Jan 11, 2009

အိမ်သစ်ကလေးတလုံး

စာ မရေးအားလို့ ဆားချက်တာတော့ မဟုတ်ပါဘူး။ အိမ်သစ်ကလေး တလုံးကို သူငယ်ချင်းတွေ အလည်အပတ် သွားရောက်နိုင်ကြဖို့ မိတ်ဆက်ပေးတာပါ။ (ကြော်ငြာ ၀င်တယ်လို့ လည်း သဘော မထားကြပါနဲ့...း) ကျနော့် အတွက် ခရစ်စမတ်လက်ဆောင် ပေးခဲ့တဲ့ ကျနော့်ညီမ ပန်းချီဆရာမ မသီရိရဲ့ အိမ်ကလေးပါ။ သူကတော့ သူ့ဘာသာ တိတ်တိတ်လေး ဆောက်ထားတာပါ။ ကျနော်ကတော့ အိမ်ကလေးကို အဲလိုပဲ မထားနဲ့... ဘလော်ဂို စဖီးယားထဲမှာ လှည့်လည်သွားလာပါစေ ဆိုပြီး အတင်းတိုက်တွန်းတာနဲ့ အမေ နေ့မှာ သူ့အိမ်က ခြံတံခါးလေးကို ဖွင့်လိုက်တာပါ။ (ပန်းချီဆရာမပေမယ့် ကဗျာတွေချည်း တွေ့ရသဗျား...း)

သူငယ်ချင်းတွေ အားလပ်တဲ့အခါ မမသီရိရဲ့ အိမ်ကလေးကို အလည်တခေါက် သွားရောက် ချီးမြှင့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်...

8 comments:

Anonymous said...

မသိရိ က အန်ကယ့်ပို့စ်တွေမှာ ကော့မန့်ပေးနေတဲ့ MaMa ဆိုတာလားး ။ သွားလည်လိုက်အူံးမယ်။

:P said...

၁-မမသီရိ
၂-http://mamaonlinediary.blogspot.com ကမမ၊
၃-http://theinginwai.blogspot.com/မှာရေးတဲ့မမ
၎-ကိုနဗနတို့ရွာကျောင်းကို လှူတဲ့ မမ

အားလုံးရောပြီးမူးတွားပြီ။ :((((

လင်းဒီပ said...

ရောက်ပြီးပါပြီဗျာ..နောက်လည်းသွားမှာပါ..:P

Anonymous said...

အစ်ကို ရေ..
မောင်နှမ ချင်းလဲ
ကျေးဇူးတင်ကောင်း တယ် ထင်တာပဲ.... နော်..
ခုတော့... အစ်ကို့ညီမ.. သူငယ်ချင်း အသစ်တွေနဲ့..း)..
သတ္တိ တွေ ရှိလာ အောင် အားပေးခဲ့ လို့
ကျေးဇူး တင်ပါတယ်...

မီးမီးငယ် said...

စာမူခလေးပေးခဲ့ပြီ
း)

Black Dream said...

အလည်လိုက်သွားပြီးပြီအစ်ကို :P

မီယာ said...

ရောက်ခဲ့ပါပြီ

Welcome said...

ချောချောတော့ လက်မတို့ဘူး ။
(ရောက်ခဲ့ပြီးကြောင်းပါ)