Sep 27, 2009

စွန်းထင်းမှု (၁၄)

“ဆံပင်”

လက်သည်းတွေလိုပဲ
ခုတ်ဖြတ်ခံရလည်း သွေးမထွက်ပြဘူး...
ငါကတော့ သူတို့ကို သနားနေမိရောပဲ...
သူတို့ နာကျင်နေရတာ ဘယ်သူ သိမလဲ...
သည်လိုနဲ့
ငါ့ရဲ့ ဆံပင်တွေ
ရှည်ရှည်လာရတော့တာပါပဲ...


ATN

2 comments:

juno said...

အေးလွန်းပြီး သွေးခဲကုန်လာမှ မသိ
သွေးမထွက်ပေမဲ့
မနာလို့ တော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့ ။

မအယ်

Angel Shaper said...

ဘယ်သူလဲ သမီးအကိုကို ခေါင်းပုံဖြတ်ဖြတ်သွားတာ။။ ဟဲဟဲ...
သွေးမထွက်တဲ့ ဒဏ်ရာက ပိုနာတယ်နော်။