ရေး - ဆူး
ဆို - ဇော်ပိုင်
မိုးလင်းတိုင်း... ပန်းများ ခူးလို့... မျှော်နေပါတယ်...
ပန်းနု ရောက်လာမယ့်... ဒီနေရာလေး... ဒီအချိန်လေးမှာ...
အကြင်နာတွေကို... ကြွေကာနေမယ့်... ပန်းကလေးများနဲ့အတူ... ပေးလိုက်မယ်...
နင်ယူကာ သွားပြီးတော့လေ... ပန်းနုရေ...
ရင်ခုန်စေမယ့်စကားတခွန်းပဲ... ပြောခဲ့ပေါ့လေ... ပန်းနုရေ...
အသည်းစွဲချစ်တတ်တဲ့သူ... ကိုယ်ပါလေ...
ဒီမှာ... ကိုယ့်ရဲ့အချစ်တွေ... မှော်ဝင်နေပြီ...
နေ့အခါ... ညအခါ.. ကြင်နာသူကို...မတွေ့ရရင် မနေနိုင်အောင်ပါပဲ...
အသည်းကွဲရင်းနဲ့... ကိုယ်မငိုချင်တာ... ပန်းနု... ပန်းနု... ပန်းနု... ပန်းနု... နားလည်ပါ...
ညဥ့်နက်တော့... မင်းလည်း အိပ်နေရောပေါ့...
ခေါ်သံတွေကို... ပန်းနု... မကြားတော့ဘူး...
အိပ်မက်လေးထဲ... ကိုယ်လာလို့ရရင်...
သန်းခေါင်ယံကြယ်ကြွေချိန်... သာယာနေတဲ့... အခုည... တညလောက်ပါ...
ပန်းနု... ရင်ခွင်ကို... ခိုဝင်ကာသွားပြီးတော့... ပန်းနုရေ...
သေရာပါမယ့်... အနမ်းတချက်တော့... ပေးခဲ့ချင်သေးတယ်... ပန်းနုရေ...
အသည်းစွဲချစ်တတ်တဲ့သူ... ကိုယ်ပါလေ...
ဒီမှာ... ကိုယ့်ရဲ့အချစ်တွေ... မှော်ဝင်နေပြီ...
နေ့အခါ... ညအခါ.. ကြင်နာသူကို...မတွေ့ရရင် မနေနိုင်အောင်ပါပဲ...
အသည်းကွဲရင်းနဲ့... ကိုယ်မငိုချင်တာ... ပန်းနု... ပန်းနု... ပန်းနု... ပန်းနု... နားလည်ပါ...
6 comments:
ွှလွှမ်းမိုးသီချင်းတွေက ကြိုက်ပြီးသားဗျ :P
မိုးစက်တင်လေ..နားထောင်ချင်တယ်။ဆိုပြပါ..း)
I was crazy in this song since child hood..
ငယ်ငယ်က အဆောင်ဘေးမှာ အမြဲ ဆိုခဲ့ဘူးတဲ့ သီချင်းလေးပါ.. ညတိုင်း သွားမဆိုပေမယ့် သွားတဲ့ ညတိုင်းမှာ ဆိုဖြစ်တတ်တယ်..
ကျွန်တော်တို့အသက် ၂၀ ၀န်းကျင်တုံးကခံစားနှစ်သက်ခဲ့တဲ့သီချင်းတွေထဲက တပုဒ်ပေါ့ဗျာ။ အတိတ်ကိုပြန်ရောက်သွားသလိုဘဲ။ ကောင်းတယ်ဗျာ
ဘာကိုမှန်းမသိ အတိတ်ဆီကိုလွမ်းမိတယ်ဗျာ
Post a Comment