Jan 29, 2010

ငါ့အက်ဆစ်တွေ















ချစ်သူ့ မျက်နှာ အစား
တခြား မျက်နှာ တခုခုကို ကြည့်ရှုနေရတဲ့ နေ့ရက်တွေ...
မုန်း... တယ်...


ငါ့အဆုပ်နဲ့ ငါ
လွတ်လွတ်လပ်လပ် ရှူသွင်းရှူထုတ် လုပ်မရတဲ့ အောက်စီဂျင် အစအနတွေ...
မုန်း... တယ်...

ငါ့ဆီကို ဘယ်တော့မှ မရောက်လာခဲ့
ကမ္ဘာကြီး လုံးနေသမျှ ပုန်းနေကြတဲ့ ဆောင်းဦးပေါက်တွေ...
မုန်း... တယ်...

ငါ့ခြေထောက်နဲ့ငါ
စိတ်ပေါက်သလို လျှောက်သွားခွင့်မရတော့တဲ့ ဆူးလေလမ်းမ....
မုန်း... တယ်...

အရပ်ဆယ်မျက်နှာက စစ်ပွဲတွေကို
ငါတယောက်ထဲပဲ ရင်ဆိုင်ပြီး အနိုင် မရလေခဲ့တဲ့ နာရီတွေ...
မုန်း... တယ်...

အရှုံးပြီး အရှုံးတွေနဲ့ ငတုံးကြီးတယောက်အဖြစ်
မိုးလင်းတိုင်း မျက်နှာသစ်နေရတဲ့ကမ္ဘာ...
မုန်း... တယ်...

ကိုယ့်မျက်ရည်တွေ ကိုယ့်ဘာသာ ပြန်ပြန်သောက်နေရတဲ့
သစ်ရွက်ခြောက်ရာသီကြီး...
မုန်း... တယ်...

ရိုးရိုးသားသား ကိုယ့်ထမင်းကိုယ်ရှာစားရင်း
ရာဇ၀တ်သား ဖြစ်သွားရတဲ့ နေ့...
မုန်း... တယ်...

ငါ့ ငှက်ကလေး နှစ်ကောင်ကို
လှောင်ချိုင့်ထဲ ထည့်သွားတဲ့ ဒင်းတို့...
မုန်း... တယ်...

ဗိုလ် သခင် ဆရာ ဒေါက်တာ ကိုယ်တော်မှိုင်း ရေးခဲ့သလို...
“ဒို့တတွေ ကြောက်တတ်တဲ့ အမျိုးဟာမို့...
ဥပဒေတွေ နောက်ထပ် မတိုး လိုက်ပါနဲ့...
သူ့ အမေ... .... .... ... ” ဆိုတဲ့ လေးချိုးကြီးနဲ့ တန်တဲ့
အမေရိကန် ဥပဒေတွေ...
မုန်း... တယ်...

မုန်းစရာရှိတာတွေကို
အဲသည်လို မုန်းနေရတာကိုလည်း...
မုန်း... တယ်...

အဲသည်လို မုန်းတတ်နေတဲ့
ငါ့ကိုယ်ငါလည်း
မုန်း... တယ်...

ငါ့ကိုယ်ငါ မုန်းနေရတာကိုလည်း...
မုန်း... တယ်...

ညီမလေးရေ့...
ငါ့အက်ဆစ်တွေကို...
ရေနဲ့ဖျော်ပေးပါ့...
ငါ့ကို တိုက်စားသွားနေပြီ...

ATN

10 comments:

Sint Si said...

Here is some water for you! :-)

Mhu Darye said...

တရားလွန်တာပေါ့..း(

ချစ်ကြည်အေး said...

ရိုးရိုးသားသား ကိုယ့်ထမင်းကိုယ်ရှာစားရင်း
ရာဇ၀တ်သား ဖြစ်သွားရတဲ့ နေ့...
မုန်း... တယ်...

ငါ့ ငှက်ကလေး နှစ်ကောင်ကို
လှောင်ချိုင့်ထဲ ထည့်သွားတဲ့ ဒင်းတို့...
မုန်း... တယ်...

အကိုရေ...အဲဒီ ၂ ပိုဒ် ရင်ထဲ ဒါရိုက် ဟစ် သွားတယ်ဗျာ....

Anonymous said...

So touching as usual.
Wish "all the best for you and your little Birds".

(mama)

လင်းဒီပ said...

“အရှုံးပြီး အရှုံးတွေနဲ့ ငတုံးကြီးတယောက်အဖြစ်
မိုးလင်းတိုင်း မျက်နှာသစ်နေရတဲ့ကမ္ဘာ...
မုန်း... တယ်...”

မုန်းတယ်ဗျာ မုန်းတယ်..။

နွေဆူးလင်္ကာ said...

ကဗျာဆရာကြီး တစ်ယောက်ရဲ့ ကျနော့် အမုန်းစာရင်းဆိုတဲ့ ကဗျာကို သတိရပါတယ်။

Anonymous said...

Ko Aung Tha...don't give up easily on your 2 little birds. Fight back and you will win.

The truth shall make you free.

I've been there before so I know how you feel but in different situation. I mean my marriage, my health, our financial...everything but Never give up. Never. Period.

Your day will come. Don't worry.

This too shall pass. I did and you will too.
Keep your head up high.

Sorry that I have to type in English as I am learning Burmese typing now. Thanks.

Mi Soe

သဒ္ဓါလှိုင်း said...

ရင်ထဲမှာ တိုက်ရိုက်ထိမှန်တဲ့ ကဗျာတပုဒ်ပါ..

ခင်တဲ့
သဒ္ဓါ

ကိုအောင် said...

ကဗျာက အရမ်းထိမိလှပါတယ် အကိုကြီးရေ၊ အစစ အရာရာ အဆင်ပြေပါစေ။

mabaydar said...

အင်း... ဟုတ်တော့ဟုတ်တယ်... စိတ်ညစ်နေတဲ့ အချိန်တွေမှာ တကယ် အဲလိုခံစားရတယ်... ဒါတွေကို စာသားတွေအဖြစ်ပြောင်းလဲနိုင်တဲ့ ကိုအောင်သာငယ်ကိုတော့ မမုန်းပါဘူး... ဟဲ..ဟဲ...
အားပေးနေလျက်ပါ..