ်ချင်းမောင်ဘဦး” အကြွေးတင်နေတယ်။ သစ်ကောင်းအိမ်နဲ့ မောင်ဖုန်းမြင့်ကို “သုံးရာသီ” အကြွေး တင်နေတယ်။ သစ်ကောင်းကတော့ စကားနာ ထိုးပါတယ်။ သုံးရာသီဆိုတော့ နားထောင်ရဖို့ သုံးသံသရာလောက် စောင့်ရမယ်ထင်ရဲ့တဲ့။ (အေးပါ ညီလေးရေ့ သည်သံသရာ မဆုံးခင် နားထောင်ရမှာပါ...း) နောက် မီးငယ် တောင်းထားတဲ့ “ဘယ်သူမှ မကောင်းဘူး”။ ဒါကတော့ လောဆယ် တင်နေတဲ့ သီချင်း အကြွေးတွေပါ။

နောက်စာကြွေးတွေက ပြန်ကြည့်မိတော့ အများကြီး။
တိတ္ထိတဦး၏ မှတ်တမ်း - အဲဒါလည်း ဆက်ရေးရဦးမယ်။
ကိုယ့်တွေ့ (၂ မှာ ရပ်သွားတယ်)။
လမ်းဆုံးရောက်သွားသူများ (အဲဒါကလည်း ၂ မှာ ရပ်သွားတယ်)။
နောက် (၁၃) မှာ ရပ်သွားခဲ့တဲ့ သူပုန်တယောက်ရဲ့ ဒိုင်ယာရီ။
ဘော့ဘ်မာလေ (သို့မဟုတ်) ပန်းပွင့်နှလုံးသား-ဆိုပြီး ရေးခဲ့ဖူးတယ်။ အဲဒါလည်း ဆက်မရေးဖြစ်ဘူး။

ခုတော့ ထုံးစံအတိုင်း အလုပ်ရှုပ်နေလို့ပါ။ အချိန်ရရင် ဆက်ရေးပါမယ် ဆိုတဲ့ စာမျက်နှာကိုပဲ ပြန်လှန်လိုက်ရ ပါတယ်။ သီချင်းတွေကိုလည်း အချိန်ရမှ တီးပေးပါ့မယ် အချိန်ရမှ နားထောင်ကြပါပေါ့...း)

အရေးတော်ပုံ
















ရှစ်လေးလုံး တဲ့
သွေးဆုံးတဲ့ မိန်းမသဘာဝ မဟုတ်ဘူး။

ရှစ်လေးလုံး တဲ့
သွေးနဲ့ ထုံးထားတဲ့ ပန်းတကုံး ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
နှလုံးရောဂါသည် မဟုတ်ဘူး။

ရှစ်လေးလုံး တဲ့
ကျုံးရေပြင်ထက်က ကြာပန်းငွေစင် ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
တောပြုန်းတဲ့ တောင် မဟုတ်ဘူး။

ရှစ်လေးလုံး တဲ့
လှိုင်းဖုံးလို့  မကြို့တဲ့ ဗေဒါ ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
သတင်းစာရှင်းလင်းပွဲက မိုက်ခရိုဖုန်း မဟုတ်ဘူး။

ရှစ်လေးလုံး တဲ့
အဆုံးရှိတဲ့ လမ်းဖြောင့်တခု ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
အသွားတုံးနေတဲ့ ဓား မဟုတ်ဘူး။

ရှစ်လေးလုံး တဲ့
မဆုံးရှုံးတဲ့ သမိုင်းကြွေး ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
တုံးအောက်က ဖား မဟုတ်ဘူး။

ရှစ်လေးလုံး တဲ့
အနာဂတ် ဂုံးကျော်တံတား ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
အင်းစိန် အကျဉ်းခုံရုံး မဟုတ်ဘူး။

ရှစ်လေးလုံး တဲ့
ဖုံးဖိထားမရတဲ့ တရားတဘောင်ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
မဆုံးတဲ့ ပေးဆပ်မှု ဖြစ်တယ်

ငါတို့ အားလုံးရဲ့ အရေးတော်ပုံ ဖြစ်ပြီးရင်း ဖြစ်။ ။

မောင်လွမ်းဏီ

၎-၈-၀၉

Aug 3, 2009

နှစ်ယောက်အတူတို့













တကယ်တော့လည်း
မင့်မျက်ရည်တွေက
ငါ့မျက်လုံးက ကျနေတာပါ...

တကယ်တော့လည်း
မင့်တေးတွေကို
ငါ့နှလုံးသွေးနဲ့ ဆိုနေတာပါ...

တကယ်တော့လည်း
မင့်ကဗျာကို
ငါ့လျှာနဲ့ပဲ ရွတ်နေတာပါ...

တကယ်တော့လည်း
မင့်နှလုံးသားက ငါပါ...
ငါ့နှလုံးသားကလည်း မင်းပါ...

ATN

ခုတလော (တဂ်လို့ရေးတဲ့စာ-၉)

တွေးနေမိတာက
(၁) ဗမာပြည်ကြီး ဘယ်တော့မှ လွတ်မြောက်ရေးရမလဲ
(၂) ငါလည်း ဘယ်တော့မှ ဖူးလ်တိုင်းမ်အလုပ်တခုရမလဲ
(၃) ကားအသစ်တစီး ဘယ်တော့မှ ၀ယ်နိုင်မလဲ...း)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အတော့ကို သနားစရာကောင်းတဲ့ သတ္တ၀ါ တကောင်ပါပဲ။
ဘ၀အကြောင်းကို ခုထိ ဘာမှကို မသိသေးဘူး။

ကျန်းမာရေး
ဒေါင်ဒေါင်မြည်နေဆဲပဲ။
ဘ၀ဟိုင်းဝေးမှာ ပြေးလို့ကောင်းနေဆဲ။

ဖတ်ဖြစ်တဲ့စာအုပ်တွေက
တအုပ်ထဲပါ။
သမ္မာကျမ်းစာ။
လောလောဆယ် ဖတ်နေမိတာကတော့ ရှောလမုန်သီချင်း။
သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါစေ။
ကိုယ်တော်၏ မေတ္တာသည် စပျစ်ရည်ထက် သာ၍ ကောင်းပါ၏။ (ရှော - ၁း၂)

ရောက်နေဖြစ်တာက
FaceBook ထဲက Mafia
(သုံးမရတဲ့ ပိုက်ပိုက်တွေတော့ အများကြီး ရတယ်။
စိတ်ချမ်းသာစရာကောင်းလိုက်တာ။
ကစားနေတုန်း ပြောပါတယ်)

ရေးဖြစ်နေတာက
ကဗျာတွေချည့်….
(ခေါင်းထဲမှာရော... ဘလော့စပေါ့က ပို့စ်တင်းမှာရော...
ဒါပေသည့် အဆုံးကတော့ မသပ်နိုင်သေး...)

နားထောင်ဖြစ်နေတာက
ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်။
(နံမည်တော့ မသိဘူး... သိတဲ့လူတွေ ပြောသွားကြပါ)
(http://thachinmyar.blogspot.com) က နံပတ် ၁၇ မြောက် သီချင်းပါ။

ရွတ်နေမိတဲ့ကဗျာက
ဧဒင်မျိုးတုံးဖို့
လူသားဗုံးတွေ
တလုံးပြီး တလုံးပေါက်ကွဲနေချိန်မှာ
တို့တယောက်ကို တယောက်
ပိုချစ်ကြရအောင် ဒေလီယာ…..
(သစ်ကောင်းအိမ်)
နောက်နေ့ကျမှဆက်ပြောရအောင်

ဖြစ်ချင်နေတာက
Bill Gates
(Face Book မှာ သူ့ကို add တဲ့သူတွေ များလွန်းလို့ ထွက်သွားရပါသတဲ့။
ကျနော်လည်း ဖွဘွတ်ကနေ ထွက်သွားချင်ပါတယ်။ အားလုံး ၀ိုင်း add ပေးကြပါ...း)

စားဖြစ်နေတတ်တာက
ဖြစ်သလိုချက်ထားသော မနက်စာ၊ နေ့လည်စာနဲ့ ညစာများပါ ခင်ဗျား။

သနားနေမိတာက
ကိုယ့်ကိုယ်ကို။
(ကမ္ဘာပေါ်က သန်း ၆၀၀၀ အထဲမှာ
အမိုက်မဲဆုံးသော လူသားတယောက်၊
ဖခင်တွေထဲမှာ အဆိုးဆုံးသော ဖခင်တယောက်၊
လင်သားတွေထဲမှာ အသုံးမကျဆုံး လင်သားတယောက်၊
သားသမီးတွေထဲမှာ မိဘမျက်နှာ အပျက်ဆုံး သား တယောက်...)

လွမ်းနေမိတာက
မနှစ်က ဆုံးပါးသွားတဲ့ ချစ်သော မေမေ။

မေ့လျော့ပစ်နေမိတာက
အတိတ်မီးလျှံများ (မနော်ဟရီဆီမှ ကူးယူလိုက်ပါသည်)

ခါးသက်နေမိတာက
မိတ်ဆွေအဖြစ် ဟန်ဆောင်ထားသော မျက်နှာများ။

တမ်းတနေမိတာက
ချစ်တဲ့ အကိုကြီးရယ်၊ ချစ်တဲ့ သူငယ်ချင်းတွေရယ်နဲ့ အတူတကွ ညညတွေတိုင်းမှာ ထိုင်ပြီး ဂစ်တာတီးခဲ့ဖူးတဲ့ ပိတောက်ပင်တပင်အောက်က သစ်သားထိုင်ခုံလေး။

ကြိတ်ပြီးချီးကျူးနေမိတာက
ပင်လယ်ထဲ ရေချိုးဆင်းပြီး ပင်လယ်ရေကလည်း ငန်လိုက်တာလို့ ပြောတဲ့သူ။

ကြိတ်ပြီးအထင်သေးနေမိတာက
ကိုယ့်ကိုယ်ကို ငါးထင်နေတဲ့ ဖားလောင်းတွေ။

ဆန္ဒမရှိတဲ့နေရာ
အမေရိကတိုက်။

ဆန္ဒရှိနေတဲ့ကိစ္စ
မကေရဲ့ ဆယ်လမွန်ငါးတို့အပြန်။

မုန်းတီးနေမိတာက
နအဖ သို့မဟုတ် SPDC

ချစ်နေတာက
သက်ရှိ - ကျနော့်ရဲ့ ငှက်ကလေး သုံးကောင်။
(မင်းဆက်အောင်၊ ညီဆက်အောင်၊ ရန်ဆက်အောင်)
သက်မဲ့ - ကျနော့်ရဲ့ လျှပ်စစ်ဂစ်တာ ၂လုံး။
(သူတို့က ကျနော် အသံထွက်စေချင်သလို ထွက်ပေးတယ်)

စိတ်ပျက်နေမိတာက
စီးပွားပျက်ကပ်ကြီး

စွဲလန်းနေမိတာက
နှင်းဆီဖြူတပွင့်။

လိုအပ်နေတာက
ချစ်ခြင်းမေတ္တာ။

တောင်းနေမိတဲ့ဆု
ကယ်လီဖိုးနီးယား လော်တို ပေါက်ပါစေ။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အချစ်ပေးပါ... အချစ်သာ... ပေးပါ့...
(မျက်ရည်ငှက်များ နားစေသတည်း အယ်လ်ဘမ်ထဲမှာပါတဲ့ ကျော်ဟိန်းရဲ့ သီချင်းတပုဒ်။
နံမည်တော့ မမှတ်မိတော့)

ဝန်ခံချင်တာက
ရေးချင်လို့မဟုတ် ချစ်ခင်တဲ့ ညီမငယ် မနော်ဟရီက တဂ်လို့ ရေးလိုက်ရတာပါ။

ကဲ...
ရေးလို့ ပြီးသွားပါပြီ။
တာဝန်အရ ဆက်ပြီး တဂ်ရပါတော့မယ်။
ဖတ်နေသူများ မျက်ခုံး လှုပ်ကြပါ။

ညီ ကိုလူထွေး (ရေးပြီး)
ညီမ မအယ်
ညီမ ကိကီ (ရေးပြီး)
ညီငယ် ရေတမာ (ရေးပြီး)
မမွန် (သုနှင်းဆီ) (ရေးပြီး)
လင်းထက် (ရေးပြီး)
မောင်ဖုန်းမြင့် (ရေးပြီး)
ကိုဧရာနဲ့ မသီတာ (တယောက် တပို့စ်စီ ရေးပေးပါ...း) (ရေးပြီး)
ညီငယ် ရွာသားလေး (ရေးပြီး)
မှူးဒါရီ (ရေးပြီး)
ကလူသစ်ကြီး (ခင်မင်ရင်းနှီးစွာနဲ့ ကြီးတလုံး ပိုထည့်လိုက်သည်...း) (ရေးပြီး)
ညီ ကိုအောင် (ပျူနိုင်ငံ) (ရေးပြီး)
ဒူကဘာ
ကိုဂျက်လီ (ရေးပြီး)
ညီ ပီတိ
တူမငယ် ဆုမွန် (ရေးပြီး)
ညီမငယ် သက်ဝေ (ရေးပြီး)
ညီငယ် သီဟသစ် (ရေးပြီး)
ညီမ နုသွဲ့
ညီမငယ် နှင်း (ရေးပြီး)
အိမ်လွမ်းသူ
ရဲဘော် ဦးဂင်ကြီး (တခါမှ ဒုက္ခ မပေးဖူးသေးလို့... )

Aug 2, 2009

လေးစားမိသော တိုင်းရင်းသားတယောက်

ဘာရယ်မဟုတ် အိမ်အလုပ်တွေ လုပ်နေရင်း တီဗီကို လှမ်းကြည့်လိုက်မိတယ်။ ကျနော် မသိတဲ့ ချယ်နယ် တခုကနေ ရုပ်ရှင် တကား လာနေတာပါ။ ဘာဇာတ်လမ်းလည်း ကျနော် မသိ။ မြင်နေရ တာကတော့ မိုးထဲ လေထဲမှာ စစ်ကြောင်း တခု လယ်ကွင်း တွေကို သတိကြီးကြီး ထားပြီး ဖြတ်နေတယ်။ ဖြစ်နိုင်တာကတော့ ဗီယက်နမ် စစ်ကား တခု ဖြစ်မယ်။

သည်လိုနဲ့ ကျနော့် စိတ်တွေက ကုန်လွန်ခဲ့တဲ့ အတိတ်တွေဆီ ပြေးထွက်သွား တော့တာပါပဲ။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်။ သည်လို အချိန်ကာလပဲ။

ဟုတ်တယ်။ အဲသည်လိုပဲ။ ခု မြင်နေရတဲ့ စစ်ကြောင်းလိုပဲ။ လယ်ကွင်းတွေကို တယောက်နဲ့ တယောက် ငါးလံကွာ လျှောက်ရင်း အသင့်အနေအထားနဲ့ သတိကြီးကြီး ထားပြီး မိုးရေတွေ ထဲမှာ ဖြတ်ခဲ့ရဖူးတယ်။ လယ်ကွင်း တွေဟာ ပစ်ကွင်းတွေပဲလေ။ တကယ်ဆို killing field တွေလည်း ဖြစ်နိုင်တာပေါ့။ သေနတ်တွေကို ဆေ့ဖ်ဖွင့်၊ ထရစ်ဂါပေါ် လက်ညှိုးတင်၊ မျက်လုံးတွေကို ကိုယ် တာဝန်ယူထားရတဲ့ ဖက်ခြမ်းမှာ ပြူးပြဲကြည့်ရင်း။ ရန်သူ့ စိုးမိုးနယ်ကို ဘယ်အခါမှာ သေနတ်သံ ပေါ်လာမှာပါလိမ့်လို့ ရင်တဒိတ်ဒိတ် ခုန်ရင်း ဖြတ်ကျော် ခဲ့ရဖူးတာပေါ့။

၁၉၈၉ ခုနှစ်၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တိတိ၊ အခုလို အချိန်ပါပဲ။ သြဂတ်စ်ရဲ့ မိုးရေစက်တွေ အောက်မှာ ကျနော်တို့ စခန်းက တပ်ရင်း (၂၀၄) နဲ့ (၂၀၅) ပူးပေါင်းပြီး တိုက်ခိုက်ရေး စစ်ကြောင်း တခု၊ ဆေးတပ်ဆွယ်နဲ့ နိုင်ငံရေး အလုပ် အဖွဲ့ တခု ပေါင်းပြီး စည်းရုံးရေး စစ်ကြောင်း တခုကို ပြင်ဆင် ဖွဲ့စည်းခဲ့ပါတယ်။ သည့်နောက်မှာ ဒေသခံ မဟာမိတ် ဖြစ်တဲ့ ကရင့် အမျိုးသား အစည်းအရုံးနဲ့ ဆွေးနွေး ညှိနှိုင်းပြီး သည် စစ်ကြောင်း နှစ်ခုကို ဒူးပလာယာ ခရိုင် (ဖားအံခရိုင်) အတွင်းမှာရှိတဲ့ ကော့ကရိတ် မြို့နယ် ထဲကို စေလွှတ်ခဲ့တာပါ။

ကျနော်တို့ရဲ့ တိုက်ခိုက်ရေးစစ်ကြောင်းက ပထမဆုံး စုဖွဲ့ဖူးတဲ့ လှုပ်ရှား စစ်ကြောင်း ဖြစ်တာမို့ လက်တွေ့ တိုက်ပွဲ အတွေ့ အကြုံက ဘာမျှ မရှိသေး။ ခံစစ်သေမှာတော့ လနဲ့ချီပြီး အတွေ့အကြုံ ရှိခဲ့တာ မှန်ပေမယ့်လည်း ပြောက်ကျား စစ်မှာတော့ လက်တွေ့ ပွဲမတိုးဖူး ကြသေး။ သည့်အတွက် မဟာမိတ်ဖြစ်တဲ့ တပ်မဟာ (၆) တပ်မဟာမှူး ဗိုလ်မှူးချုပ် ရွှေဆိုင်းက KNLA (ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော်) တပ်ဖွဲ့တွေနဲ့ မပူးတွဲပေးသေးပဲ KNDO (ကရင့် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့) တပ်ဖွဲ့တွေနဲ့ပဲ ဦးစွာ ပူးပေါင်းစေကာ လက်တွေ့ ပြောက်ကျားတိုက်ပွဲ ငယ်လေးတွေဆီသို့ ဦးဆောင် ခေါ်သွားခဲ့တာပါ။ စစ်ပညာကို လက်တွေ့ တိုက်ပွဲတွေမှာပဲ သင်ယူကြရတာပေါ့လေ။

သည်လိုနဲ့ တိုက်ခိုက်ရေးစစ်ကြောင်းက KNDO ရင်း (၆) က တပ်ခွဲ (၃) နဲ့ ပူးတွဲပြီး စစ်ကွက်တွေ ထဲမှာ ပြောက်ကျား တိုက်ပွဲတွေကို လိုက်ဖော်ရပါတယ်။ ပြောက်ကျား တိုက်ပွဲတွေ ဆိုတာကလည်း တကယ်တော့ ၅ ယောက်ထက် မပိုတဲ့ တပ်ဖွဲ့လေးတွေပါ။ သည်တော့ ကိုယ့်လူ နှစ်ယောက် KNDO က သုံးယောက် ၊ အဲလိုမျိုးနဲ့ ပြောက်ကျား တပ်စိတ်လေးတွေ ဖွဲ့ပြီး စစ်ကွက်တွေထဲ လွှတ်ရပါတယ်။ တပ်စိတ်လေးတွေ အများကြီး ဖြစ်နေတာပေါ့လေ။ သည် တပ်စိတ်လေးတွေက ရန်သူ့ စစ်ကြောင်းနောက်ကို လိုက်ရတယ်။ စစ်နံကနေ အခွင့်သာရင် ပစ်ပြေးတွေ လုပ်ရတယ်။ ရန်သူလည်း ထိခိုက်မှု အတော်များများ ရှိလာတာပေါ့လေ။ သည်လိုနဲ့ ဒေသ အတွေ့အကြုံ၊ လူထု အတွေ့အကြုံ၊ စစ်ရေး အတွေ့အကြုံတွေ အတော်ရလာပါတယ်။ နောက်ပိုင်းမှာတော့ ကျနော်တို့ စခန်းက တိုက်ခိုက်ရေး စစ်ကြောင်း နှစ်ခုလုံးဟာ KNLA တပ်ဖွဲ့တွေနဲ့ အတူ ပူးတွဲ တာဝန် ထမ်းဆောင် ခွင့်ရခဲ့ပါတော့တယ်။

ဆေးတပ်ဆွယ်နဲ့ နိုင်ငံရေးအလုပ်အဖွဲ့တခု ပူးပေါင်းထားတဲ့ စည်းရုံးရေး စစ်ကြောင်း ကိုတော့ တိုက်ခိုက်ရေး စစ်ကြောင်းလို မဟာမိတ်က နေရာတကာ သွားခွင့်မပေး။ ဒါကလည်း အကြောင်းရှိပါတယ်။ လုံခြုံရေး အခြေအနေကြောင့် ဖြစ်ပါတယ်။ စစ်ကြောင်းတခုလုံးမှာ သေနတ်က ၃ လက်ပဲ ပါတာလည်း တကြောင်း။ သည် စစ်ကြောင်းမှာက သေနတ်ထက် ဆေးထိုးအပ် အရေအတွက်က ပိုများ နေတယ်။ ကလောင်တံတွေက သေနတ်ထက် ပိုများနေတယ်။ သည်တော့ လုံခြုံရေးအတွက် မဟာမိတ်က နေရာတိုင်း တာဝန် မယူပေးနိုင်ပါဘူး။ သည်တော့ နေရာတကာ သွားလို့က မရတော့ဘူး။

ကော့ကရိတ်မြိ့နယ် အတွင်းမှာက ရန်သူ့ စစ်ကြောင်း ၂ ခုက အမြဲတမ်း ရှိနေတာပါ။ တကယ်တော့ ၃ ကြောင်း၊ တကြောင်းက တက်လာ၊ တကြောင်းက ပြန်ဆင်း၊ တကြောင်းက တိုက်ကင်းလှည့်နေဆဲ။ တိုက်ခိုက်ရေး အင်အား ၂၀၀ ကျော်ရှိတဲ့ ရန်သူ့ စစ်ကြောင်း ၃ ခုက အမြဲ လှုပ်ရှားနေတာပါ။ သည်တော့ သည်စစ်ကြောင်းတွေနဲ့ ကျနော်တို့ စည်းရုံးရေး စစ်ကြောင်း တိုးမိရင် မလွယ်။ ဒါကို မဟာမိတ်က စိုးရိမ်တယ်။ သည်တော့ နေရာတကာ သွားခွင့် မပေး။ ခွင့်ပြုတဲ့ နေရာတွေကိုပဲ ကျနော်တို့ သွားနိုင်ပါတယ်။

နောက်တခုက ကျနော်တို့ ရည်ရွယ်တာကတော့ ကော့ကရိတ်မြို့နယ်အတွင်းမှာ ကျနော်တို့ ဆေးရုံလေးတရုံ ဆောက်မယ်။ ကျန်းမာရေးစောင့်ရှောက်မှု အလွန်တရာ ပါးရှားလှတဲ့ သည်နယ်မြေမှာ သည်ဆေးရုံလေးနဲ့ ပြည်သူလူထုကို ကျနော်တို့ တတ်နိုင်သမျှ ကျန်းမာရေး အကူအညီတွေ ပေးမယ်။ နောက် ကျောင်းလေး တကျောင်း ဖွင့်မယ်။ ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို စုစည်းပြီး ပညာရေးအတွက် တတ်နိုင်သမျှ အကူအညီ ပေးဖို့။ သည်စည်းရုံးရေး စစ်ကြောင်းမှာ ဆရာဝန် တယောက် ပါတယ်၊ သေချာ လေ့ကျင့်ပေးထားတဲ့ ဆေးမှူးတွေ ၈ ယောက်လောက် ပါတယ်။ ကျောင်းဆရာမ ၄ ယောက် ကျောင်းဆရာ ၂ ယောက် ပါတယ်။ ပြောရရျင် အဆိုတော် မွန်းအောင်ကြီးတောင် ပါပါသေးတယ်။ သူ့ကို ကျနော်က ဗဟိုရုံးကနေ စခန်းကို အတင်း ခေါ်လာခဲ့တာပါ။ နောက်တော့ သူလည်း ကျောပိုးအိတ်တလုံး လွယ်လို့ စစ်ကြောင်းထဲ ကန့်လန့်ကန့်လန့် ပါလာတော့တာပါပဲ။

တိုက်ခိုက်ရေးစစ်ကြောင်းက ဘာပြသနာမှ မရှိပေမယ့်လည်း စည်းရုံးရေး စစ်ကြောင်း ကတော့ ပြသနာ တချို့ ရှိလာ ပါတယ်။ ခရိုင်နဲ့ တပ်မဟာမှာ ဆွေးနွေးတင်ပြ သဘောတူညီချက်တွေ ခွင့်ပြုချက်တွေ ရရှိပြီးပေမယ့် လက်တွေ့ မှာတော့ တချို့ နေရာ ဒေသတွေမှာ နားလည်မှု တွေက လွဲနေပါတယ်။ လက်တွေ့ အလုပ်လုပ်ဖို့ အခက်အခဲ တွေက ရှိလာနေပါတယ်။ ခရိုင်မှာ ပြီးခဲ့တဲ့ ကိစ္စတွေက မြို့နယ်မှာ စကား အခြေ အတင် ပြောစရာ ဖြစ်လာပါတယ်။

ဥပမာ- စည်းရုံးရေးစစ်ကြောင်း - မင်းတို့က ဘာကို စည်းရုံးမလို့လဲ။ ဒါ ငါတို့လူထု ငါတို့ စည်းရုံးပြီးသား။ မင်းတို့ ထပ်ပြီး စည်းရုံးစရာကို မလိုဘူး။ အိမ်ကြီးပေါ် အိမ်ငယ် လာမဆောက်နဲ့။

ကျနော်တို့ အတော်ရင်ကွဲခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် ဆွေးနွေးပွဲတွေနဲ့ အမြင် တိမ်း စောင်းမှု တွေကို ခက်ခက်ခဲခဲ တည့်မတ်ခဲ့ ကြရတာပါ။ လူထုက နွေးထွေးစွာ လက်ခံ ကြိုဆို ကြတာကိုလည်း လူတချို့က မနာလိုတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တစုံတရာတော့ နားလည်မှု ရလာခဲ့တာပါပဲ။

နောက်တခုက ကျောင်းကိစ္စ။

တို့မှာလည်း ကျောင်းရှိပြီးသားပဲ။ နောက်ထပ် ကျောင်းတခု မလိုဘူး။ နောက်ပြီး အဲကျောင်းမှာ ဘာတွေသင်မှာလဲ။ မဟာဗမာလူမျိုးကြီးဝါဒက ပြဌာန်းတဲ့စာတွေကို သင်မှာလား။

သည်လိုနဲ့ ဆွေးနွေးပွဲ အတော်များများကို ဖြတ်ကျြော်ပီးတဲ့အခါ ကျနော်တို့ ရည်ရွယ်ခဲ့တဲ့ ကျောင်းတကျောင်း အစီအစဉ်ကို စွန့်လွှတ်ခဲ့လိုက်ရပါတယ်။ ဒေသခံ အထက်တန်း ကျောင်းမှာပဲ ကျနော်တို့ဆီက ဆရာဆရာမ ၄ ယောက် ၀င်ရောက် လုပ်အားပေးခဲ့ပါတယ်။

------------------------------------------------------------

အပေါ်မှာ ကျနော် ပြောခဲ့သမျှကတော့ အခု ကျနော် ပြောချင်တဲ့ အကြောင်း တခု အတွက် နိဒါန်းပါ။

အခုတော့ ကျနော် ပြောလိုရင်း အကြောင်းကို ပြောပါ့မယ်။

ကရင့်အမျိုးသားအစည်းအရုံးလို့ ခေါ်တဲ့ KNU ရဲ့ ဒူးပလာယာခရိုင် (ဖားအံခရိုင်)၊ တပ်မဟာ (၆) နယ်မြေမှာ ကျနော် တာဝန်တွေ ထမ်းဆောင်နေခဲ့ချိန်တွေ တလျှောက်လုံးမှာ မဟာမိတ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေကို ရဲဘော် အဆင့်က စလို့ တပ်မဟာမှူးအထိ ထိတွေ့ဆက်ဆံခဲ့ရဖူးပါတယ်။

တပ်မဟာ (၆) တပ်မဟာမှူး ဗိုလ်မှူးချုပ် ရွှေဆိုင်းဆိုရင် စစ်ရေးကိစ္စပေါင်းများစွာနဲ့ သူ့ရဲ့ ဌာနချုပ် အုန်းခြံမှာ ကျနော် ခဏခဏ တွေ့ခဲ့ရတာပါ။ (အဲသည်အချိန်က ကျနော်က မကဒတရဲ့ တပ်ရင်း ၂၀၄ တပ်ရင်းမှူးပါ) ဗိုလ်မှူးချုပ် ရွှေဆိုင်းကို ကျနော်က အဖိုးလို့ ခေါ်ပါတယ်။ သူက ကျနော့်ကို ပအို့ဝ်လေးလို့ ခေါ်ပါတယ်။ (ကျနော့် မိခင်က ပအို့ဝ်မို့ပါ)။

အဲသည်လိုပဲ ဒူးပလာယာခရိုင်ရဲ့ ဥက္ကဌဖြစ်တဲ့ အဖိုး ဖူးတာအယ် (ဗမာလိုဆို ဦးတင်ဦးပေါ့) ဆိုရင်လည်း မကြာခဏ တွေ့နေရတာပါပဲ။ နိုင်ငံရေးကိစ္စ၊ စည်းရုံးရေး ကိစ္စတွေနဲ့။ တွေ့တိုင်းလည်း များသော အားဖြင့် ကတော့ သူ့အိမ်မှာပဲ သွားတွေ့ရတာပါ။

အထက်မှာ ကျနော် ဖော်ပြခဲ့တဲ့ စစ်ကြောင်း နှစ်ခုအကြောင်း အားလုံး ဖတ်ကြပြီးပါပြီ။ ခု ကျနော် ပြောမှာက အဲသည် စစ်ကြောင်း နှစ်ကြောင်း ကျိုက်ဒုံ (ဖားအံခရိုင် နောက်တန်း စခန်း ဌာနချုပ်) ကို ရောက်တဲ့အခါ မဟာမိတ် က ထမင်းစားဖိတ်တဲ့ အကြောင်းပါ။

တိုက်ခိုက်ရေးစစ်ကြောင်းကတော့ ရှင်းပါတယ်။ KNLA နဲ့ KNDO က တာဝန်ရှိတဲ့သူတွေက ဖိတ်တယ်။ သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့ ဌာနချုပ်တွေမှာ သွားပြီး စားကြတာပေါ့လေ။

စည်းရုံးရေး စစ်ကြောင်းကတော့ တချိန်ထဲမှာ ဒူးပလာယာခရိုင် ဥက္ကဌနဲ့ ကော့ကရိတ်မြို့နယ်ဥက္ကဌက ထမင်းစားဖိတ်တာကို ကြုံရပါတယ်။ အဲသည် အချိန်တုန်းက ကျနော်က တိုက်ခိုက်ရေးစစ်ကြောင်းထဲမှာ မပါပါဘူး။ စည်းရုံးရေး စစ်ကြောင်းထဲမှာလည်း မပါပါဘူး။ တပ်မဟာမှူးနဲ့ စစ်ဆင်ရေးကိစ္စ၊ လက်နက် ခဲယမ်း မီးကျောက် ကိစ္စနဲ့ ကျိုက်ဒုံကို ရောက်နေတာပါ။ ကိုယ့်တပ်တွေရှိတော့ ကျနော်ကလည်း စည်းရုံးရေး စစ်ကြောင်းရဲ့ ရုံးမှာပဲ တည်းနေတာပေါ့လေ။

သည်လိုနဲ့ ထမင်းစားဖိတ်ပွဲကို နှစ်စုခွဲပြီး သွားကြဖို့ ဖြစ်လာပါတယ်။ အများစုက လူငယ်တွေ၊ ကျောင်းသားတွေ ဆိုတော့ ဘရုတ်ကလည်း ကျကြပါသေးတယ်။ ခရိုင်နဲ့ မြို့နယ်ဆို ထမင်းစားပွဲက ကွာမှာပဲလို့ အများစုက ယူဆပါတယ်။ သည်တော့ အဖိုးဖူးတာအယ်က ခရိုင်ဥက္ကဌ ဆိုတော့ ခရိုင်က ဖိတ်တဲ့ ထမင်းစားပွဲကိုပဲ အများစုက သွားချင်တာပါ။ ကော့ကရိတ်မြို့နယ် ဥက္ကဌက ဖိတ်တဲ့ ထမင်းစားပွဲကိုတော့ ဘယ်သူမှ မသွားချင်ကြပါဘူး။ ခရိုင်ဆို အစားအသောက်တွေ ပိုကောင်းမယ်ပေါ့လေ။ အဲလိုပဲ တွေးကြတာပါ။

ဒါနဲ့ နှစ်ဖွဲ့ခွဲပြီး ထမင်းစားပွဲကို သွားကြပါတယ်။ ကျနော်ကတော့ ကျနော့် စခန်းက ရဲဘော်တချို့နဲ့ ကော့ကရိတ်မြို့နယ် ဥက္ကဌဖိတ်တဲ့ ထမင်းစားပွဲကို သွားခဲ့ပါတယ်။ စည်းရုံးရေးစစ်ကြောင်းကလူတွေ အများစု (ကျနော်တို့ စခန်းဥက္ကဌ အပါအ၀င်) ကတော့ အဖိုး ဖူးတာအယ် ဖိတ်တဲ့ ခရိုင် ထမင်းစားပွဲကို သွားကြတာပေါ့လေ။

မြို့နယ်က ဖိတ်တဲ့ ထမင်းစားပွဲကတော့ အမျိုးကို စုံနေတာပါပဲ။ ဥက္ကဌကလည်း ဗမာနဲ့ ကရင် စပ်တာဆိုတော့ ကျနော်တို့ ကြိုက်တတ်တာ သိပုံပါပဲ။ ကျနော်တို့လို့ ငတ်နေတဲ့ ကောင်တွေအတွက်တော့ အူစိုအောင် လုပ်ပေးထားတာပါ။ ဘီယာနဲ့ အရက် တချို့တောင် ပါလိုက်ပါသေးတယ်။ ထမင်းစားပွဲပြီးတော့လည်း ကျနော် တို့ကို ကားနဲ့ပါ လိုက်ပို့လိုက် ပါသေးတယ်။

