Sep 10, 2011

သတိရတယ် မာရီယာ...














ညှာတာသောအားဖြင့်
အပြင်းစား သုခ တချို့ ငါ့အားပေးပါ့...
ဘ၀အား ရင်ခုန်ချင်နေသော ငါ့နာရီလက်တန်တွေ
သွက်သွက်လည်အောင် မြန်နေပြီ... မာရီယာ....

ကိုယ့်ဘာသာကိုယ် ပေးထားတဲ့ ဘွဲ့တံဆိပ်တွေကို
အရူးဗိုလ်ချုပ်တွေလို
သူတို့ ရင်ဘတ်မှာ
အလကားမတ်တင်း ချိတ်ဆွဲထားတာမျိုး မဟုတ်ဘူး...

ငါ့... အသက်တာ တခုလုံးမှာ...
ချိတ်ဆွဲလို့ရတာတွေ အားလုံး...
ငါ့ ဘ၀ကြီးတခုလုံးနဲ့ လဲလှယ် ချပ်ရပ်ပြီး...
ငါ့ရင်ဘတ်မှာ
ချိတ်ဆွဲခဲ့ပါတယ်... မာရီယာ...

လူသားချင်း စာနာမှု...
ကုသိုလ်ကောင်းမှု...
ကိုယ်ချင်းစာမှု...
အများအကျိုးဆောင်မှု...
ကိုယ်ကျိုးစွန့်လွှတ်မှု...

ထွက်မြောက်ရာလမ်းဟာ
ငါ့ရင်ဘတ်ပေါ်မှာတော့ မဟုတ်တော့ဘူး...
ဒါကိုလည်း ...
ငါ ကောင်းကောင်း သိတာပေါ့... မာရီယာ...

ဘုရားသခင်လည်း ငါ မဟုတ်တော့...
နေရာတကာ... ဖြစ်စေ-လို့ ငါ ရွတ်ဖတ်လို့ မရဘူးလေ...

နေ့စဉ်ရက်ဆက် မဟုတ်လည်း...
ကျိုကြား ကျိုကြား ဖြစ်စေဦး...
နင့်ကို သတိရနေဦးမယ်... မာရီယာ...

မလွတ်မြောက်နိုင်သေးသရွေ့...
နင်နဲ့ ငါဟာ...
အတူတူပါပဲ... မာရီယာ...

ခုရက်တွေထဲ
နင့်ကို... ငါ...
လေးထောင့်ဆန်ဆန်
သတိရမိနေပြန်ပေါ့... မာရီယာ...

atn

No comments: