![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsA7n2HydDiYtvYV6U_8-PHaWGGoStJVmRbFCa6kQNqTY1eGslTPt9-bpjFCDPYWKW7djoaNYCOYfntiTX0R91uJgOjPcboneIx2H4Njn8XXhOMz6tk95qorC3r0PPkKX9f0WCjNnEKzk/s320/aungsansuukyi.jpg)
မြို့လုလင်သူ
နင့်ပြည်သူက ကြိမ်မီးအုန်း
မီးဟုန်းဟုန်းကို တောက်စေအံ့။
ခင်ကြည့်သမီးထွေး
ဧရာသွေးပ
အရေးတော်ပုံ အောင်ရမည်။
တရားမဲ့မှုနဲ့ တရားမှု
အံတုစစ်ပွဲ၊ မြဲတဲ့သစ္စာ
လူထုကဗျာ၊ လူထုပိုစတာ။
၅ ယောက်ထက်ကျော်
၆ ယောက်ဆင့်ကမ်း
အောင်ဆန်းသွေးတွေ၊ ကမ္ဘာမြေအနှံ့။
ထောင်ကျဉ်းငရဲ
အမှောင်ထဲမှာ
တိုက်ပွဲလူထု၊ လူထုတိုက်ပွဲ
ရဲရင့်သူတို့ပြောတဲ့ သမိုင်းတွေ။
မြို့လုလင်သူ
ဘိုးတူဘမျိုး၊ မညှိုးသရေ
မကြေကမ္ဘာ၊ ကျူးရင့်ပါလင့်
နင့်ပြည်သူတွေ နိုးပြီ ဟ။
မောင်လွမ်းဏီ
၂၈-၅-၀၉
4 comments:
အေးဗျာ ကိုလွမ်းဏီကတော့ ကဗျာမှ မှော်အောင် ပါပေတယ်၊ အခုလို တင်ပေးတာ ကျေးဂျူးနော် ကိုအောင်
ဖတ်ပြီးတော့ စိတ်ခံစားမှုအစုံနဲ့....
ကိုအောင်သာငယ်ရေ...ယုတ်မာရိုင်းစိုင်းတဲ့ ဒီစစ်ဘီလူးတွေကို ဘယ်လိုနည်းနဲ့ သင်ပုန်းချေရမလဲ ဆိုတာ စဉ်းစားလို့မရပါ.... ( စစ်ဘီလူးလို့ဘဲ သုံးပါရစေ.. ခွေးနဲ့တွဲမသုံးပါရစေနဲ့..ခွေးကိုမြတ်နိုးတဲ့သူတွေ ရှိနေလို့ပါ.. ) ။ အမိမြန်မာပြည်မှာ မတရားမှုတွေ အမြန်ဆုံး ဆိတ်သုန်းပါစေ.....
( M.N )
လူကို အကျဉ်းချလို့ ရကောင်းရမယ်လေ
စိတ်ဓါတ်ကို အကျဉ်းချလို့ မရဘူး။
အမှန်က သူတို့ သွေးရူးသွေးတန်းဖြစ်နေတာ။
Post a Comment