Jan 12, 2009

ည






















မရဏံ ဓူဝံ
ဇိဝိတံ နဓူဝံ။

သေခြင်းတရားကား မြဲ၍
အသက်ရှင်ခြင်းကား မမြဲ။

ည အမှောင်ထဲ
ကြေကွဲစရာ ဓမ္မတေး...
အေးစက်လွင့်မျော
သောကတောဆီ...

ခပ်ဝေးဝေးမှာတော့ ကြယ်ပြာတလုံး
အဝေးဆုံး အရပ်မှာပဲ
ရပ်တန့်အေးခဲလို့...

ဓူဝံကြယ်...

မေတ္တံ ဓူဝံ...

ချစ်ခြင်းမေတ္တာကား မြဲ၏... ။

သေခြင်းတရား
ငါ့အား အနိုင်မယူမှီ...
ရှင်သန်ခြင်းတရား
ငါ့အပါး မခွာမှီ...

“သည်တညတော့
မင်းရင်ခွင်မှာ
အိပ်ဖို့ရောက်လာပြီ... ”

သည်ညကို
ငါ သီဆိုပြမယ့် သီချင်းတပုဒ်ပါ...

ငြင်ငြင်သာသာ
တိုးတိုး တိတ်တိတ်
ဆိတ်ဆိတ် သဲ့သဲ့...

ယဲ့ယဲ့ လေးဖြစ်ဖြစ်
ညကို... ပြုံးပြပစ်လိုက်ပါ အချစ်ရေ...

ATN

(ပုံကို Adobe Photoshop CS3 နဲ့ ဆွဲထားပါတယ်)

5 comments:

ခေါင်ခေါင် said...

ဒီညမှာ သီချင်းလေး ဆိုပြတဲ့အခါ ... သူမက အလှဆုံးပြုံးပြမှာပါ

sait phay yar said...

သေခြင်းတရားကား မြဲ၍


ဒီစကားလေးကိုတော့ အတည် သိပ်မပြုချင်
သေပြီးဟိုဘက်မှာ တည်မြဲလို့လား ဘာတွေသေချာတာရှိလို့တည်မြဲတယ်ပြောတာလည်း ဟင်
မသိလို့မေးတာနော်။
ရှင်းပြနိုင်ရင်တော့ ဇူးဇူး ပါ
မသိလို့မေးတာနော်

mama said...

ဘာလို့မှန်း မသိ..
ကဗျာလေး ဖတ်ပြီး...ငိုချင် နေမိ တယ်....

pandora said...

ကဗျာတိုးတိုးလေးကို တိတ်တိတ်ကလေး ပြန်ဖတ်သွားတယ်

Anonymous said...

ကဗျာဆရာစစ်စစ်ရဲ့ နောက်ထပ်ကဗျာ လှလှလေးတပုဒ်နဲ့ ပန်းချီဆရာ မစစ်တစစ်ရဲ့ နောက်ထပ် နက်ရှိုင်းတဲ့ ပန်းချီ တကား။