Mar 20, 2010

မောင်ဟာလူဆိုး

မောင်ဟာ... လူဆိုးပါ... မေလေးရယ်... မောင့်ကို... မုန်းလိုက်... မေ့လိုက်...
ကြင်နာတဲ့... စကားတွေ... မဆိုနဲ့ကွယ်... မောင့်ရင်ထဲမှာ... ထိခိုက်...
မောင်ဟာ... ဆုံတွေ့သမျှလူရဲ့... ပူပင်စရာ...
မျက်ရည်ကျစရာ.... အကြောင်းဖြစ်တယ်....

မောင်ဟာ... လူဆိုးပါ... မေလေးရယ်... မောင့်ကို... ပစ်လို့... ပြေးတော့...

တွယ်တာတဲ့... စိတ်တွေ... ဖြေဖျောက်ကာ... မောင့်ကိုလည်း... မခေါ်နဲ့ပေါ့...
မောင်သာ... တယောက်ထဲ... လေလိုလွင့်ကာ... နေမယ်...
ချစ်သူလေးရယ်... ခွင့်လွှတ်ကွယ်...

မေရယ်... မောင့်ဘ၀က... လမိုက်ညလို... မဲမှောင်တယ်...
မောင့်အချစ်က... မီးစလို... ပူပြင်းတယ်...
မောင့်... အချစ်မျိုးနဲ့လေ... မကြုံစေချင်တယ်...
အပယ်ခံပါ... အပြင်လူပါ... အများတကာရဲ့... အနှိမ်ခံပါ...
လောကကြီးရဲ့... အောက်... အောက်ဆုံးမှာ...

လိုရာကို... သွားပါ... မေလေးရယ်... မောင့်ကို... လှည့်မကြည့်နဲ့တော့...
ပျော်ရာကို... လုပ်ပါ... မေလေးရယ်... မောင့်ကို... ငဲ့မကွက်နဲ့တော့...
မောင်လို... လူဆိုးဟာ... ကံကောင်းရင်တောင်ကွယ်...
မင်းလိုချစ်သူနဲ့... မထိုက်တယ်...

နားထောင်ဖို့

7 comments:

khin oo may said...

စိုင်းခမ်းလိတ်ရေး စိုင်းထီးဆိုင်ဆို.......ဟုတ်လား။

http://www.onlinemelody.net/music/RingGo/A%20Chit%20Ko%20Oo%20Sar%20Pay%20Khei%20Thu/01%20-%20Maung%20Har%20Lu%20Soe.mp3

Anonymous said...

အရင်တုံး က ဖီး လေးနဲ့ ဟစ်ခဲ့တဲ့ ရေရေလည်လည် ကြွေဆင် လေးတွေ “ လောကကြီးရဲ့  အောက် အောက်ဆုံးမှာ”

ဧရာ said...

အခုတလော ... ကိုအောင်သာငယ် သီချင်းတွေပဲ ဆိုနေပါလာ...။

ကိုလူထွေး said...

စိုင်းထီးဆိုင် သီချင်းတွေထဲမှာ ဒီသီချင်းကို မကြိုက်ဆုံးပဲ...

းဝ)

PhotoVigor said...

Love the song. :)thanks for sharing

Angel Shaper said...

ဖေကြီးးးးးးးးးးး
အဲဒါ.. ဦးထီး သီချင်းလားးးး
တစ်မျိုးပဲနော်....
ခုမှကြားဖူးတာာာာာာာ

ရွှန်းလဲ့ said...

ဆရာ...အလွမ်းတွေလျှံနေပြီဆရာ...ဘလော့မှာရော ဖေ့စ်ဘွတ်မှာရော.... ဒါကြောင့် ဒီတိုင်းပြည်မှာမိုးတွေရွာနေတာဖြစ်ရမယ် (နဲနဲများဆိုင်သလားလို့ ) :P :P