Nov 5, 2008

သက်တန့်

လေးထောင့်တုံးများနဲ့ဆလင်ဒါများ ကို သုံးပြီး သက်တန့်တစင်း ဖန်တီးကြည့်တာပါ။

နောက်တော့လည်း အဲသက်တန့်ဟာ ပြန်ပြိုကျသွားလေရဲ့...း)







8 comments:

Welcome said...

မိုးကလေးစွေတုန်း နေသာရင် လှပတဲ့ သက်တန့် လေးကို ငယ်ဘ၀ကို အထူးအဆန်း ဖြစ်မိခဲ့ပါတယ်။ သူ့ရဲ့ ဖြစ်တည်မှုကိုမှ မသိသေး ဘဲကိုး။ နေရောင်က အားသာရင်၊ ဒါမှမဟုတ် မိုးမွှားလေးတွေ မရှိတော့ရင် သက်တန့်ဆိုတာ ပျောက်သွားမှာ သဘာဝပါ။ အားပေးမြဲ အားပေး လျက်ပါ
http://winzaw-mdy.blogspot.com

Anonymous said...

အန်ကယ့် စိတ်ကူးတွေက လတ်ဆတ်နေတာပဲ ကျနော်တို့ လူငယ်တွေတောင် လိုက်မမှီတော့ဘူး အားကျတယ်ဗျို့..။

Kaung Kin Ko said...

သက်တန့် အတုလေးကို လာခံစားသွားတယ်ဗျာ။

:P said...

ဖန်ဆင်းထားတဲ့သက်တန့်ုတဲ့၊ ပြန်ပြိုကျသွားတယ်တဲ့၊
တစ်ခုခုတွေးဖို့ပေးထားသလားလို့ သုံးထားတဲ့ လေးထောင့်တုံးတွေ ဆလင်ဒါတွေကို သွားကြည့်ပြီး ဘာတုံးတွေလည်း သေချာကြည့်နေသေးတယ်..
သက်တန့်ထဲမှာ ဘာကိုပြောချင်တာလည်းဆိုတာ.. ခုထိမသိပါ။
တော်တော်ပိန်းတဲ့ ကျွန်မပါ။ :(

tututha said...

သန့်တန့်နဲ့ပတ်သက်လို့ ကျမအဖေ သင်ပေးခဲ့ဖူးတာလေး ပြန်မျှမယ်နော် (ဆရာလုပ်တာ လုံးဝ … မဟုတ်) VIBGYOR ဗစ်ဘ်ဂျော လို့ အတိုကောက်မှတ်တဲ့။ Blue ပြီးမှ Green ဆိုလားလို့ပါ။

kay said...

ဒီလောက်များတဲ့ guiter gadgets တွေ ၀ယ်စု ထားတာ..တော်တော် ထောတဲ့ guiterist ကြီးဖြစ်မယ်။
အော်- သက်တန့်လုပ်လိုက်တော့လည်း.. ဖြစ်သွားတာပဲကိုး။ အမာထည်တွေရဲ့..သိပ်မွေ့မူကို ရှာဖွေတတ်တာ.. နဲတဲ့ အနုပညာတော့မဟုတ်။ ( မြှောက်ပေးလိုက်ပြီး)

pandora said...

မတူးတူးသာ ပြောတတွေ့လို့ ၀င်ပါလိုက်ဦးမယ်
အနော်မှတ်ဖူးတာ ခရမ်းမဲပြာစိမ်းဝါလိမ်နီ တဲ့။
ခရမ်း၊ မဲနယ်။ အပြာ၊ အစိမ်။ အ၀ါ။ လိမ်မော်။ အနီ။
ကိုအောင်သာငယ်ရဲ့ သက်တန့်ကို မြင်မြင်ချင်း မှန်မမှန် အဲဒါနဲ့ ကိုက်ကြည့်လိုက်သေးတာ။

ATN said...

joshua - Thanks for stopping by and for your comment.
ကိုဝင်းဇော် - အားပေးတာကျေးဇူးပါဗျို့။
တူမောင်မျိုး - ကွန်မန့်အတွက် ကျေးဇူး။
ကောင်းကင်ကို - အတုဆိုတော့ အစစ်လောက် မလှဘူးပေါ့လေ..း)
sin dan lar - ဓါတ်ပုံဆရာက ပိန်းတာပါဗျား)
မကေ - မချောအိသိမ်းကို အားကျလို့ installtion များ ဖြစ်မလားလို့ လုပ်ကြည့်တာပါ။ ခုလိုမြှောက်ပေးတဲ့အတွက် နောက်ထပ် installation တွေ လာပါဦးမယ်း)
တူးတူးသာ - ပြန်ဝေမျှပေးတာ ကျေးဇူးပါ။ ဒါမဲ့ ကျနော့်မှာ ရှိနေတဲ့ အတုံးကလေးတွေက အရောင်စုံ မရှိဘူးလေ။ အဲတာကြောင့် ရှိတာနဲ့ လုပ်လိုက်ရတာပါ။ သက်တန့်က အရောင်တွေကိုတော့ သိတာပေါ့ဗျား)
မပန် - မတူးတူးသာကို ရှင်းပြထားပြီးပြီလေ။ လိုတဲ့အရောင်လေးတွေ ဖြည့်ပြီး ကြည့်လိုက်ပေါ့ဗျား)