Mar 6, 2011

အရောင်တခုရဲ့ ရာဇ၀င်

အမိုးတို့ ရွာကလေး ပြာကျသွားတယ်...
ဟိုကလေးမ အပြာကားရိုက်တယ်...
သူငယ်ချင်း ပန်းချီဆရာတယောက်ရဲ့ ကင်းဗတ်စမှာ
အပြာရောင်တွေချည့် မှောက်ကျနေ...

ကျနော့် အနှစ်သက်ဆုံး
အပြာရောင်ဖန်ခွက်ကလေးဟာ
တမင်တကာကို ကျကွဲသွားတာပါ မေမေ...

ATN

2 comments:

nYi ThU E@in said...

ဒီကဗျာဖတ်နေရင်း
ကျနော့်မျက်လုံးတွေလည်း
ပြာသွားတယ်..။
ပြာပြာသလဲ ဖတ်လိုက်မိလို့လားလို့
နောက်တစ်ခါ ထပ်ဖတ်တယ်..။
ဒီတစ်ခါတော့ ရင်ဘတ်ထဲ
အပြာရောင်ရထားတစ်စင်း
ဖြတ်ခုတ်သွားတယ်။

Angelhlaing(May everybody be happy and healthy! said...

ကဗျာစာသားလေးနည်းနေပေမယ့်
အဓိပ္ပါယ်တွေအများကြိးစိးဝင်နေတယ်..လို့
ခံစားမိလျှက်.....