ATN - ထိုင်ကွာ ဂျက်
Jack - ... ...
ATN - ဘာလဲ... မင်းက စကား မပြောချင်လို့လား.. ဒါဆိုလည်း ဘလော့တွေ သွားဖတ်ကွာ... ဟော... ဟိုမှာ... ငါ့ ကွန်ပြူတာ ဖွင့်ထားတယ်... ငါလည်း ညနေစာ ထမင်းချက်လိုက်ဦးမယ်...
Jack - ... ...
ATN - သည်ည... မင်း... ဘာစားချင်လဲ... ပြော...
Jack - ... ...
ATN - ငါ့လိုပဲလား... ဘာပဲဖြစ်ဖြစ်... အစားအသောက် တခုခု ဖြစ်ရင်ပြီးရော... အဲသလိုလား... ဒါဆိုလည်း... ချစ်ကဲန်းပေါ့ပ်ကွန်းတွေပဲ... ငါ ကြော်ပစ်လိုက်တော့မယ်... ဂျက်... ပြီးရင်... မင်းနဲ့ငါ... အတူစား... အဲ... အတူ... မြည်းကြတာပေါ့...
Jack - ... ...
ATN - ဂျက်... မင်းဟာ... တော်တော် စကားများတဲ့ကောင်ပဲ... မင့်ပါးစပ်ကို ခဏလောက်... ပိတ်ထားလို့မရဘူးလား... သည်မှာ ... ငါစကားအကောင်း... ပြောစရာ... ရှိလို့...
Jack- ... ...
ATN - အေးလေ... အဲသည်အကြောင်းကိုပဲ... ငါပြောမလို့... ဗုံး... အစအနတွေကလည်း... ငါ့ကို... လာမှန်တာပေါ့... ငါတောင် ပက်လက်လန်ကျသွားတာ... မင်း... မတွေ့ဘူးလား...
Jack - ... ...
ATN- အော... အေးပေါ့... အေးပေါ့... အဲတုန်းက... မင်းက... မူးနေတာကိုး... ဟာ... ဟ...
Jack - ... ...
ATN - နိုး... နိုး... ငါက... မင်းကို ပြောင်တာ မဟုတ်ရပါဘူး... မင်းဘာကောင်လဲဆိုတာ... ငါသိတာပေါ့... ဂျက်ရယ်... ဒွတ်ခပါပဲ...မင်းကလည်း... စိတ်ကြီးပဲ... စိတ်လျှော့... စိတ်လျှော့...
Jack - ... ...
ATN - အဲလောက်တော့... ငါ့ကို... စိတ်မတိုနဲ့လေကွာ... ဂျက်... ခက်တော့တာပဲ... မင်းတို့ အခက်ဒမစ်တွေဟာ... အခက်ဆိုတာနဲ့ အညီ... တော်တော် ခက်လေသည်ပဲ... မင်းတို့ စကော်လာတွေဟာ... တော်တော် ခက်ပါသည်ပဲ... ... အဲ... ... အဲ ... ... ငါကလည်း... တံဆိပ်တွေပဲ... တပ်မိနေပြီကော... ဒွတ်ခ...
Jack - ... ...
ATN - အာ... ငါက ရွဲ့ပြောနေတာ မဟုတ်ဘူး... အေတီအဲန်ကသာ ရွဲ့နေတာ... ခက်ပါပေါ့... ဂျက်ရယ်...
Jack - ... ...
ATN - ဘာ... ... အာ... မဟုတ်ဘူး... .... အဲကောင်... ရူးနေတာ မဟုတ်ဘူး... ဟ... ရွဲ့နေတာ... မူးနေတာလည်း... မဟုတ်ဘူး... မဲ့နေတာ...
Jack - ... ...
ATN - အဲနေပါဦး... သူ့အကြောင်း. မင်းက... ကောင်းကောင်းသိလို့လား...
Jack - ... ...
ATN - တော်တော့ကွာ... သူ့အကြောင်း... ကောင်းကောင်း သိတာ... သူ့ အမေပဲ ရှိပါတယ်... ခုတော့... သူ့အမေလည်း... သေပြီဆိုတော့... သူ့အကြောင်းကို ကောင်းကောင်းသိတာ... သူကိုယ်တိုင်ပဲ ရှိတော့မယ်...
