Jan 28, 2011

တောင်ပေါ်သူ လွမ်းတေး (ခင်ဝမ်း)

အပြာရောင် မိုးဖွဲလေးအောက်မှာ... တွေ့ခဲ့စဉ်ဝယ်... ချည်နှောင်ဖွဲ့ ကြိုးကလေးများရှိလာ... မမေ့နိုင်စရာ.... တောင်ပေါ်သူရယ်... အိမ်ပြန်ချိန် ခွဲကြရတော့... လေနှင်ရာ အလိုက်သင့်... တိမ်ညိုတွေ လွင့်လို့နေတယ်...

ထာဝစဉ်ဝေးကြရဖို့သာ... တွေ့ခဲ့သူရယ်... နှင်လေရာ အသက်နဲ့ ထပ်လို့သာ... တမ်းတနေမယ်... တောင်ပေါ်သူရယ်... ညိုငြင်မှာစိုးခဲ့မိတော့... ဆိုချင်တဲ့ တေး တပုဒ်ကို... ရင်မှာသာ သိမ်းခဲ့သူကွယ်...

တောင်စဉ် တောင်တန်းတွေ... မြူခြေ အုံ့မှိုင်းဝေ... စာသင်ကျောင်းလေး တကျောင်း ရှိလို့နေ... တောင်ပေါ်သူလေးရေ... ဆရာမလေးရေ... သည်ရင်မှာလေ အမြဲပဲ... မိုးဖွဲ... မိုးဖွဲလေး ရွာနေ...

အ၀ါရောင် ပန်းများ ပွင့်လို့လာ... ယိမ်းနွဲ့ကာရယ်... သာယာတဲ့ သီချင်းလေး ကြားမိသယောင် တွေးမိပြန်တယ်... တောင်ပေါ်သူရယ်... အဖြေရှာ ငေးမောရင်းနဲ့ ဘာရယ်ကို မသိတော့တဲ့ ဝေဒနာတွေ ငြိလို့နေတယ်...

တောင်စဉ် တောင်တန်းတွေ... မြူခြေအုံ့မှိုင်းဝေ... စာသင်ကျောင်းလေး တကျောင်း ရှိလို့နေ... တောင်ပေါ်သူလေးရေ... ဆရာမလေးရေ... သည်ရင်မှာလေ အမြဲပဲ... မိုးဖွဲ... မိုးဖွဲလေးရွာနေ...

http://www.facebook.com/note.php?note_id=10150386052470274#!/video/video.php?v=1501708393964 

No comments: