Apr 25, 2010

Jack နှင့် ထပ်မံ စကားပြောခြင်း


















ATN - ထိုင်ကွာ ဂျက်
Jack - ... ...
ATN - ဘာလဲ... မင်းက စကား မပြောချင်လို့လား.. ဒါဆိုလည်း ဘလော့တွေ သွားဖတ်ကွာ... ဟော... ဟိုမှာ... ငါ့ ကွန်ပြူတာ ဖွင့်ထားတယ်... ငါလည်း ညနေစာ ထမင်းချက်လိုက်ဦးမယ်...
Jack - ... ...
ATN - သည်ည... မင်း... ဘာစားချင်လဲ... ပြော...
Jack - ... ...
ATN - ငါ့လိုပဲလား... ဘာပဲဖြစ်ဖြစ်... အစားအသောက် တခုခု ဖြစ်ရင်ပြီးရော... အဲသလိုလား... ဒါဆိုလည်း... ချစ်ကဲန်းပေါ့ပ်ကွန်းတွေပဲ... ငါ ကြော်ပစ်လိုက်တော့မယ်... ဂျက်... ပြီးရင်... မင်းနဲ့ငါ... အတူစား... အဲ... အတူ... မြည်းကြတာပေါ့...
Jack - ... ...
ATN - ဂျက်... မင်းဟာ... တော်တော် စကားများတဲ့ကောင်ပဲ... မင့်ပါးစပ်ကို ခဏလောက်... ပိတ်ထားလို့မရဘူးလား... သည်မှာ ... ငါစကားအကောင်း... ပြောစရာ... ရှိလို့...
Jack- ... ...
ATN - အေးလေ... အဲသည်အကြောင်းကိုပဲ... ငါပြောမလို့... ဗုံး... အစအနတွေကလည်း... ငါ့ကို... လာမှန်တာပေါ့... ငါတောင် ပက်လက်လန်ကျသွားတာ... မင်း... မတွေ့ဘူးလား...
Jack - ... ...
ATN- အော... အေးပေါ့... အေးပေါ့... အဲတုန်းက... မင်းက... မူးနေတာကိုး... ဟာ... ဟ...
Jack - ... ...
ATN - နိုး... နိုး... ငါက... မင်းကို ပြောင်တာ မဟုတ်ရပါဘူး... မင်းဘာကောင်လဲဆိုတာ... ငါသိတာပေါ့... ဂျက်ရယ်... ဒွတ်ခပါပဲ...မင်းကလည်း... စိတ်ကြီးပဲ... စိတ်လျှော့... စိတ်လျှော့...
Jack - ... ...
ATN - အဲလောက်တော့... ငါ့ကို... စိတ်မတိုနဲ့လေကွာ... ဂျက်... ခက်တော့တာပဲ... မင်းတို့ အခက်ဒမစ်တွေဟာ... အခက်ဆိုတာနဲ့ အညီ... တော်တော် ခက်လေသည်ပဲ... မင်းတို့ စကော်လာတွေဟာ... တော်တော် ခက်ပါသည်ပဲ... ... အဲ... ... အဲ ... ... ငါကလည်း... တံဆိပ်တွေပဲ... တပ်မိနေပြီကော... ဒွတ်ခ...
Jack - ... ...
ATN - အာ... ငါက ရွဲ့ပြောနေတာ မဟုတ်ဘူး... အေတီအဲန်ကသာ ရွဲ့နေတာ... ခက်ပါပေါ့... ဂျက်ရယ်...
Jack - ... ...
ATN - ဘာ... ... အာ... မဟုတ်ဘူး... .... အဲကောင်... ရူးနေတာ မဟုတ်ဘူး... ဟ... ရွဲ့နေတာ... မူးနေတာလည်း... မဟုတ်ဘူး... မဲ့နေတာ...
Jack - ... ...
ATN - အဲနေပါဦး... သူ့အကြောင်း. မင်းက... ကောင်းကောင်းသိလို့လား...
Jack - ... ...
ATN - တော်တော့ကွာ... သူ့အကြောင်း... ကောင်းကောင်း သိတာ... သူ့ အမေပဲ ရှိပါတယ်... ခုတော့... သူ့အမေလည်း... သေပြီဆိုတော့... သူ့အကြောင်းကို ကောင်းကောင်းသိတာ... သူကိုယ်တိုင်ပဲ ရှိတော့မယ်...
Jack -... ...
ATN - ဘာ... ... ဘာ ... ... သူ့စာတွေ... သူ့ ကဗျာတွေ ဖတ်ရင်... သူ့အကြောင်းသိတယ်... ဟုတ်လား... ... မင်း... ရူးနေပြီ... ဂျက်... ဒါမှမဟုတ်... မင်း... မူးနေပြီ... ဂျက်... ဒွတ်ခပဲ... လူတယောက်ရဲ့... စာတွေ... ကဗျာတွေ... ဖတ်ရရုံနဲ့... သူ့အကြောင်း သိမတဲ့လား... နိုးဝေး... ဝေးစွ... ... ...
ခု... သူ့ကဗျာတွေ... မင်းဖတ်ကြည့်ပါလား... သူ့မှာ... ရီးစား... ဘယ်နှစ်ယောက်ရှိလဲ-လို့... မင်းတို့... သိလို့လား... ဟား... ဟား...
Jack - ... ...
ATN - ဟုတ်တယ်လေ... အဲဒါ... အမှန်ပဲ... ဂျက်... ဒါပေသည့်... မင်းတို့ မြင်နေ ဖတ်နေရတာ... JUST a tip of the ice-barge ဖြစ်မှာပါ... ဘိုလိုပြောလို့... ငါ့ကို စိတ်ဆိုးသွားပလား... ဂျက်...
Jack - ... ...
ATN - အေးပါ... အေးပါ... ဒါပေသည့်... အေတီအဲန် မရှိလည်း... ကမ္ဘာကြီးရော... ဗမာပြည်ကြီးရော... ဘာမှ မဖြစ်ဘူး မဟုတ်လား... ဘာလို့ သူ့ကို ခဏခဏ ခလုတ်သွားတိုက်နေကြရတာတဲ့လဲ.. သူက စကော်လာ မဟုတ်ဘူး... အခက်ဒမစ်တယောက် မဟုတ်ဘူး... ကြီးကြီးကျယ်ကျယ်တွေ သူ ဘာမှ မပြောဖူးဘူးပဲ... သူက အရက်မူးသမားတယောက်ပဲ... ဘာလို့... သူ့ကိုမှ ရွေးပြီး နှိပ်ကွပ်ချင်နေရတာတဲ့လဲ.. ဒွတ်ခပါပဲ... ဂျက်...
Jack - ... ...
ATN - ဆောရီး... ဂျက်... မင့်ကို... ဘရိန်းစထွန်းမင်း... လုပ်မိသွားတယ်... ဟာ... ဟ...
Jack - ... ...
ATN - အေးပါ... အေးပါ... ငါ...သိတာပေါ့... မင်းက... အမြဲတမ်း... အေးဆေးပါပဲ-ဆိုတာ...
Jack - ... ...
ATN - မင့်တယောက်ထဲလည်း... မဟုတ်ပါဘူးကွာ... တကယ်တော့... ငါတို့... အမိဗမာပြည်မှာ... သန်းလေးဆယ်ကျော်လောက်က...အချိန်မရွေး... အေးဆေးပါပဲ... ဒါကြောင့်လည်း... ဗုံးတွေ... ကွဲနေတာပေါ့...
Jack - ... ...
ATN - အေး... အေး... ဟုတ်တယ်... ဟုတ်ပါတယ်... ငါက... စွပ်စွပ် စွဲစွဲ ကောင်ပါ...
Jack - ... ...
ATN - ဒါမယ့်... မင့်ကို အရက်ပုလင်းတလုံး-လို့တော့ ငါ မစွပ်စွဲခဲ့ဘူး... ဂျက်...
Jack - ... ...
ATN - မင်းဟာ... ငါ့ အဖော်ပါ... ဂျက်...
Jack - ... ...
ATN -အဲသလို ငါပြောလို့... မင်းပျော်သွားသလား..
Jack - ... ...
ATN - ငါ အိပ်တော့မယ်... မင်းလည်း... အိပ်တော့လေ... ဂျက်...

