Jul 3, 2009

ဂျူလိုင်ဒိုင်ယာရီများ













ကမ်းနဲ့ သောင်သိ
လမ်းနဲ့  ဖောင်ရှိသော်ငြား
ကတိ တလုံး၊ သွေးနဲ့ ထုံးနှောင်
နောက်ဆုံး ထွက်သက်
ရက်စွဲ ရေးထားခဲ့ပါပြီ။

မည်သို့ ပင်ဖြစ်စေ
ရက်စွဲတွေက ပြက္ခဒိန်မှာ
နေရာရတယ်မဟုတ်လား။

ဂျူလိုင်မြားတစင်း
ပြူတင်းပေါက်ကို၊ ဒိုးယိုထွင်းဖောက်
လမ်းဖောက်ခဲ့စဉ်
အကျွန် မမြင့်ဝံ့ပါတကား။

သမိုင်းတွေကြောင့်ပဲ
သမိုင်းတွေ သစ်တယ်
ချစ်သူရယ်
ဒီတရက်ကိုတော့
သည်းခံ ရေးခြစ်ထားပါရော့။

ဇူလိုင်ရက်စွဲ
မင်းလည်းရေးပါ အညာသား။

မောင်လွမ်းဏီ

၁-၇-၀၉

No comments: