May 8, 2008

အမုန်းတွေနဲ့ငါ
















ငါ ပေါက်ကွဲသွားပြီ။
ငါ့ တကိုယ်လုံး တစစီလွင့်စင်သွား--
နာဂစ်စ်စားသွားတဲ့ ငါ့နိုင်ငံသားတွေလို။

ငါ အစွမ်းကုန် ကြေကွဲတယ်၊
သေကွဲ- ရှင်ကွဲ-
မိသားစုဘ၀တွေ ပြတ်သတ်စုတ်ပြဲသွား
ငါ့နိုင်ငံသားတွေရဲ့ ဘ၀တွေ...။

ငါ့ လက်ထဲမှာရှိရှိသမျှ
ကြင်နာယုယမှုတွေနဲ့
မိသားစုဘ၀တွေကို
ပြန်သီတွဲစပ် ချုပ်လုပ်ပေးချင်တယ်။

ဓါတ်ပုံထဲက
အပြစ်မဲ့ ကလေးတွေရဲ့အလောင်းများ
ငါ့ အမျက်တွေ ချောင်းစီးသွားကုန်ပေါ့။

ငါ အစွမ်းကုန် ဒေါသထွက်တယ်-
ကမ္ဘာပေါ်က ရှိရှိသမျှ
လူတွေ ကိုးကွယ်နေကြတဲ့ နတ်ဘုရားအမျိုးစုံကို။

ငါ့လက်ထဲမှာရှိသမျှ
ခဲယမ်းမီးကျောက်မျိုးစုံနဲ့
အဲဒီ နတ်ဘုရားတွေ အပုံလိုက် လဲကျသွားအောင်
ငါ ပြစ်ခတ်ပစ်ချင်တယ်
ငါ့ နိုင်ငံသား ကလေးလေးတွေကို မကယ်လို့။

ငါ အစွမ်းကုန် မုန်းတီးတယ်-
ဗမာပြည်က ရှိရှိသမျှ
စစ်အာဏာရှင်တွေကို။

ငါ့လက်ထဲမှာရှိသမျှ
ခဲယမ်းမီးကျောက်မျိုးစုံနဲ့
အဲဒီ စစ်အာဏာရှင်တွေ အပုံလိုက် လဲကျသွားအောင်
ငါ ပြစ်ခတ်ပစ်ချင်တယ်
ငါ့ နိုင်ငံသားတွေကို မကယ်လို့။

နာဂစ်စ်
နင့်ကို ငါမုန်းတယ်။
ခါးခါးသည်းသည်း--

အချည်းအနှီးသော
ဘုရားမျိုးစုံ
သင်တို့အား အစွမ်းကုန် ငါမုန်း၏။

စစ်အာဏာရှင်များ
သင်တို့အား
နေ့ရက်များရှိသမျှ ငါမုန်း၏။

ငါ့အမုန်းတွေ အားလုံးပေါင်းပြစ်ရင်
နာဂစ်စ်ထက် အဆတသန်းပြင်းပေလိမ့်။

ATN

1 comment:

Anonymous said...

ငါ့လက်ထဲမှာရှိရှိသမျှ ကြင်နာယုယမှုတွေနဲ့ မိသားစုဘ၀တွေကို ပြန်သီတွဲစပ်ချုပ်လုပ်ပေးချင်တယ်.....ဆိုတဲ့ အပိုဒ်လေးကြိုက်တယ်..... mie nge