Mar 12, 2014

နလပိန်းတုံးများ၏ ဂီတ...



မန်ကျည်းရွက်လောက်ချဉ်ရမယ့် လမ်းပဲ...
တမာပွင့်တွေ ပွင့်နေတော့လည်း
လက်ပံပွင့်လိုကောက်လိုက်ရုံ...
ကျုပ်ပြောတာကိုနားမလည်ရင် 
ကျုပ်စစ်ဖိနပ်ထဲ ခင်ဗျားကို အမြီးနှစ် သတ်ပစ်မယ်...
သေနတ်တလက်ဆိုတာ
မြွေတကောင်လို လျှာတစ်လစ်ထုတ်နေတတ်တာမျိုးမဟုတ်ဘူး...
ခင်ဗျားတို့ဟာ...
အတော့ကို ပြောရဆိုရခက်ပါတယ်ဗျာ...

atn

3 comments:

Aunty Tint said...

ဘယ်တွေပျောက်? မတွေ့တာကြာပေါ့ ...
သေနတ်တလက်ဆိုတာ မြွေတကောင်လို လျှာတစ်လစ် ထုတ်နေတတ်တာမျိုး မဟုတ်ပေမယ့် အပေါက်ခံရရင် ကုသဘို့ခက်တယ်... ATN .. :)

မေတ္တာဖြင့်
တီတင့်

ချစ်ကြည်အေး said...

ဟေး အစ်ကိုငယ် ဘလော့ဂ်ပြန်ရေးပြီကွ။
သေနတ်တလက်ဆိုတာ
မြွေတကောင်လို လျှာတစ်လစ်ထုတ်နေတတ်တာမျိုးမဟုတ်ဘူး...(Like)

ထရီဆာ (Teresa) said...

မန်ကျည်းရွက်လောက်ချဉ်ရမယ့် လမ်းပဲ...
တမာပွင့်တွေ ပွင့်နေတော့လည်း
လက်ပံပွင့်လိုကောက်လိုက်ရုံ...

ဒီလိုပါပဲ ... အဲ့သုံးကြောင်းက အတွေးစုလေး အရမ်းသဘောကျတယ်ရှင့် ။

(အတွေးကောင်းလေး ထုဆစ်တာမြင်တော့ ၀မ်းသာမိပါတယ်ရှင် ...)