ATN

8 comments:

littlebrook said...

သန်းလေးဆယ်ကျော်ထဲက တစ်ယောက်ကတော့
တခါ တခါ သေလည်းမထူးဘူး မသေလည်း မထူးဘူး
ပျင်းစရာလို့ မြင်နေတယ် အကိုအောင်ရေ ..

မောင်မျိုး said...

သန်းလေးထောင်ကျော်က အေးဆေးပေါ့ အန်ကယ်ရေ့ ဗုံးသတင်းကြားတော့ လမ်းခရီးမှာ အစစ်ဆေးတွေ ထူမယ်ထင်နေတား) ဘယ်ဟုတ်မလဲ ကားပေါ်ကတောင် မဆင်းရဘူး အဲ့ဒီလောက်ကို ငြိမ်းတာ အီးဇီးမှာ ဂိုးရီးပါပဲဗျို့ ။ ဒါပေသိ တစ်မျိုးကြီးပဲ ဘာကြီးမှန်းကိုမသိတော့တာ ပြောလို့တော့မကောင်းဘူး ပေါက်တယ်ဟုတ် ခဏ ကွိမှာစိုးလို့ ဟဲဟဲ ။

ခရေညို said...

ဪ ဗုံး ဗုံး ဗုံးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Kaung Kin Ko said...

ခံစားသွားတယ် အကို။ ရေးသွားတဲ့ ပုံစံလေးလည်း ကြိုက်တယ်ဗျ။

An Asian Tour Operator said...

ကျွန်တော့မှာလဲ Jack ဆိုတဲ့ ဘော်ဒါ တယောက်ရှိတယ်။ အမေရိကန်ဘဲ Jack Daniel တဲ့..

ခင်မင်စွာ

AATO

Anonymous said...

mite tha byoe.

Anonymous said...

mite tha byoe.

tututha said...

အစ်ကိုဂျီး ဂျက်ဒေနီယယ်လေးကိုတော့ ဂလို စကားတွေ လျှောက်မပြောသင့်ပါဘူးဗျာ ...တနားပါတယ် :P