Jan 20, 2010

မေတ္တာ ပုလဲပန်းများ သီကြရာဝယ်

အတော်ကြိုက်ခဲ့တဲ့ သီချင်းတပုဒ်ပါ...
ဘ၀ကြီးနဲ့လည်း တိုက်ဆိုင်နေသေးတယ်... ...
ကိုယ်ကလည်း မေတ္တာ ပုလဲပန်းများကို ခက်ခက်ခဲခဲ သီခဲ့မိသူကိုး... ... ...း(

သီချင်းလင့် ကို ပေးခဲ့တဲ့ ညီမငယ် ဟနစံ ကို ကျေးဇူးအထူး တင်ရှိပါတယ်။

မေတ္တာ ပုလဲပန်းများ သီကြရာဝယ်

မေတ္တာ ပုလဲပန်းများ... သီကြရာဝယ်... ... ...
လွယ်သည်လည်း... ရှိမယ်...
ခက်သည်လည်း... ရှိမယ်...

(တွဲလျက်ကွယ်... ကြင်နာမြတ်နိုး... အမျိုးမျိုးပင်... ချစ်တတ်ကြပေတယ်...
သေတပန် သက်တဆုံးနဲ့... ဆုံးဖြတ်ချက်ထားကာ... ကိုယ်စီရယ်...
မုန်တိုင်း... ထန်ထန်... လေဆန်ကိုလိုက်... လှေရွက်တိုက်သလိုကွယ်...
မိုက်တယ် ပြောဦးတော့... ချစ်သူအတွက်ပေပဲမို့...
အခက်အခဲ ဟူသမျှ... အားလုံး လွယ်ရပါစေကွယ်... )၂

အဆင်မပြေသူတွေမှာကွယ်...
နှစ်ယောက်သား ကျောချင်းကပ်ကာ... လာရာလမ်းကို ပြန်ကြတယ်...
ငိုတဲ့သူလည်း ရှိမယ်... ရီတဲ့သူလည်း ရှိမယ်...
အသက်ပေး... ချစ်ရင်... တချက်ကလေး... အပြစ်မမြင်...
ချစ်စဉ်အခါက... ဆိုခဲ့သူများရယ်...
ကျနော်တို့ အချစ်ရယ်... မပျော်ဖို့သာပဲ ဖြစ်တယ်...
အမျိုးမျိုး အဖုံဖုံ... စုံအောင်ပြောကြတယ်...
လွယ်မယောင်နဲ့လည်း... ခက်မယ်...
တိမ်မယောင်နဲ့လည်း... နက်မယ်...

မေတ္တာ... ပုလဲ... ပန်း... များ... သီကြရာဝယ်... .... ... ....
လွယ်သည်လည်း... ရှိမယ်... ခက်သည်လည်း... ရှိမယ်...

SOLO

Get this widget | Track details | eSnips Social DNA

3 comments:

WWKM said...

အစ်ကိုအောင်သာငယ်ရေ..

ဒီသီချင်းလေးကို ကျွန်မလည်း အရမ်း အရမ်း ကြိုက်ပါတယ်ရှင်။ ရေဒီယိုသီချင်းလေး ပြန်နားထောင်ရလို့ ငယ်ဘ၀လေးကိုပြန်လွမ်းသွားသလို၊မြန်မာပြည်ကြီးကို ပိုလွမ်းသွားမိပါတယ်။း)
သီချင်းလေးနားထောင်ရလို့ ကျေးဇူးတင်ပါတယ်ရှင်။

ကိုလူထွေး said...

“ချစ်သူအတွက်ပေပဲမို့...
အခက်အခဲ ဟူသမျှ... အားလုံး လွယ်ရပါစေကွယ်...”

မိုက်တယ်...

းဝ)

ခရေညို said...

အိမ်ရောက်မှ နားထောင်လို့ရမှာ