အိမ်ပြန်ကြရအောင်လား... သားတို့ရေ...
အိမ်-ဆိုတာ...
တဘ၀တာလုံးမှာ...
အနွေးထွေးဆုံး... နေရာ...
အိမ်ပြန်ကြရအောင်လား... သားတို့ရေ...
အိမ်-ဆိုတာ...
တသက်တာလုံးမှာ...
အစိမ်းလန်းဆုံး...နေရာ...
အိမ်ပြန်ကြရအောင်လား... သားတို့ရေ...
အိမ်-ဆိုတာ...
တို့တွေရဲ့... အမေ...
ရှိနေတဲ့... နေရာ...
မင်းတို့ အဖိုးက...
ဟိုး... ... ရွာလယ်လမ်းလေးရဲ့ ထိပ်မှာ...
ရင်တွေ တဒိတ်ဒိတ်ခုန်ရင်း စောင့်နေရှာတယ်...
သူ မတွေ့ခဲ့ဖူးရှာတဲ့...
သူ့ရဲ့... မြေးသားကလေး ၃ ယောက်ကို
မြှောက်ပင့် ပွေ့ချီချင်-လို့တဲ့....
အဖေ့ကို... ပြောခဲ့...
မင့်တို့ရဲ့ အဖိုးကို...
မင့်တို့ရဲ့ အဖေက...
ဘာပြန်ပြောရဦးမတဲ့လဲ... သားတို့ရေ...
မင့်တို့ အဖွားက...
ဟော... ဟိုး... စပါးတောထဲမှာ...
ရင်တွေ ကွဲသွားရင်း ပြောရှာတယ်...
ငါ့... မြေးသားကလေးတွေ...
ဘယ်တော့များမှ...
အမေ... တွေ့ရမှာ...လဲ...တဲ့...
အဲ့သည် ကမ္ဘာမြေကြီးပေါ်မှာ
သက်ရှိထင်ရှား မရှိတော့တဲ့...
မင်းတို့ရဲ့... အဖွားကို...
မင့်တို့ရဲ့ အဖေက...
ဘာများ ပြန်ပြောပြနိုင်ဦးမှာတဲ့လဲ... သားတို့ရယ်...
အနှစ် နှစ်ဆယ် ကျော်ခဲ့ပြီ...
အိမ်- ရှိရာဆီကိုပဲ...
ပြန်ကြရအောင်လား...
သားတို့ရေ...
အဲသည်... အိမ်မှာ...
အဖေ့... အမေ... ရှိတယ်...
အဲသည်... အိမ်မှာ...
မင်းတို့... အမေ... ရှိလိမ့်မယ်...
မင့်တို့ ၃ ယောက်ကပဲ
အဖေ့ကို လက်တွဲပြီး
အဲသည်အိမ်ဆီ...
ရောက်မယ့် ခရီးကို ခေါ်ပါ...
အိမ်-ဆိုတာဟာ
နှလုံးသားနဲ့ နီးနီးလေးပါ သားတို့ရယ်...
ATN
12 comments:
အစ်ကို လုပ်ချလိုက်ပြန်ပြီဗျာ
တကယ်ပြန်မယ်လေ လာ
လက်ဆွဲပြီး တူတူ ၀င်ကြမယ် ဘယ်လိုလဲ..
အိမ်-ဆိုတာ...
တဘ၀တာလုံးမှာ...
အနွေးထွေးဆုံး... နေရာ...
အိမ်ပြန်ကြရအောင်လား... သားတို့ရေ...
အိမ်-ဆိုတာ...
တသက်တာလုံးမှာ...
အစိမ်းလန်းဆုံး...နေရာ...
.............................
အိမ်-ဆိုတာဟာ
နှလုံးသားနဲ့ နီးနီးလေးပါ သားတို့ရယ်...
ကဗျာဖတ်ပြီးရင်ထဲမကောင်းလိုက်တာ ........ဟူးးးးးးးးးးးး
ခံစားသွားပါတယ်။
ခုတလော သူပုန်တယောက်ရဲ့ ဒိုင်ယာရီ တွေ ပြန်လှန်လှော ဖတ်နေမိတာ
ဒီကဗျာ ဖတ်ရတာ တကယ် စိတ်မကောင်းဘူး
အိမ်ပြန်နိုင်မဲ့ နေ့ရက်လေးတွေ အမြန်ရနိုင်ပါစေ
ခင်မင်သော (mama)
ဲပြန်ရမှာပေါ့ အစ်ကိုရာ...။
ကဗျာလေးကထိတယ်ဗျာ။တစ်ချိန်အိမ်ပြန်ရမှာပေါ့အကိုရာ
အခုတော့ကျွန်တော်တို့အားလုံးပြည်ပရောက်နေသူအားလုံးဒီလိုပဲကျိတ်မိတ်နေရမှာပေါ့။အိမ်ကိုလွမ်းတယ်
ဓီရာမိုရ် သီချင်းတောင် သတိရသွားတယ်။
အိမ်ပြန်ချိန် အမြန်ရောက်ပါစေ
မျက်စိထဲ မြင်ယောင်သွားတယ်။ အိမ်အမြန် ပြန်နိုင်ပါစေလို့နော်။
ပြန်ရမှာပါ အန်ကယ်ရယ် အားတင်းထားနော့် တစ်နေ့တော့ပေါ့ မဝေးတော့တဲ့တစ်နေ့ ။
Home....where the Heart is....
နှလုံးသားနဲ့ နီးပေမယ့် အိမ်လွမ်းဝေဒနာ ခံစားနေရသူတွေ အများ ရှိနေတာ သတိပြုမိပါတယ် ..
အိမ်
တစ်ယောက် ကို တစ်ယောက်
ပန်း နဲ့ မပေါက် အားဘူး ။
မချဲ့ဘဲ ကျယ်တဲ့
အဟောင်းအမြင်း တို့ စုပုံရာ
ဒီ ယန္တရား လည်ဖို့
ဆက်တင်တွေကို နှိုးနှိုး ထားရ ။
ရိုးရိုးလေး ပါပဲ
ညနေ ထဲ
မီး ရဲရဲ တောက်ဖို့
တစ်စစီ လိုက် ကောက်ခဲ့ ရတယ် ...။ ။
ယမုံ
နွယ်နီ မဂ္ဂဇင်း
ဇူလိုင်လ၊ ၂၀၁၀- ပြည့်နှစ် ။
မဂ္ဂဇင်း ကဗျာ တစ်ပုဒ်ကို လက်ဆောင်ထားခဲ့ပါတယ် ...
ငြိမ်းစိုးဦး
Post a Comment