ထို့အပြင် တ၀လည်း... အင်နာလော့ဂ် ကင်မရာများကိုလည်း... မ၀ယ်ယူ မသယ်ဆောင်နိုင်သေးပါ... ။ ကျနော်နှင့် ကျနော်အပါအ၀င်ဖြစ်သော ဂရုဖ်လေးကလည်း ဆင်းရဲသား-သားသမီးများသာ ဖြစ်သောကြောင့် ကွင်းဆင်းချိန်မှာ ဒါ့ပုံများ ဝေေ၀ဆာဆာ မရိုက်နိုင်ခဲ့ပါ။ သည့်အတွက် ကွင်းဆင်း ပုံရိပ်ဟောင်းများကို သူ့လို ကံမကောင်းခဲ့သော ကျနော့် အဖို့ရာ... ဘလော့အပေါ်မှာ မည်သို့ တင်နိုင်ခဲ့ပါလိမ့်မည်နည်း...။
သို့အတွက်... ဘူမိဗေဒကွင်းဆင်း ပုံရိပ်ဟောင်းများအစား... ကျနော် တတ်နိုင်သည့် ပုံရိပ်ဟောင်းများဖြင့်သာ... သည်တဂ်ပို့စ်လေးကို ရေးလိုက်မိပါသည်...
ညီမငယ် ကေ... ခွင့်လွှတ်နားလည်ပါ...
------------------------------------------------------------------------
တနေ့ တနေ့ အလုပ်ကပြန်လာတိုင်း ရေမိုးချိုး အ၀တ်စားမလဲခင် လုပ်ဖြစ်သည့် အရာ နှစ်ခု ရှိသည်။
ဂျီမေးလ်ဖွင့်စစ်ခြင်းနှင့် မျက်နှာစာအုပ် ဖွင့်ဖတ်ခြင်း... ။
ဂျီမေးလ်ကတော့ သိကြသည့်အတိုင်း လူတကာသုံးနေသည်မို့... ။
ပြီးတော့လည်း ကိုယ့်ဘလော့လေးကို ဂျီမေးလ်ဖွင့်ပြီးမှ သွားတတ်သည်ကလည်း အကျင့် ဖြစ်နေပြီမို့...။
ဒါတောင် ကိုယ့်ဘလော့ကို နေ့တိုင်း ၀င်ကြည့်တတ်သည့် အကျင့်ကလည်း ပျက်ပြယ်နေသည်မှာကြာပြီ...။
ဘာလို့ဆို ကိုယ်က ပို့စ်တွေ သိပ်မတင်ဖြစ်သည်မှာလည်း ကြာနေပြီမို့လား... ။
ပို့စ်တခု တင်ဖြစ်မှသာ ကိုယ့်ဘလော့မှာ ဘယ်သူတွေ ဘာတွေ ကွန်မန့်ဝင်ပေးသွားလဲ... သွားကြည့်ဖြစ်သည်...။ သည်လိုနဲ့ ကိုယ့်ဘလော့ကိုလည်း ကိုယ့်ဘာသာပင် နေ့တိုင်း ဖွင့်မကြည့်ဖြစ်တော့... ။
(နေ့တိုင်းဖွင့်ကြည့်ဖြစ်သော ဘလော့ဂ် တခုတော့ ရှိပါသည်... မည်သည့် ဘလော့ဂ်လဲတော့ မမေးကြစေလိုပါ... ဇွတ်မေးလျှင်လည်း အီးမေးလ်မှတဆင့်သာ ဖြေကြားပါမည်... အီကားဇကားချပ်...း)
အလုပ်က ပြန်လာတိုင်း နေ့စဉ် မပျက်မကွက် ဖွင့် ဖတ်ဖြစ်နေသည်ကတော့ မျက်နှာစာအုပ်... ။
ဒါကလည်း အကြောင်း ရှိသည်...။
သည် မျက်နှာစာအုပ်ကြောင့်ပဲ... ဟိုးလွန်ခဲ့သည့် အနှစ် ၂၀ ကျော်က သူငယ်ချင်းများ... သေဖော်သေဖက်... တိုက်ဖော်တိုက်ဖက်... ရဲဖော်ရဲဖက်... သောက်ဖော်သောက်ဖက်... (ကဗျာ) ရူးဖော်ရူးဖက်များ... ကို... ပြန်တွေ့နေရသည်ကြောင့် မဟုတ်လား...။
ဘယ်သူက... ဘယ်ကို ရောက်နေသည်...
ဘယ်သူကတော့... ဘယ်အမည်နဲ့...ဘာတွေလုပ်...
ဘယ်သူကတော့... ဘာကြီးဖြစ်နေပြီ...
ဘယ်သူနဲ့ ဘယ်သူကတော့... ဘာဘွဲ့တွေရ...လို့...
ဘယ်သူ့ကို အက်ဒ်လိုက်ပါဦး အကိုရေ့...
အဲဒါ... ဘယ်သူပေါ့...
သည်လိုနဲ့ပဲ...
မျက်နှာစာအုပ်အပေါ်... မျက်နှာအပ်မိနေသည်က နေ့တိုင်း...
တရက်မှ မပျက်ကွက်...။
သည်လိုနဲ့ပဲ...
ပြန်မဆုံနိုင်ဖြစ်သော လမ်းပေါ်မှ
ကျောချင်းကပ်ခဲ့ဖူးကြသူများအားလုံးကို...
မျက်နှာစာအုပ်ထဲမှာသာ ပြန်တွေ့ရနေတော့သည်...။
သည်လိုနဲ့ပဲ...
ဟိုးလွန်ခဲ့သော အနှစ် ၂၀ ကျော်က မျက်နှာဟောင်းများကို...
မျက်နှာစာအုပ်၏ စာမျက်နှာအသစ်များမှာ
မယုံနိုင်စရာ ပြန်ပြန်တွေ့နေရသည်... မဟုတ်လား....။
သည်မျက်နှာစာအုပ်ကြောင့်ပဲ...
အဆက်ပြတ်နေသည့် စာမျက်နှာများကို...
သံယောဇဉ်ကြီးစွာ... သူ... ပြန်လည် စီထပ်မိပါသည်...။
သည်အခါ
သည်စာမျက်နှာများကို အမှတ်တရအဖြစ်...
မှတ်တမ်းတခု... တင်ထားပစ်လိုက်ချင်ပါသည်။
သည်မှတ်တမ်းသည်ပင်...
သူအပါအ၀င်... သူနှင့်ရင်းနှီးခဲ့ဖူးသူများအတွက်... ပုံရိပ်ဟောင်းဖြစ်ပါသည်...။
-------------------------------------------------------------------
8 comments:
ဘယ်သူမှ ခိုးယူ ဖျောက်ဖျက် ဖုံးကွယ်ထားပစ်လိုက်ဖို့ မတတ်နိုင်မဲ့ တကယ့် အမှတ်တရ ပုံရိပ်ဟောင်းတွေပါပဲ အကိုရေ..
ဘူမိ ကွင်းဆင်း ပုံတွေ မရိုက်ခဲ့ရလို့..စိတ်မကောင်းမဖြစ်ပါနဲ့..
ဒီ ဘ၀တက္ကသိုလ် က ပုံ တွေ က..ပိုလို့ တောင်..အသက်ဝင် စိတ်လှုပ်ရှား စရာ ကောင်းနေ တော့ တာပါပဲ။ ကြက်သီးများတောင် ထ မိပါရဲ့...။
ရေးပေးတဲ့ အတွက်..ကျေးဇူး..အကို အောင်သာငယ်။
ပုံတွေက..၂ ခါ ထပ် ပြန်လည် နေတာ..တမင်လုပ်ထားတာလား။ သီချင်းသံ ကတော့..မပါတော့။
ဒေါက်တာ စင်သီယာမောင် ပုံ..ရှပ်အပြာလေး နဲ့.. ချစ်ဖို့ ကောင်းလိုက်တာ။
So how long you take for gmail, facebok and blog etc. :)
wish you have a big time for family..
Cheers..
အမြဲ ထင်ကျန်နေမဲ့ အမှတ်တရ ပုံရိပ်ဟောင်းတွေ....
အကိုက ဘယ်တယောက်လဲ။
မအယ်
ဖျောက်ဖျက်လို့မရနိုင်တဲ့ ပုံရိပ်ဟောင်းတွေကို လေးစားစွာကြည့်သွားပါတယ် ကိုအောင်သာငယ်ရေ...
အစ်ကိုတို့ ABSDF အဖွဲ့ဝင်တွေဟာ မြန်မာ့သမိုင်းမှာ တထောင့်တနေရာကပါဝင်ခဲ့တဲ့သူရဲကောင်းတွေ ဆိုတာ ယုံကြည်လျက်ပါ
Post a Comment