အမြဲစိမ်းတောအုပ်တခုထဲ ရေအခါခါ ချိုးခဲ့ဖူးတဲ့ မြစ်ကလည်း တခစ်ခစ် သဘောကျ...
သင်းကွဲတိမ်တိုက် လှလှတွေနဲ့ အဖော်ရခဲ့ အထီးကျန်ပင်လယ်တွေက သူတို့ကို ထိတွေ့ ကိုင်တွယ်ခွင့် မရ...
ခေါင်းမာလွန်းတဲ့တောင်တန်းတွေလို သန့်စင်ရှားပါး မေတ္တာတရားကလည်း တွန့်ခေါက် ရွေ့လျား...
ပြန်မလာတော့ပါဘူး ကတိပေးထားတဲ့ မနက်ဖန်ဟာ ပုန်းကွယ် ကိုယ်ယောင် ဖျောက်...
ခါးကျိုးနေ ပစ္စုပ္ပန် တယောက်ကတော့ မနေ့တနေ့ကို ဆဲလို့ ဆိုလို့ အော်ဟစ်သွား...
နဂါးခေါင်းမပါတဲ့ ပြက္ခဒိန်တချပ်သာ မြွေဟောက်တကောင်လို ပါးပြင်း ထောင်...
သင်္ဘောမှောက်ခဲ့ဖူးတဲ့ သစ်ပင်ကြီးတပင်ကလည်း ဖဲကြိုးအ၀ါတွေ ကိုယ်မှာ အထပ်ထပ် ရစ်ပတ်ရင်း...
နေ့ခင်းကြောင်တောင်ကြီး မှောင်တဲ့ မနက်က မမ္မီ မမတွေလို ကျပ်စည်း...
အသက်ရှူမ၀ပါဘူးဆိုမှ ကျောက်မီးသွေးမိုင်း ပြိုကျခဲ့တဲ့တောင်အလုံးတိုင်း ငိုလို့ ရှိုက်...
ကမ်း မကပ်လိုက်ဖူးတဲ့ သမုဒ္ဒရာတစင်းလို လမင်းကလည်း ကမ္ဘာမြေကို တမ်းတနေရရှာ...
ငါ့မှာသာ ...
1 comment:
comment ရယ်လို့တော့ မဟုတ်ပါဘူး ခင်ဗျာ ... ။ ကဗျာတွေ ဖတ်ဖို့ ရောက်လာရင်း ... တစ်ခုခု ရေးခဲ့မလားလို့ ရေးခဲ့တာပါပဲ ... ခင်ဗျာ ...။
Post a Comment