လေစိမ်း နေစိမ်း တိမ်တွေစိမ်းတဲ့
ကောင်းကင်အစိမ်းရောင်အောက်မှာ -
နေ့စိမ်း ရက်စိမ်း နာရီစိမ်းတဲ့
ရာသီအစိမ်းထောင့်ထဲမှာ -
စမ်းစိမ်း လမ်းစိမ်း ပန်းတွေစိမ်းတဲ့
ရနံ့စိမ်းစိမ်းမြေပေါ်မှာ -
သောင်စိမ်း ကမ်းစိမ်း နဒီစိမ်းတဲ့
ပင်လယ်အစိမ်းသေထဲမှာ -
ရေစိမ်း မြေစိမ်း အကြည့်စိမ်းတဲ့
သူစိမ်းတွေရဲ့နယ်ပယ်မှာ -
ကြယ်စိမ်း မြူစိမ်း လရောင်စိမ်းတဲ့
ညမှောင်စိမ်းစိမ်းအလယ်မှာ -
အနေအထိုင် မတတ်တဲ့
ခပ်ကြောင်ကြောင်ပြက္ခဒိန်လေ
အစိမ်းရောင်အတွန့်အခေါက်တွေအပေါ်
မှောက်လျက်သား ချော်ကျခဲ့တာ
အသေအချာပေါ့ -----
ATN(စက်တင်ဘာ ၁၊ ၂၀၀၈)
8 comments:
ဖတ်ရတာ အရသာ ရှိလိုက်တာ အကိုရေ.....
ခေါင်းစဉ်လေးကို စိတ်ဝင်စားလို့
ကဗျာလေးလဲ မိုက်တာပဲ အစ်ကိုရ
ပုံကော၊ ကဗျာ နဲ့ စာ အရမ်းလိုက်တာပဲဗျာ ရေစိမ်း မြေစိမ်း အကြည့်စိမ်းတဲ့
သူစိမ်းတွေရဲ့နယ်ပယ်မှာ - တစ်ယောက်တည်းယောင်လည်လည် ................။
အိမ်အသစ်ပြောင်းတော့ နယ်မြေအသစ် အစိမ်းမို့ ဒီကဗျာလေး ရေးဖြစ်တာများလား။ ကောင်းပါပေ့။
ကိုအောင်သာ.....
ပြန်လာပြီဆိုတာသိလို့ ဝမ်းသာတယ်....
ကျနော့်ဆီလာလည်သွားတာလည်း ကျေးဇူးတင်ပါတယ်.....
ပန်းချီသမားချင်းမို့ ဆက်သွယ်ချင်နေတာ...
အရင်ကကိုယ်ပိုင်ဘလော့ မရှိသေးလို့ .....
အခတော့ လင့် ထားလိုက်တော့မယ်
ခွင့်ပြုပါ....။
စုတ်ချက် effect က photoshopပဲလား
အစိမ်းတွေ..ထိထိမိမိ....အစိမ်းတွေ..ကဗျာထဲမှာ
လူစိမ်း ကြီးဖြစ်မသွားတာပဲ ကျေနပ် ပါတယ် အကိုရာ...း) ..
အိမ်ပြောင်းတာ တော်တော်ကြာတာကိုး..
ပြန်ရောက်လာတာ ဝမ်းသာတယ်ဗျို့..။
welcome back bro...
ကဗျာလေး ခံစားသွားတယ် အစ်ကို၊ ကျောင်းထဲမှာ ဘလော့စပေါ့ကို ဘန်းထားတယ်ဗျာ။ ကျော်တဲ့ ဆိုဒ်တွေနဲ့ ဝင်ကြည့်ရတယ်။
Post a Comment