လွတ်လပ်မှုကိုတော့
သေနတ်နဲ့ပဲ... ငါ...
ချိန်ရွယ်ထားရဖူးပြီးပြီပေါ့..
တခြားနည်းနဲ့လည်း...
ဘယ်လိုယူလို့ရမယ်ဆိုတာ...
ငါ မသိဘူး...
သေနတ်သံတွေကို
တကယ်တော့... ငါ... မယုံပါဘူး... လေ...
ဒါပေမယ့်...
သေနတ်တွေကိုတော့
ငါ... ယုံနေသေးတာပေါ့...
လက်ညှိုးတွေ မကွေးသမျှ...
သေနတ်ကလေးတွေခမျာ
ဘာအသံမှ ထွက်မပြဘူး...
သူတို့ကတော့...
သေနတ်တွေကို... ဆုပ်ကိုင်ထားပြ...
လက်ညှိုးတွေကို
အတားအဆီးမရှိသလို ကွေးချနေကြ...
ငါတို့ကလည်း...
သေနတ်တွေကို... ပြန်ဆုပ်ကိုင်ပြရပေလိမ့်...
ဒါးကို... ဒါးချင်း...
လှံကို... လှံချင်း...
သေနတ်ကို... သေနတ်ချင်း...
တကယ်တမ်းမှာ...
ငါတို့ဟာ...
လွတ်မြောက်ရေးအတွက်သာ... စစ်ခင်းနေရတာပါ...
ဒါးတွေချင်း... လှံတွေချင်း...
ဘယ်လိုမှ လမ်းမခင်းနေချင်တော့တာ အသေအချာပေါ့...
သို့သော်လည်း...
ငါတို့မှာ...
ရွေးချယ်စရာဆိုတာ သိပ်မရှိလှပါဘူး...
သေနတ်ကို ဆွဲရင် ဆွဲ...
သေနတ် မဆွဲရင်...
RIP လက်ဝါးကပ်တိုင်ကို ဆွဲ... ရမှာပေါ့...
ရှင်သန်ချင်နေသေးသမျှ...
ငါ့ အေကေ-၄၇ သေနတ်ကို
ငါ့ရင်ဘတ်မှာ အပ်ထားနေမိသေးတာကတော့...
ငါ့ လွတ်မြောက်ရေးတေးပေါ့လေ... သူငယ်ချင်း... ...
ATN
(DKBA, KNLA နှင့် ABSDF မှ တိုက်ဖော် တိုက်ဖက် ရဲဘော်များသို့ ...)
No comments:
Post a Comment