နောက်တန်းရုံးပြန်ရောက်တော့ မြို့နယ် ထမင်းစားပွဲကို သွားခဲ့တဲ့ ကျနော်တို့က အူတွေစိုပြီး ကောင်းနေပါပြီ။ ရေချိန်တွေ မှန်လို့။ ခရိုင်ကို အထင်ကြီးပြီး သွားခဲ့တဲ့ စခန်းဥက္ကဌ အပါအ၀င် ကိုမွန်းအောင်ကြီးတို့ရော ဆရာဝန်တွေ ဆရာမတွေရော အားလုံးက အဖိုး ဖူးတာအယ်နဲ့ သူမိန်းမကိုယ်တိုင် ချက်ကျွေးတဲ့ ထမင်းကို ငပိရည်၊ တို့စရာနဲ့ပဲ စားခဲ့ရပြီး ပြန်လာခဲ့ရတော့ ကျနော်တို့ မြို့နယ်မှာ စားလာခဲ့ရတာတွေကို ပြောပြတော့ - မှားပါတယ် မှားပါတယ် - နဲ့။

-------------------------------------------------
နောက်တနေ့မှာ အဖိုး ဗိုလ်မှူးချုပ်ရွှေဆိုင်းနဲ့ ကျနော်တွေ့ဖြစ်တော့ ထမင်းစား ဖိတ်တဲ့အကြောင်း စကားစပ်ရင်း အဖိုးဖူးတာအယ် ကျနော့်စည်းရုံးရေးစစ်ကြောင်းကို ငပိနဲ့ ထမင်းကျွေးလိုက်ကြောင်း ကျနော် ပြောတော့ အဖိုး ဗိုလ်မှူးချုပ်ရွှေဆိုင်းက ရီပါတယ်။

ဟေ့ကောင်ရ သူလည်း အဲဒါပဲ စားတာ။ မင်းတို့ကို သူ အဲဒါပဲ ကျွေးမှာပေါ့ကွ-တဲ့။

ပြောရင်း အဖိုး ဖူးတာအယ်အကြောင်းကို ပြောပြပါတယ်။ တပ်မဟာ (၆)နဲ့ ဒူးပလာယာခရိုင်စတင် တည်ဆောက်စဉ်က အကြောင်းပါ။ အဖိုးဖူးတာအယ်က လက်ဝဲ၀ါဒကို ယုံကြည်ပါတယ်။ ပစ္စည်းမဲ့လူတန်းစားကို ယုံကြည်ပါတယ်။ တပ်မဟာအတွက် အလုပ်တွေစတော့ သူ့ အိမ်ဆောက်ဖို့ အဖိုး ရွှေဆိုင်းဆီမှာ လာပြောပါသတဲ့ အိမ်ဆောက်ဖို့ တခုခု လုပ်ပေးပါပေါ့... အဲတော့ အဖိုးရွှေဆိုင်းကလည်း မင်း ပစ္စည်းမဲ့ဝါဒကို ယုံတယ် မဟုတ်လား။ ဒါဆို မင်းအတွက် ဘာပစ္စည်းမှ မလိုပါဘူး။ ငါလည်း ဘာမှ မပေးနိုင်ဘူး-လို့ ပြောလွှတ်လိုက်ပါသတဲ့။ နောက်နေ့ကျတော့ အဖိုး ဖူးတာအယ်က သူ့မှာရှိတဲ့ ဓါးတချောင်းထဲနဲ့ပဲ အိမ်ရော ရုံးရောကို ရအောင် ဆောက်ခဲ့ပါသတဲ့။ အဲဒါကို အဖိုးနဲ့ ကျနော် လူချင်းတွေ့တော့လည်း မေးခဲ့ဖူးပါတယ်။ အဖိုးက ရီပြီး ပြောပါတယ်။ - ဟုတ်တယ်လေ။ ငါတို့က အဲလိုယုံတာကိုး။ ယုံတဲ့အတိုင်းလည်း ဖြစ်အောင် လုပ်ရတာပေါ့ - တဲ့။

တကယ်တော့ ကျနော်တို့ရဲ့ စည်းရုံးရေး စစ်ကြောင်းအတွက်လည်း အဖိုးကပဲ အစစ အရာရာ တာဝန်ခံ ကူညီပေးခဲ့တာပါ။

ကျနော့်အတွက်တော့ လေးစားရတဲ့ တိုင်းရင်းသားတယောက်ဟာ အဖိုး ဖူးတာအယ် ပါပဲ။

Aug 1, 2009

ဝေဒနာ

မောင်းနေသော ကားက ဘရိတ် အုပ်လိုက်တိုင်း တကျွီကျွီ မြည်သံဖြင့် သူ့ကို သတိပေး နေလေသည်။
“ဘရိတ်ရှူးတွေ ပါးနေပြီ။ လဲရတော့မယ်”ဟု သူ့ဘာသာ တွေးနေမိသည်။
“အင်း... အရေးထဲ ပိုက်ဆံ ပြတ်နေပါတယ်ဆိုမှကွာ...”
သူနည်းနည်းတော့ ဒေါသထွက်လာသည်။ ဟုတ်တော့လည်း ဟုတ်သည်။ အလုပ်လိုက်ရှာရင်း မြို့တကာ နေရာအနှံ့ လိုက်လျှောက်သွားနေရတော့ မီးပွိုင့်တကာမှာ ခဏခဏ ရပ်ရတာ ခြောက်လ ကျော်ခဲ့ပြီ။ သည် ဘရိတ်ရှူးမှ မပါးရင်လည်း ဘယ်အရာကမှ ပါးလိမ့်မည် မဟုတ်။ အခုတော့ သူ့ ခံနိုင်ရည်တွေကလည်း သူ့ကား ဘရိတ်ရှူးလို ပါးလှပ်နေလေပြီ။

မဆီမဆိုင် “ကားလေး တစင်းလောက်ဝယ်ရင် ဘရိတ် ပါပါစေ...” ဆိုသော နော်လီဇာ၏ သီချင်းအား သတိရလိုက်မိသေးသည်။

ကားလေးတစင်း ရှိတာ အတော့်ကို အလုပ်ရှုပ်လေသည်။ ၃ လတခါ ဒါမှ မဟုတ် မောင်းလာသည့် မိုင်ပေါင်း ၃၀၀၀ ပြည့်တိုင်း ဆီတွေ လဲရသည်။ ၆ လတခါ တာယာတွေကို ရိုတိတ်လုပ်ရသည်။ တပတ်တခါလောက်လည်း ရေချိုးပေးရသည်။ တနှစ်တခါ ဆေးစစ် ရသေးသည်။ သူကိုယ်တိုင်တောင် သူ့ကိုယ်သူ ဆေး မစစ်ခဲ့တာ ဘယ်နှနှစ်ရှိနေပြီမှန်း မမှတ်မိတော့။ သူ့ခန္ဓာကိုယ်ကြီးကတော့ ခုထိ ဘ၀ဟိုင်းဝေးကြီးမှာ ပြေးလို့ ကောင်းနေတုန်း။ ခုတော့ ကယ်လီဖိုးနီးယားဟိုင်းဝေးမှာ ကောင်းကောင်း မပြေးချင်သည့် သူ့ကားကို ဆေးစစ် ရဦးမည်။ ဘာလို့ဆို သူ့ကားက အသက်ကြီးပြီလေ။

သည်အကြောင်းတွေးရင်း သူငယ်ချင်း တဦးဖြစ်သည့် ကားပွဲစား ပြောသည့် စကားကို သွားပြီး သတိရနေမိသေးသည်။

“ကားဆိုတာက အပျိုလေးတွေလိုပဲကွ။ မော်ဒယ် အသစ်တွေဆို အရမ်းလှတာ။ မောင်းလို့လည်း ကောင်းမှကောင်း။ မောင်းရင်း မောင်းရင်း မိုင်းလေ့ဂ်ျတွေ တက်လာတော့ ကျန်းမာရေးက ကျလာရော။ ဆယ်နှစ်ပဲ။ အဲသည်ထက် ကျော်လာရင်တော့ အဖွားကြီး ဖြစ်တော့တာပဲ။ ချောင်းတွေဆိုး၊ ခါးတွေကုန်း၊ ဖင်နာ ခေါင်းကိုက်တွေ ဖြစ်လာရော... ”

သူ့ကားက ဆယ်နှစ်ကျော်ပြီ။ ဖင်နာ၊ ခေါင်းကိုက်ရုံတင်မက အခုဆို နေရင်းထိုင်ရင်း ဘရိတ်မီးက မလင်းတော့။ ဒင်းကိုတော့ နားရင်း အုပ်ချင်နေမိသည်။ ဒက်ရှ်ဘုတ်မှာလည်း ၀မ်နင်တွေပေါ်နေသည်။ ဘရိတ်မီး ပြသနာကလည်း တကယ်တော့ မသေးလှ။ နေ့ချင်းမောင်းရင်တော့ ပြသနာ မရှိလှပေမယ့် ညဖက် မောင်းသည့်အခါ ပြသနာ ရှိသည်။ အထူးသဖြင့် ဟိုင်းဝေးတွေမှာ ညဖက် မောင်းနေချိန်တွင် ကိုယ်က ဘရိတ် အုပ်သည့်အခါ ကိုယ့် ဘရိတ်မီးကို နောက်ကားက မမြင်ရလျှင် ကိုယ့်ကို ဆက်မောင်းနေသည် ထင်ပြီး ၀င်ဆောင့်နိုင်သည်။ သူကတော့ မသိချင်ယောင် ဆောင်ပြီး သည်အတိုင်း မောင်းနေသည်မှာ ၃-၄ လ။ “ညဖက် မမောင်းရင်ပြီးတာပဲကွာ” ဆိုပြီး ကိုယ့်ဖာသာ ကိုယ် အကြောင်းပြပြီး သည်အတိုင်း ထားခဲ့သည်။

ခုတော့ ဆီလဲကာမှ စက်ဆရာက ပြောလာသည်
“မင့်ကားက ဘရိတ်မီး အချက်ပြ အလုပ် မလုပ်တော့ဘူး၊ အဲဒါ ၀ိုင်ယာရင်းတွေ ပြင်ရမယ်။ လုပ်မလား” မေးလာသည်။
“အေး.. ဘယ်လာက်ကျမလဲ...” မေးမိတော့
“မသိသေးဘူး။ ခန့်မှန်းချေတော့ ၂၀၀ ၀န်းကျင် ရှိမယ်...” ပြောလာသည့်အခါ
“ဒါဆိုလည်း နေတော့ကွာ... နောက်မှပဲ ငါလာလုပ်တော့မယ်... ” ပြောပြီး ကားသော့ကို ယူကာ အိမ်သို့ ပြန်မောင်းလာခဲ့သည်။
ဘရိတ်မီး ပြင်တာ ၂၀၀ ကျမည်လား။ သူမသိပါ။ သူကလည်း တကယ်တော့ ကဗျာအကြောင်းကလွဲလျှင် ဘာမျှ သိသူ မဟုတ်။ ကားအကြောင်းကတော့ ဝေလာဝေး။ သိသူများကပဲ ပြောပြပေးကြပါ။ သူသိတာကတော့ သူ့မှာ ဘရိတ်မီးကို ပြင်ဖို့ ပိုက်ဆံ မရှိ။ ဒါပဲ သူသိသည်။

နေထိုင်ရာ အပတ်မန့် ၀င်းထဲရောက်တော့ ပတ်ကင်မှာ ကားကိုထိုးရင်း သူ့ကားကို သူ သေချာ လှည့်ပတ်ကြည့်လိုက်သေးသည်။

“အင်း... အပြင်မှာတော့ ချောနေ လှနေဆဲပါပဲ။ အထဲက ကလီစာတွေကတော့ ငါ မသိဘူးကွယ်။ မင့် ဘရိတ်မီးကလေး ငါပြန်ပြင်ပေးပါ့မယ်။ ငါ့ အလုပ်တွေ ကောင်းတဲ့အခါပေါ့။ အခုတော့ မင်း ချောင်းဆိုး မနေရင် တော်ပါပြီ”

ကားခေါင်းကို ကိုင်ရင်း စိတ်ထဲမှ သူပြောချင်ရာကို သူ့ကားလေးကိုပြောကာ သူ အိမ်ပြန်လာခဲ့လေသည်။

သူ့စကားကို သူ့ကားကလေး ကြားလေမည်လား။

သူ မသိပါ။