Jack -... ...
ATN - ဘာ... ... ဘာ ... ... သူ့စာတွေ... သူ့ ကဗျာတွေ ဖတ်ရင်... သူ့အကြောင်းသိတယ်... ဟုတ်လား... ... မင်း... ရူးနေပြီ... ဂျက်... ဒါမှမဟုတ်... မင်း... မူးနေပြီ... ဂျက်... ဒွတ်ခပဲ... လူတယောက်ရဲ့... စာတွေ... ကဗျာတွေ... ဖတ်ရရုံနဲ့... သူ့အကြောင်း သိမတဲ့လား... နိုးဝေး... ဝေးစွ... ... ...
ခု... သူ့ကဗျာတွေ... မင်းဖတ်ကြည့်ပါလား... သူ့မှာ... ရီးစား... ဘယ်နှစ်ယောက်ရှိလဲ-လို့... မင်းတို့... သိလို့လား... ဟား... ဟား...
Jack - ... ...
ATN - ဟုတ်တယ်လေ... အဲဒါ... အမှန်ပဲ... ဂျက်... ဒါပေသည့်... မင်းတို့ မြင်နေ ဖတ်နေရတာ... JUST a tip of the ice-barge ဖြစ်မှာပါ... ဘိုလိုပြောလို့... ငါ့ကို စိတ်ဆိုးသွားပလား... ဂျက်...
Jack - ... ...
ATN - အေးပါ... အေးပါ... ဒါပေသည့်... အေတီအဲန် မရှိလည်း... ကမ္ဘာကြီးရော... ဗမာပြည်ကြီးရော... ဘာမှ မဖြစ်ဘူး မဟုတ်လား... ဘာလို့ သူ့ကို ခဏခဏ ခလုတ်သွားတိုက်နေကြရတာတဲ့လဲ.. သူက စကော်လာ မဟုတ်ဘူး... အခက်ဒမစ်တယောက် မဟုတ်ဘူး... ကြီးကြီးကျယ်ကျယ်တွေ သူ ဘာမှ မပြောဖူးဘူးပဲ... သူက အရက်မူးသမားတယောက်ပဲ... ဘာလို့... သူ့ကိုမှ ရွေးပြီး နှိပ်ကွပ်ချင်နေရတာတဲ့လဲ.. ဒွတ်ခပါပဲ... ဂျက်...
Jack - ... ...
ATN - ဆောရီး... ဂျက်... မင့်ကို... ဘရိန်းစထွန်းမင်း... လုပ်မိသွားတယ်... ဟာ... ဟ...
Jack - ... ...
ATN - အေးပါ... အေးပါ... ငါ...သိတာပေါ့... မင်းက... အမြဲတမ်း... အေးဆေးပါပဲ-ဆိုတာ...
Jack - ... ...
ATN - မင့်တယောက်ထဲလည်း... မဟုတ်ပါဘူးကွာ... တကယ်တော့... ငါတို့... အမိဗမာပြည်မှာ... သန်းလေးဆယ်ကျော်လောက်က...အချိန်မရွေး... အေးဆေးပါပဲ... ဒါကြောင့်လည်း... ဗုံးတွေ... ကွဲနေတာပေါ့...
Jack - ... ...
ATN - အေး... အေး... ဟုတ်တယ်... ဟုတ်ပါတယ်... ငါက... စွပ်စွပ် စွဲစွဲ ကောင်ပါ...
Jack - ... ...
ATN - ဒါမယ့်... မင့်ကို အရက်ပုလင်းတလုံး-လို့တော့ ငါ မစွပ်စွဲခဲ့ဘူး... ဂျက်...
Jack - ... ...
ATN - မင်းဟာ... ငါ့ အဖော်ပါ... ဂျက်...
Jack - ... ...
ATN -အဲသလို ငါပြောလို့... မင်းပျော်သွားသလား..
Jack - ... ...
ATN - ငါ အိပ်တော့မယ်... မင်းလည်း... အိပ်တော့လေ... ဂျက်...
ATN