Jan 16, 2011

ရဲဘော် သန်းလွင်-သို့

ဟောသည့် ကမ္ဘာမြေအပေါ်မှာ
ဖက်တွယ်စရာတွေ သိပ်မရှိတော့တဲ့အခါ...
ငါတို့ဟာ...
အချင်းချင်းကိုသာ ဖက်တွယ်ထားရလေတော့တယ်...

ရင်ဘတ်ကို ရင်ဘတ်ချင်း...
လက်ကို လက်ချင်း...
နှလုံးသားကို နှလုံးသားချင်း...
ယုံကြည်ချက်ကို ယုံကြည်ချက်ချင်း...
သေနတ်မောင်းကို ဖြုတ်တတ်သော လက်များအချင်းအချင်း...

သူငယ်ချင်း...
မင်းကို... ညီလေး-လို့... ငါကခေါ်...
ငါ့ကို... အကိုကြီး- လို့... မင်းက ခေါ်...

တကယ်တော့
ညီ အကိုဆိုတာထက်တောင် ပိုနေသေးတယ်...
မင့် အသက်ကို ငါ့ ပေးထားတာ ...
ငါ့ အသက်ကို မင့် ပေးထားတာ...
ငါတို့ဟာ ကျောချင်းကပ်လျက်...
နှလုံးသားချင်းကတော့...
ရင်ချင်းအပ်လျက်...
ချစ်တတ်သူတွေလိုမျိုး...

ဆေးအိပ်ကလေး လွယ်ပြီး ပြုံးပြုံးနေတတ်တဲ့ မင်း...

ရဲဘော် သန်းလွင်...
သင် ယုံကြည်ခဲ့သော မနက်ခင်းများ...
ငါတို့အားလုံး ယုံကြည်ခဲ့...
တပ်မဟာ (၆)ရဲ့ နေ့ရက်များ...
သင့်အား သတိရနေကြလိမ့်...

ငါ့ စာမျက်နှာ တခုမှာ
သင့်အမည်အား ရေးထိုးထားပါမည်...
ထာဝရဘုရား...
သင့်အား ကောင်းချီးပေးပါ့...
အာမင်...

ATN

1 comment:

Anonymous said...

အလွန်ခံစားချက်ပါသော ကဗျာလေးတစ်ပုဇ်ပါဗျာ ။ တင်ပေးလို့ကျေးဇူးတင်ပါတယ် ။