Jun 1, 2008

တချို့ အရာတွေ ပြောင်းသွားတယ်


ကျနော်လည်း တခြားဘလော်ဂါတွေလိုပါပဲဗျာ။ ကိုယ့်ဘလော့လေးကို တခြားဘလော့တွေနဲ့မတူ တမူထူးခြားနေစေချင်တယ်။ ကိုယ့်ဘလော့လေးကို သပ်သပ်ရပ်ရပ် လှလှပပ ဖြစ်နေစေချင်တယ်။ Appearance တခုတည်းကို ပြောနေတာ မဟုတ်ပါဘူး။ ကိုယ့်ဘလော့ရဲ့ ဦးတည်ရာကိုပါ ဆိုလိုတာပါ။

ဒါပေမယ့် ဘလော့လေးကို အမြင်မှာ သပ်သပ်ရပ်ရပ် လှလှပပ ဖြစ်စေဖို့ကလည်း နည်းပညာတွေက လိုနေပါသေးတယ်။ အဲဒါတွေကို ဆည်းပူးရင်း အခက်အခဲတွေကလည်း ကြုံရသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျနော့် ဘလော့လေးကို ကြည့်လို့ ရှုလို့ ပိုကောင်းသွားအောင် ကိုယ့်ဘာသာလုပ်ရင်းနဲ့ နည်းပညာ အကန့်အသတ်တချို့တွေ ရှိနေတာကိုလည်း သတိထားမိ သွားပါသေးတယ်။

ကျနော်က အဲဒီ အကန့်အသတ်တွေကို မကျော်လွှားနိုင်ပါဘူး။ ကျော်လွှားပေးနိုင်တဲ့ ဆရာသမားများကို လေ့လာ ဆည်းပူး ရပါတယ်။ ဘယ်သူမဆို ဆရာမပြ ငါးပိဖုတ်တောင် နည်းမကျ-လို့ ဆိုရိုးရှိတယ် မဟုတ်လား။ ဒါနဲ့ ဆရာသမားများရဲ့ သင်ပြချက်တွေနဲ့ ကျနော့် ဘလော့ကို Modify လုပ်ခဲ့ပါတယ်။

တော်တော်များများ ကျနော့် ဘလော့မှာ ပြောင်းသွားခဲ့တယ်။ အဲဒါတွေကတော့ အဲဒီဆရာသမားများရဲ့ ကျေးဇူးပါ။

No comments: