Mar 31, 2010

“ကေ” သုံးလုံးရဲ့ ကဗျာစာအုပ်



ကျနော့်ဆီကို ညီငယ် “ကေ”သုံးလုံး (ကောင်းကင်ကို)ဆီက ကဗျာစာအုပ် ၂ အုပ် မနေ့က ရောက်လာပါတယ်... မျှော်နေတာ အတော်ကြာပြီမို့... ခုရောက်လာတော့ အတော် ၀မ်းသာမိပါတယ်... သူ့ကဗျာတွေကတော့ အမြဲ ဖတ်နေကြမို့ ကဗျာတွေ ဖတ်ဖို့ မျှော်တာတော့ မဟုတ်ပါဘူး... သူကဗျာ စာအုပ် ပုံနှိပ်ဖို့ လုပ်နေတုန်းက ... သူ့စာအုပ်အတွက် မျက်နှာဖုံး သရုပ်ဖော်ပုံ ဆွဲဖို့ အကူအညီ တောင်းတာနဲ့... ၃ ပုံ ဆွဲပေးလိုက်ပါတယ်... ဖိုတိုရှော့ပ်နဲ့ ဆွဲပေးလိုက်တာပါ... ကြိုက်တဲ့တခုကို သုံး ဆိုတော့ ... ခု အပေါ်က ပုံမှာပါတဲ့ သရုပ်ဖော်ပုံကို သူကြိုက်တယ်ဆိုပြီး စာအုပ်အတွက် သုံးပါတယ်... ကျနော်က အဲသည် ပုံလေး... စာအုပ်ထွက်တဲ့အခါ ဘယ်လို နေမှာပါလိမ့်လို့ မြင်ချင်နေတာနဲ့ သူ့စာအုပ်ကို မျှော်နေမိတာပါ... ခုတော့ ကဗျာဆရာ တယောက်ရဲ့ ကဗျာစာအုပ်မှာ မျက်နှာဖုံး သရုပ်ဖော်ပုံကို ဆွဲပေးခဲ့တာ ဒါ ပထမဆုံး အကြိမ်ဖြစ်သလို... ကိုယ့်ရဲ့ မျက်နှာဖုံး သရုပ်ဖော်ပုံကို စာအုပ်နဲ့ အတူတကွ မြင်ရတာလည်း ဒါ ပထမဆုံး အကြိမ်ပါပဲ...
စာအုပ်ကို စာအိတ်ထဲက ဆွဲထုတ်လိုက်တော့... ကိုယ့်သားသမီးတယောက်ကို တွေ့လိုက်ရသလိုပါပဲ...း)
(စာအုပ်တွေအတွက် ကျေးဇူးပါ ညီလေးရေ့...)

တလက်စထဲ သူ့အတွက် ဆွဲပေးခဲ့တဲ့ မျက်နှာဖုံး သရုပ်ဖော်ပုံ ၃ ပုံလုံးကို သည်မှာ အမှတ်တရ မှတ်တမ်းတင်ရင်း ဖော်ပြလိုက်ပါတယ်...
ဘယ်ပုံကို အကြိုက်ဆုံးလဲ ဆိုတာ ပြောသွားကြပါဦး...
သူကတော့ တတိယ ပုံကို ကြိုက်လို့ သုံးသွားပြီ...
ကျနော်ကတော့ ဒုတိယပုံကိုကြိုက်တယ်...

(၁)

(၂)

(၃)

မျက်နှာဖုံး အပ်ချင်တဲ့သူများ ရှိရင်လည်း ပြောကြပါ...

ကိုငြိမ်းဝေတို့... ကိုဝေလင်းတို့... ဆောင်းယွန်းတို့...  သစ်ကောင်းတို့... ကိုထက်တို့...  မနော်တို့... အိန္ဓြာတို့... မပန်တို့... ... .... တို့.... တို့... မျက်နှာဖုံး အပ်ချင်ရင် ကြိုပြောထားကြနော... ခု လက်မလည်လို့...း)

ATN

Mar 25, 2010

အသိနှင့် အသိတရား

စာ မရေးဖြစ်သည်မှာ ကြာပြီ။ ဘယ့်လောက်ကြာနေပြီလဲ ဆိုသည်ကိုလည်း အမှတ်မထားမိ... ။ ရှိစေတော့...။

ခုတော့ ... စာမရေးချင်၍ မရေးပဲနေသူကို... မရေးချင်လျက်က ရေးရအောင်... ချစ်ခင်ရင်းနှီးသော ညီမငယ် တယောက်ဖြစ် သူ မငယ်နိုင်က Tag လာပါပေသည်။ အသိနှင့်အသိတရား ဆိုပဲ...

မရေးလျှင်လည်း မခင်မင်ရာ ကျပေဦးမည်။ ရေးလျှင်လည်း ရေးချင်ရာကျပေဦးမည်။ မည်သို့ဆိုစေ... ချစ်ခင်ရင်းနှီးမှုကို ဦးစားပေးလျက် မရေးချင်ရေးချင်နှင့် ရေးလိုက်သည်- ဟုသာ မှတ်ကြပါလေကုန်...

အသိ

“အသိ”ဆိုသော မြန်မာ စကားလုံးသည် အတော် ရှုပ်ထွေးသည်-ဟု မြင်သည်။ အဘယ်ကြောင့်ဆိုသော် ရိုးရိုး မြန်မာဘာသာဖြင့်ပင် အဓိပ္ပါယ် အမျိုးမျိုး ထွက်ရှိနိုင်သောကြောင့်ဖြစ်ပေသည်။ သို့သော်လည်း သည် “အသိ”သည် မြန်မာ့အသိုင်း အ၀ိုင်းတွင် အရေးပါသော နေရာမှာ ရှိလေသည်။

ယေဘုယျအားဖြင့် Common Sense ဟု သိုးဆောင်းဘာသာစကားဖြင့် ပြောဆိုနိုင်သော “သာမန်သိ”ကို အရပ်စကားဖြင့် “အသိ”ဟု ပြောကြပေမည်။
သည်အခါ... “အသိ”ဆိုသော စကားလုံးကို မည်သူကမျှ ထူးခြားသော အဓိပ္ပါယ် မဖွင့်ဆိုပဲ အလွယ်တကူ သုံးကြတော့လေသည်...

“အသိ”.... မည်သို့နည်း...
“အသိ”ဆိုသည်မှာ “သိသည်”ဆိုသော ကြိယာ၏ နာမ်ပုဒ် မဟုတ်လော...
ထို “အသိ”သည် ထိတွေ့ခံစားမှု အာရုံ (Sense) မှ ရောက်လာပေသည်။
“သိသည်“ဆိုသော ကြိယာအနောက်မှ ရောက်လာသော ထို “အသိ”သည် အမိမြန်မာပြည်၏ နိုင်ငံရေး အခြေအနေအမျိုးမျိုးကို လိုက်၍ ထိတွေ့ခံစားရသမျှသော အာရုံများကိုလိုက်၍ ခေတ်အမျိုးမျိုးတွင် အဓိပ္ပါယ် အမျိုးမျိုး ထွက်လေသည်။

ညီမငယ် မငယ်နိုင်ဆိုလိုသော “အသိ”ကား “သာမန်အသိ” သို့မဟုတ် သိုးဆောင်းစကားဖြစ်သော Common Sense ကိုသာ ဆိုလိုပုံရပေသည်။

ညီမငယ်က ဤသို့သာ ဆိုလိုလျှင် ထို “အသိ”အကြောင်းကို ထပ်မံချဲ့ကား ပြန်ပြောင်း ပြောပြနေစရာ မရှိပါပေ။

သို့သော်လည်း ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုမှ စတင်ခဲ့သော မြန်မာ့ နိုင်ငံရေး ဇာတ်ပျက်မှုတွင် “အသိ”သည် အရေးပါသောနေရာမှ နေရာတကာတွင် ပါဝင်ခဲ့သည်ဟု ယုံကြည်မိပေသည်။ သို့အတွက် သည် “အသိ”အကြောင်းကို တစုံတရာ ပြောဆိုချင်စိတ်လည်း ရှိလာပေသည်။

“အသိ” ရှိသလား - ဆိုသော မေးခွန်းကို အလုပ် အင်တာဗျူးတွင် အမေးခံခဲ့ရဖူးသူတိုင်း-
ပြဿနာ တစုံတရာ ဖြစ်လာတိုင်း - ဘာမှ မပူနဲ့ ကျနော့်မှာ “အသိ”တွေ အများကြီး ရှိတယ်... ခွန့်နိုင်ဖို့... ဖို့နိုင်ဖို့ပဲ... လိုတယ်- ဟု ပြောသည်ကို ကြားခဲ့ရဖူးသူတိုင်း -
... .... .... .... .... ခဲ့ဖူးသူတိုင်း - (ရှည်ရှည် ဝေးဝေး မပြောချင်တော့သောကြောင့် အတိုချုံးလိုက်ပါသည်)
“အသိ”ဆိုသည်မှာ Common Sense ကို ရည်ညွှန်းနေခြင်း မဟုတ်ကြောင်း ကောင်းကောင်း သိကြပါပေမည်။

မည်သို့ ဖြစ်စေ “အသိ”အကြောင်းကို ယခုစာကို ဖတ်နေသူလည်း ကောင်းကောင်း သိမည် ထင်ပါသည်။ မသိလျှင်လည်း “ရှာဖတ်ကြပါ” ဟုသာ ပြောချင်ပါသည်။

သို့သော်လည်း အထက်ဖော်ပြပါ “အသိ” များကြောင့်... အခြား “အသိ”များ မရှိသေး-ဟု ထင်လျှင် ရှိပါသေးကြောင်းကိုလည်း ပြောပြချင်ပါသေးသည်။

“အသိ”သည် သိုးဆောင်းစကားဖြင့် ပြောလျှင် Common Sense ဟု ဖော်ပြသဖြင့် “အသိ”သည် လူတကာ သိရှိသော သာမန်အသိဖြစ်ကြောင်း သတ်မှတ်ရပေမည်။

သို့သော်လည်း ထို သာမန်အသိကိုပင် လူတိုင်း အလွယ်တကူ သိနိုင်ကြသည် မဟုတ်ပါ။ ထို အသိကို ရရှိရန် - သို့မဟုတ် - နားလည်ရန် “အာရုံ” (၅) မျိုးကို လိုအပ်လေသည်။ တနည်း - သိုးဆောင်းဘာသာ စကားဖြင့် Sense (၅) မျိုးကို လိုအပ်ပေသည်။

သည်အခါ Sense ကို “အာရုံ” သို့မဟုတ် “အသိ”ဟု သတ်မှတ်မည်ဆိုလျှင် “အာရုံ (၅) ပါး” သည် “အသိ (၅) မျိုး” ဖြစ်ပေမည်။

ထို အသိ (၅) မျိုးကို ဖော်ပြလိုပေသည်။

၁။ အနံ့ဖြင့် ရသော အသိ = ဂန္ဓာရုံ (sense of smell)
၂။ အဆင်းဖြင့် ရသော အသိ = ရူပါရုံ (sense of appearance)
၃။ အတွေ့ဖြင့် ရသော အသိ = ဖောဌပ္ပါရုံ (sense of touch)
၎။ အသံဖြင့် ရသော အသိ = သဒ္ဒါရုံ (sense of hearing)
၅။ အရသာဖြင့် ရသော အသိ = ရသာရုံ (sense of taste)

ထိုအာရုံ (၅)ပါး - သို့မဟုတ် - ထို အသိ (၅) မျိုးကို နအဖ၏ အကျဉ်းထောင်အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (prisoners of conscience) ကသာ အခြား တပါးသော လူတကာတို့ထက် အသိဆုံး ဖြစ်မည်-ဟု ယုံကြည်ပေသည်။

ဤအချက်ကို ရှင်းပြရဦးမည်လား။

၁။ မိမိ မိလ္လာအိုးနှင့်တခန်းတည်း နေနေရသော သူသည် အနံ့ဖြင့် ရသော ဂန္ဓာရုံ အသိ အကြောင်းကို လူတကာတို့ထက် ကောင်းကောင်း သိပေမည်။
၂။ အကျဉ်းထောင်များအတွင်း ရာဇ၀တ်သားများနှင့် အတူ တ၀တ်စုံတည်း ၀တ်စေကာ တခန်းတည်းအတူ အထားခံခဲ့ရသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူများသည် အဆင်းဖြင့် ရသော ရူပါရုံ အသိအကြောင်းကို လူတကာတို့ထက် ကောင်းကောင်း သိပေမည်။
၃။ စစ်ကြောရေး စခန်းများတွင် ရိုက်နှက်ညှဉ်းပမ်းခံခဲ့ရသူများသည် အထိအတွေ့ဖြင့်ရသော ဖောဌပ္ပါရုံ အသိအကြောင်းကို လူတကာတို့ထက် ကောင်းကောင်း သိပေမည်။
၎။ စစ်ကြောရေးစခန်းများတွင် မိမိကိုယ်တိုင် အနှိပ်စက်မခံရသော်လည်း ရိုက်နှက် နှိပ်စက် ညှဉ်းပမ်းခံနေရသူများ၏ မချိမဆန့် အော်ဟစ်ညည်းငြူသံများကို ကြားခဲ့ရသူများသည် အကြားဖြင့် ရခဲ့ရသော သဒ္ဒါရုံ အသိအကြောင်းကို လူတကာတို့ထက် ကောင်းကောင်း သိပေမည်။
၅။ အကျဉ်းထောင်များအတွင်း မည်သည့်အရသာမျှ မရှိသော ထမင်းအမည်ခံ ဟင်းအမည်ခံ အစားအစာအမည်ခံများကို စားသောက်ခဲ့ရသူများသည် အရသာဖြင့် ရခဲ့သော ရသာရုံ အသိအကြောင်းကို လူတကာတို့ထက် ကောင်းကောင်း သိပေမည်။

ဤမျှဖြင့် “အသိ”အကြောင်းကို ပြောဆိုခြင်းသည် လုံလောက်ပြီ - ဟု ထင်ပေသည်။

အသိတရား

ဤစကားလုံးသည် “အသိ”နှင့် “တရား” ဟူသော စကားလုံး ၂ ခုကို ပေါင်းစပ်ထားသဖြင့် “အသိ” ဟူသော စကားလုံးထက် အဓိပ္ပါယ် ပိုမို ကျယ်ဝန်း ရှုပ်ထွေးပေမည်။

သို့သော်လည်း “အသိ” အကြောင်းကို ပြောဆိုပြီးပြီဖြစ်သဖြင့် “တရား” အကြောင်းကို ပြောဆိုခြင်းဖြင့် “အသိတရား”အကြောင်းကို အလွယ်တကူ ပြောဆိုနိုင်မည်ဟု ယူဆပေသည်။

သည်အခါ “တရား” အကြောင်းကိုသာ ပြောဆိုရပေမည်။

“တရား”ဆိုသည်မှာ “မှန်ကန်ခြင်း” ပင် ဖြစ်ပေသည်။ “တရား”ကို “ဓမ္မ” ဟု အမည် ပေးလျှင် “တရား”၏ ဆန့်ကျင်ဖက်ကား “အဓမ္မ” ဖြစ်လိမ့်မည်ကို အထူးအထွေ ပြောပြနေစရာ မလိုပါပေ။ တရားမှု၏ ဆန့်ကျင်ဖက်သည် မတရားမှုသာ ဖြစ်ပေသည်။

သည်အခါ မည်သည်က “တရား” သို့မဟုတ် “ဓမ္မ”...
မည်သည်က “မတရား” သို့မဟုတ် “အဓမ္မ”ဆိုသည်ကို ခွဲခြမ်း စိပ်ဖြာကြည့်နိုင်ရန်အတွက် တစုံတရာကို လိုအပ်ပေသည်။

သည်အခါ “အသိတရား” ဆိုသော “မှန်ကန်သော သိမြင်မှု”သည် အရေးပါသော နေရာမှ ရပ်တည်နေလေတော့သည်။

သည်အခါ “အသိတရား” ဆိုသည့် စကားလုံးသည် “တရားမှု”နှင့် “မတရားမှု” - “ဓမ္မ” နှင့် “အဓမ္မ”ကို ခွဲခြားပေးနိုင်သော “အာရုံသိ” ဖြစ်သည်-ဟု ဆိုချင်ပေသည်။

“အသိ”ကား လူတိုင်း၌ ရှိပေသည်။ သို့သော်လည်း သည်“အသိ”ကို “သင့်တင့်လျော်ကန်မှန်ကန်စွာ” သုံးစွဲရန်အတွက် “တရား” ကို လိုအပ်ပေသည်။ တနည်း ထို “အသိ”ကို သြကာသလောကကြီးအတွက် အကျိုးရှိအောင် သုံးစွဲရန်အတွက် “ဓမ္မ”ကို လိုအပ်ပေသည်။ “ဓမ္မ”သည် “တရား”ဖြစ်၏။ သို့သော်လည်း “မှန်ကန်သော တရား”ဖြစ်သည်။ ထိုတရားကိုလည်း မှန်ကန်သော “အသိ”ရှိမှသာ ရနိုင်ပေလိမ့်မည်-ဟု ယုံကြည်ပေသည်။ မှန်ကန်သော အသိသည် “အသိတရား”ဖြစ်ပေသည်။

သည့်အတွက် “အသိတရား” ဆိုသည်မှာ လူတိုင်း၌ ရှိသလော...

ယခုအခါ ၂၀၁၀ ရွေးကောက်ပွဲကလည်း နီးကပ်လာချေပြီ။

“အသိ”နှင့် “အသိတရား”ကို မည်သူက မည်သို့ အဓိပ္ပါယ်ဖွင့်ဆိုပြီး
မည်သူက မည်သို့ အသုံးချကြမည်ကို စောင့်ကြည့်ကြရပေမည်။

“အသိ” ရှိသော လူတိုင်းက “တရားမှု”နှင့် “မတရားမှု”...
တနည်း “ဓမ္မ” နှင့် “အဓမ္မ”ကို “အသိတရား”နှင့် ခွဲခြားနေကြလေပြီ...

“အသိတရား” ရှိသူတိုင်းက သည်ရွေးကောက်ပွဲကို အသိအမှတ် မပြုကြလေပြီ။

သည်အခါ ဆန့်ကျင်ဖက်တွေးရလျှင်...
သည်ရွေးကောက်ပွဲကို အသိအမှတ်ပြုကြလျှင် - သို့မဟုတ် - သည်ရွေးကောက်ပွဲသို့ ၀င်ဖို့ ကြိုးစား အားထုတ်ကြလျှင် ထိုသူများသည် “အသိတရား”မရှိသောသူများသာ-ဟု သတ်မှတ်ချင်ပါတော့သည်။

ATN

Mar 20, 2010

မောင်ဟာလူဆိုး

မောင်ဟာ... လူဆိုးပါ... မေလေးရယ်... မောင့်ကို... မုန်းလိုက်... မေ့လိုက်...
ကြင်နာတဲ့... စကားတွေ... မဆိုနဲ့ကွယ်... မောင့်ရင်ထဲမှာ... ထိခိုက်...
မောင်ဟာ... ဆုံတွေ့သမျှလူရဲ့... ပူပင်စရာ...
မျက်ရည်ကျစရာ.... အကြောင်းဖြစ်တယ်....

မောင်ဟာ... လူဆိုးပါ... မေလေးရယ်... မောင့်ကို... ပစ်လို့... ပြေးတော့...

တွယ်တာတဲ့... စိတ်တွေ... ဖြေဖျောက်ကာ... မောင့်ကိုလည်း... မခေါ်နဲ့ပေါ့...
မောင်သာ... တယောက်ထဲ... လေလိုလွင့်ကာ... နေမယ်...
ချစ်သူလေးရယ်... ခွင့်လွှတ်ကွယ်...

မေရယ်... မောင့်ဘ၀က... လမိုက်ညလို... မဲမှောင်တယ်...
မောင့်အချစ်က... မီးစလို... ပူပြင်းတယ်...
မောင့်... အချစ်မျိုးနဲ့လေ... မကြုံစေချင်တယ်...
အပယ်ခံပါ... အပြင်လူပါ... အများတကာရဲ့... အနှိမ်ခံပါ...
လောကကြီးရဲ့... အောက်... အောက်ဆုံးမှာ...

လိုရာကို... သွားပါ... မေလေးရယ်... မောင့်ကို... လှည့်မကြည့်နဲ့တော့...
ပျော်ရာကို... လုပ်ပါ... မေလေးရယ်... မောင့်ကို... ငဲ့မကွက်နဲ့တော့...
မောင်လို... လူဆိုးဟာ... ကံကောင်းရင်တောင်ကွယ်...
မင်းလိုချစ်သူနဲ့... မထိုက်တယ်...

မေရယ်... မောင့်ဘ၀က... လမိုက်ညလို... မဲမှောင်တယ်...
မောင့်အချစ်က... မီးစလို... ပူပြင်းတယ်...
မောင့်... အချစ်မျိုးနဲ့လေ... မကြုံစေချင်တယ်...
အပယ်ခံပါ... အပြင်လူပါ... အများတကာရဲ့... အနှိမ်ခံပါ...
လောကကြီးရဲ့... အောက်... အောက်ဆုံးမှာ...

လိုရာကို... သွားပါ... မေလေးရယ်... မောင့်ကို... လှည့်မကြည့်နဲ့တော့...
ပျော်ရာကို... လုပ်ပါ... မေလေးရယ်... မောင့်ကို... ငဲ့မကွက်နဲ့တော့...
မောင်လို... လူဆိုးဟာ... ကံကောင်းရင်တောင်ကွယ်...
မင်းလိုချစ်သူနဲ့... မထိုက်တယ်...

နားထောင်ဖို့

နံရံကိုလက်သီးနဲ့ထိုးမိတယ်

အဆင်မပြေမှုတွေ ခုတလောမှာ
အဖေါ်တွေစုပြီး ၀င်ရောက်လာ
နဂိုရ်ကမဟန်တဲ့ ကိုယ့်ဘ၀ဟာ ဖရိုဖရဲဖြစ်ပြီ...

ကိုယ်တိုင်ကြိုးစားလာသလောက်သာ
ကိုယ်ခံစားရမယ့်အခွင့်အရေးတွေ
တကယ်ပိုင်ဆိုင်ရင် ကိုယ့်ဘ၀ဟာ စိတ်အေးရပြီ...

ဘာကို အပြစ်ရှာ ပုံမှာလဲ
တရားခံအရင်းဟာ ဘယ်သူလဲ
ကိုယ်လေ စဉ်းစား မရနိုင်တိုင်း
နံရံကို လက်သီးနဲ့ ထိုးမိတယ်

ဒီကမ္ဘာလောကရဲ့သစ္စာ
ဒီလူသားရဲ့ အမှန်တရားဟာ
ဒါကိုခေါ်သလား အရွဲ့တိုက်ချင် အောင့်အည်း မရပြီ...

လှံ လှံချင်းလည်း မဖြေရှင်းချင်
ရန် ရန်ချင်းလည်း မတုန့်နှင်းချင်
ဒါပေမယ့်လည်း ဒေါသနဲ့ စိတ်ထိန်းမရပြီ

သိုလှောင်ထားတဲ့ နာကျင်မှု
မြိုသိပ်ထားတဲ့ မကျေနပ်မှု
တခါပေါက်ကွဲမှ စိတ်ပြေမယ်
နံရံကို လက်သီးနဲ့ ထိုးမိတယ်

လှံ လှံချင်းလည်း မဖြေရှင်းချင်
ရန် ရန်ချင်းလည်း မတုန့်နှင်းချင်
ဒါပေမယ့်လည်း ဒေါသနဲ့ စိတ်ထိန်းမရပြီ

သိုလှောင်ထားတဲ့ နာကျင်မှု
မြိုသိပ်ထားတဲ့ မကျေနပ်မှု
တခါပေါက်ကွဲမှ စိတ်ပြေမယ်
နံရံကို လက်သီးနဲ့ ထိုးမိတယ်

ဘာကို အပြစ်ရှာ ပုံမှာလဲ
တရားခံအရင်းဟာ ဘယ်သူလဲ
ကိုယ်လေ စဉ်းစား မရနိုင်တိုင်း
နံရံကို လက်သီးနဲ့ ထိုးမိတယ်

Get this widget | Track details | eSnips Social DNA

Mar 10, 2010

အိန်ဂျယ်နှင့် စကားပြောဆိုခြင်း



 










Jack ကို ငါ အိမ်ခေါ်လာတယ်... အိန်ဂျယ်...
ငါ့ အလုပ်က အပြန်မှာ ခေါ်လာတာပါ...
Jack  မင်းကို ပြောစရာရှိတယ်...
သည်ညတော့ ငါနဲ့ အိမ်ကိုလိုက်ခဲ့ ... အိမ်မှာအိပ်... ငါပြောတယ်.. အိန်ဂျယ်... 
Jack ကလည်း စကားနည်းတဲ့ကောင်ဆိုတော့... ဘာမှ ပြန်မပြောရှာဘူး...
ငါနဲ့အတူ ... အိမ်ကို လိုက်လာခဲ့တာပါပဲ...
ငါကားမောင်းနေတုန်းမှာ... Jack က ငါ့နံဘေးက ထိုင်ခုံမှာ... ထိုင်နေတယ်... အိန်ဂျယ်...
တကယ်တော့ ... Jack  အစား...
ငါ့နံဘေးနားကထိုင်ခုံမှာ... မင့်ကို ရှိနေစေချင်တာပါ... အိန်ဂျယ်... 
ခုတော့ Jack ကိုပဲ ငါခေါ်လာရတယ်...
ထူးခြားတာ တခုက... သည်နေ့မှပဲ... မီးပွိုင့်တိုင်းက... စိမ်းနေတော့တာပဲလေ...
ငါက ကားကို မရပ်မနား မောင်းတယ်... အိန်ဂျယ်...
Jack ကတော့ ဘေးက ထိုင်လိုက်ရင်း ဘာစကားမှ မပြောဘူး...
သူက အစိမ်းရောင်တွေကို ကြည့်နေတာဖြစ်မယ်.... အိန်ဂျယ်...
သည်အစိမ်းတွေရဲ့ ခွင့်ပြုမိန့်ကို... တကယ်တော့ သူမသိပါဘူး...
ငါပဲ သိတာပါ... အိန်ဂျယ်...
အစိမ်းတွေရဲ့ အဓိပ္ပါယ်က...
လွတ်လပ်စွာ... အန္တရာယ်ကင်းစွာ... သွားနိုင်ပါသည်... မဟုတ်လား...
တခါတခါလည်း... ငါ့နေ့တွေမှာ... အစိမ်းတွေချည့်... 
မင်းသိတယ်... အိန်ဂျယ်...
အဲသည်နေ့တွေမှာ...
စားပွဲတခုမှာ...
ဒါမှ မဟုတ်...
ဖန်သားပြင်... တခုမှာ...
ဒါမှ မဟုတ်...
အိပ်မက် တခုမှာ...
ငါတို့... အတူတကွ ထိုင်လို့... အိန်ဂျယ်...
မင့်မျက်နှာကို... ငါကကြည့်...
ငါ့မျက်နှာကို... မင်းကကြည့်...
တခါတခါလည်း... လက်ချောင်းကလေးတွေ... အတူတကွ တွေ့ထိမိကြတာပေါ့... အိန်ဂျယ်...
Jack ကို အဲသည်အကြောင်း... ငါပြောပြတယ်...
သူကတော့ ခပ်ပြုံးပြုံးပါပဲ...
စကားလည်း သိပ်မဆိုဘူး... အိန်ဂျယ်... 
ငါပြောပြသမျှကို သူ နားထောင်နေတယ်... အိန်ဂျယ်...
တချို့နေ့တွေမှာ...
အစိမ်းရောင်တွေကို ငါမတွေ့ရဘူး... Jack...လို့ ငါပြောတယ်... အိန်ဂျယ်... 
တခါတခါလည်း ... အနီတွေချည့်... ငါ့လမ်းမှာ...
အဲသည်အခါမတော့...
ငါ့ကားကို ခဏခဏ ရပ်ထားရတာပေါ့လေ... Jack လို့... ငါပြောတယ်...  အိန်ဂျယ်...
သည်လိုပါပဲလေ... အွန်တွေနဲ့အော့ဖ်တွေ...
နီလိုက်... စိမ်းလိုက်...ပါပဲ...လို့... Jack ကို ပြောမိတယ်... အိန်ဂျယ်...
ငါ ဘယ်လိုပြောပြော...
Jack ကတော့ မျက်နှာကြီးနီလို့...
သည်ကောင် ရှက်နေတာလား မသိဘူး... အိန်ဂျယ်...
အချစ်အကြောင်းကို
Jack နဲ့ မပြောရင် ကောင်းမယ် ထင်တယ်... အိန်ဂျယ်... 
ခု... အချစ်အကြောင်းကို...
မင်းနဲ့ပဲ ပြောတော့မယ်... အိန်ဂျယ်... 
ငါက ကွင်းပြင်ကျယ်ကြီးမှာ
တံခါးဖွင့်ထားတဲ့ကောင်ပါ... အိန်ဂျယ်... 
မင်းဟာ... ငါ့ လမ်းမပေါ်က မီး အစိမ်း အနီ အ၀ါ တွေကို
ဖွင့်... ပိတ်... ချုပ်ကိုင်ထားသူပါ... အိန်ဂျယ်... 
ငါက မိုင်ပိုမောင်းချင်သူ... အိန်ဂျယ်... 
မင်းက နေရာတကာမှာ... မီးအနီတွေ တပ်ဆင်ချင်သူ... အိန်ဂျယ်... 
ငါက မီးအ၀ါတွေကို... မေ့ထားသူပါ... အိန်ဂျယ်... 
ငါက... မီးတွေစိမ်းတိုင်း... ပျော်နေသူပါ... အိန်ဂျယ်...
တကယ်တော့.... ငါက....
ငါ့လမ်းမတွေမှာ... မီး အပြာတွေသာ...
တပ်ဆင်ထားချင်သူပါ... အိန်ဂျယ်... 
အိန်ဂျယ်... ရယ်...
ငါ့ အကြောင်းကို မင်းကောင်းကောင်းသိပါတယ်... အိန်ဂျယ်...  


ATN

Mar 5, 2010

Jack Daniel's evening





















အလုပ်က သူ ပြန်တော့... ညက... ၉နာရီကို ခွဲပစ်လိုက်သည်။ သည့်အတွက်... သူ အတော် စိတ်တိုသည်။ သူကတော့... ၉ နာရီကို ခွဲမည့်အစား... အလုပ်ရှင်ခေါင်းကို... ခွဲပစ်ချင်သည်။ သို့မဟုတ် သူ့ရှေ့က အိပက် အိပက် မောင်းနေသော ကားဒရိုင်ဘာ၏ ခေါင်းကို သူ ခွဲပစ်လိုက်မည်... သည်လို လမ်းကျဉ်းလေးကို ပိတ်မောင်းသည့် အတွက် ... သည်လိုပါပဲလေ... ဘ၀ဆိုတာ... တနေရာရာ တချိန်ချိန်မှာ... တခုခုကို ခွဲချင်လိမ့်မည်... ကြည့်... တခုခုက တခုခုကို ခွဲ... ဒါမှ မဟုတ် တခုခုကို တခုခုက ခွဲ... ဒါမှ မဟုတ် တယောက်ယောက်က တခုခုကို ခွဲ... ဒါမှမဟုတ် တယောက်ယောက်ကို တခုခုက ခွဲ... ဒါမှ မဟုတ် တခုခုကို တယောက်ယောက်က ခွဲ... ဒါမှ မဟုတ်... တယောက်ယောက်ကို တယောက်ယောက်က ခွဲ... ဒါမှ မဟုတ် တယောက်ယောက်က တယောက်ယောက်ကို ခွဲ... ဒါမှ မဟုတ် တခုခုက တယောက်ယောက်ကို ခွဲ... အို... ၇ှုပ်ယှက်ခပ်နေကြတာပါပဲ... သူကတော့ ... လွတ်ရာ ကျွတ်ရာမှာ နေချင်နေသည်... သူကတော့ သူ့ကိုယ်သူ လွတ်ရာ ကျွတ်ရာမှာ နေနေသည်ဟု ထင်နေသည်... သူကတော့ လွတ်ရာ ကျွတ်ရာများက... သူနှင့် လွတ်ရာ ကျွတ်ရာမှာနေနေသည် ဟု ထင်နေသည်... သူကတော့ လွတ်ရာ ကျွတ်ရာများနှင့်သူ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေပြီဟု ထင်နေသည်... လွတ်ရာ ကျွတ်ရာများကလည်း သူနှင့် လွတ်လွတ်ကျွတ်ကျွတ်မှာ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေပြီဟု လွတ်လွတ်ကျွတ်ကျွတ်ကြီး သူထင်နေသည်... ဒွတ်ခပဲ... သူသည်...အတော့်ကို လွတ်ကျွတ်နေချေပြီ... ဘယ်လိုပဲ ဖြစ်ဖြစ်...လမ်းကျဉ်းလေးမှ သူ လွတ်ကျွတ်တော့... လမ်းမကြီးပေါ်ရောက်လာသည်... တနာရီ ၃၅ မိုင်နှုန်း မောင်းခွင့်ပေးထားသော လမ်းပေါ်တွင်... တနာရီ မိုင် ၅၀ နှုန်း မောင်းပစ်လိုက်သည်... ညဥ့်နက်နေလို့ပါ... လမ်းရှင်းနေလို့ပါ... ရာသီဥတု ကောင်းနေလို့ပါ... ရဲကားတွေ အနီးအနားမှာ မတွေ့လို့ပါ... အရက်ဆိုင် ပိတ်သွားမှာ စိုးလို့ပါ... အိမ်မြန်မြန် ပြန်ရောက်ချင်လို့ပါ... မိုင်ပိုမောင်းတတ်လို့ပါ... စိတ်မရှည်လို့ပါ... သည်နေ့ သူ ၀မ်းနည်းနေလို့ပါ.. သူ့ ကျားပေါက်မလေး သူ့ကို စောင့်မျှော်နေမှာမို့ပါ... အချိန်မှီရုံလေး သူရောက်သွားသည့် အရက်ဆိုင်မှာ တံခါး တချပ်ပင် စပိတ်နေပြီ... Jack Daniel's အကြီးတပြား သူ ၀ယ်သည်... အရက်ဆိုင်၏ ကျန်သော တံခါး တချပ်ကို သူကိုယ်တိုင် ပိတ်ပေးခဲ့သည်... သူ့ အပါယ်၏ ကျန်သော တံခါး တချပ်ကိုလည်း သူကိုယ်တိုင် ပိတ်ပေးနိုင်မည်လား... သူ မစဉ်းစားအားပါ... ခုတော့ သူ့ကားတံခါးကို သူကိုယ်တိုင် ပိတ်လိုက်ပါသည်... ၃၅ မိုင်နှုန်း မောင်းရမည့် လမ်းကို တနာရီ မိုင် ၅၀ နှုန်း သူ ထပ်မောင်းပါသည်... ညဥ့်နက်နေလို့ပါ... လမ်းရှင်းနေလို့ပါ... ရာသီဥတု ကောင်းနေလို့ပါ... ရဲကားတွေ အနီးအနားမှာ မတွေ့လို့ပါ... အရက်ဆိုင်ကို အချိန်မီ ရောက်ခဲ့ပြီးပြီမို့ပါ... အိမ်မြန်မြန် ပြန်ရောက်ချင်လို့ပါ... မိုင်ပိုမောင်းတတ်လို့ပါ... စိတ်မရှည်လို့ပါ... သည်နေ့ သူ ၀မ်းနည်းနေလို့ပါ.. သူ့ ကျားပေါက်မလေး သူ့ကို စောင့်မျှော်နေမှာမို့ပါ... နေထိုင်ရာ အပတ်မန့်ကို ရောက်တော့ ဆယ်နာရီ ထိုးတော့မည်... နာရီတွေကို သူမုန်းသည်... သူ့ကို မည်သည့်အခါကမျှ မစောင့်...း အမြဲတမ်း ရှေ့က သွားနေသည်... သူ့ကားကို သတ်မှတ်ပေးထားသော နေရာမှာ ရပ်လိုက်သည်... တကယ်တော့ သူက ရပ်ချင်သည့်နေရာမှာ ရပ်ချင်သူ... ခုတော့ ရပ်ချင်သည့်နေရာမှ ရပ်ချင်သူ တယာက်သည် ရပ်ရမည့်နေရာမှာ ရပ်လိုက်ရသည်... ဘ၀ဆိုသည်မှာ... လောကဆိုသည်မှာ သည်လိုပါလား... ထိုကဲ့သို့ သူ မတွေးပါ... သူက သိပ် မတွေးတောတတ်သူ ဖြစ်သည်ဟု သူ့ဘာသာ တွေးတောနေသေးသည်... ကားပေါ်မှ သူ ဆင်းလိုက်သည်... နောက်တနေ့မှာ သည်ကားပေါ်ကို သူ ပြန်တက်ရဦးမည်.. ဆင်းလိုက် တက်လိုက် ဘ၀ကြီး... ဆင်းလိုက်တက်လိုက် လောကကြီး... သည်လိုလည်း သူ မတွေးအားပါ.. ဘာကြောင့်ဆို... စာတိုက်ပုံးကို သူ ဖွင့်ရဦးမည် မဟုတ်လား... ဘာ့ကြောင့် စာတိုက်ပုံးကို နေ့တိုင်း သူဖွင့်ရမည်လဲ... သူ့ထံ စာပို့နေသူများကြောင့် ဖြစ်ပါသည်... သူ မျှော်သည်က သူ့ ကျားပေါက်မလေး ထံမှ စာ... မည်သည့် အခါကမျှ သူ့ထံ မရောက်လာခဲ့စဖူး... နေ့စဉ် သူ့ထံ မည်သူတွေက စာတွေ ပို့နေကြပြန်သည်လဲ... အကြွေးရှင် ခရက်ဒစ်ကုမ္ပဏီများနှင့် အစိုးရ အေဂျင်စီများသာ ဖြစ်မည်.. စာတိုက်ပုံးကို သူဖွင့်တော့ စာတစောင်က သူ့ကို ထိုင်စောင့်နေသည်... iPhone Bill... ပေးစရာ ရှိသည်ကို သူပေးရမည်... သူလိုချင်တာကို သူယူထားခဲ့သည် မဟုတ်လား... ဈေးကြီးသည်... ဈေးတော်သည်... ဈေးသင့်သည်... သည်လို ခဏခဏ သူကြားဖူးသည်... ဒါလိုချင်ရင်... ဒါပေးရမည်ပဲ... ဘ၀ဆိုတာကိုက အပေးနဲ့ အယူတွေပဲ မဟုတ်လား... ခက်နေတာက အချစ်တွေ ပေးခြဲ့ပီး အမုန်းတွေ ပြန်ရနေတာကပဲ ပြဿနာ... အဲဒါ ၀ဋ်ကျွေးပဲဖြစ်မည်... သူ့ ၀ဋ်ကျွေးတွေ ဘယ်လောက်တောင် ရှိခဲ့သည်လဲ... ဖုန်းဘေးလ်ကို ကိုင်ရင်း အပတ်မန့်ကို ပြန်လာသည့်လမ်းမှာ သူ စဉ်းစားနေသည်... ဘယ်ဖက်လက်မှာ ကိုင်လာသည့် Jack Daniel's ပုလင်းပြားလေးသည်ပင် ၀ဋ်ကျွေးလေလား... စဉ်းစားရင်း အိမ်တံခါးကို သူဖွင့်လိုက်သည်... သူ့ကို ကြိုဆို နှုတ်ဆက်မည့်သူ မရှိသော အိမ်သည်... အိမ်မဟုတ်... သူ့ ကျားပေါက်မလေးက သည်အိမ်မှာ မရှိပါ... သူတယောက်ထဲ နေသော အိမ်သည်... သူတယောက်ထဲ နေသော အိမ်ပင် ဖြစ်ပါသည်... ဧည့်ခန်းထဲမှာ ထားထားသော ကွန်ပြူတာကို ဖွင့်လိုက်သည်... လွန်ခဲ့သော ၃-၄ နှစ်ကတည်းက ၀ယ်ထားခဲ့သော Acer ကွန်ပြူတာသည်... ယခု အချိန်မှာ အဖိုးကြီး ဖြစ်နေပြီ... အွန်လိုင်းကို မြန်မြန်ဆန်ဆန် မသွားနိုင်တော့... သူလိုချင်သော မီးလျှံမြေခွေးကို မြင်ရဖို့အရေး နာရီ ၀က်ခန့် စောင်ဆိုင်းနေရသည်... ထားတော့... ပွင့်လာဖို့သာ အဓိက... Jack Daniel's ပုလင်းပြားလေးကို စားပွဲပေါ်တင်လိုက်ရင်း... ညစာစားဖို့ တခုခု လုပ်ရန် မီးဖိချောင်သို့ သူ ထွက်လာခဲ့သည်... ထမင်းတော့ မချက်နိုင်တော့... သူ ဆာနေပြီ... နောက်ထပ် တနာရီ သူ မစောင့်နိုင်ပါ... ဖရီဇာထဲမှ spring rolls တထုပ်ကို ဆွဲချလိုက်သည်... Microwave ထဲမှာ တမိနစ် သော (thaw) လိုက်ပြီး corn oil နဲ့ ကျော်လိုက်သည်... spring roll ဆယ်ချောင်းရပြီးတော့ သူ့စားပွဲပေါ်မှာ အားလုံး အဆင်သင်ြ့ဖစ်နေသည်... အနားက ဖန်ခွက်ထဲ jack Daniel's ကို ထိုးထည့်ပစ်လိုက်သည်... ပြီး သူ့ အာခေါင်ထဲ လောင်းထည့် ပစ်လိုက်သည်... တကြိမ် --- နှစ်ကြိမ် --- သုံးကြိမ်--- လေးကြိမ်...

Feb 25, 2010

သူငယ်ချင်း တယောက်နှင့် စကားပြောဆိုခြင်း




















“ခုတလော မင်း ဘာတွေ လျှောက်ရေးနေတာလဲ...”
“ကဗျာတွေ ရေးနေတာပေါ့ သူငယ်ချင်းရာ...”
“မင်းဟာ အဲဒါ ကဗျာတွေမှ မဟုတ်တာ”...
“ဟုတ်လား...
ကဗျာ မဟုတ်သော ကဗျာများ စာရင်းမှာ
ထည့်သွင်းထားလိုက်ပါ...
မင်း... စားဝင်အိပ်ပျော်လာပါလိမ့်မယ်...”


ATN

အူသံရှည် နေ့စွဲများ















ညဥ့်က စိတ်ရူးပေါက်တဲ့ ခွေးတကောင်လို ဟောင်နေ...
အနက်ရောင်တွေကို တထပ်ပြီး တထပ် ခေါ်လာနေ...
သည်မှာတော့ ငါက ထိုင်ရုံလေး ထိုင်နေတာပါလေ...
ဇော်ကြီးရယ်...
မင်းက မတ်တတ်ကြီး ဘာထိုင် လုပ်နေတာလဲ...
လမ်းလျှောက်ဦးလေ...
ဒွတ်ခပါပဲကွာ...
မင်းကို ငါ အားမရတော့ဘူး...
ငါ့ကို သည်မြို့တော်ထဲကနေ... မင်း ဆွဲ မထုတ်တော့ဘူးလား....
နေပေါ့ကွာ...
ငါ့ဘာသာ ငါထွက်ခဲ့မယ်... သည်မြို့တော်ထဲက...
“မဟုတ်ဘူး... ကျနော်ကိုယ်တိုင် စိတ်ပျက်နေတာ”လို့ မပြောနဲ့
သည်ညတော့ လမင်းကို ငါ ဓါးနဲ့ခွဲထုတ်ပြီ...
မင်း မတားနဲ့တော့...
ညထဲကနေ လမင်းကို ငါ
ဓါးနဲ့ ခွဲထုတ်နေတုန်း
ခွေးလေခွေးလွင့်တွေ သက်တန့်ပျက်တွေကို မင်းစိတ်ပျက်ရင်
သူတို့ဗိုက်တွေကို ဓါးတချောင်းစီ စိုက်ပစ်လိုက်ကွာ...
ပင်လယ်ရေလေးတစလောက် သွေးတွေလို ထွက်ကျလာရင်
အနီးနားက ရွက်ကျပင်ပေါက်နဲ့ ကောက်သုတ်လိုက်ကွာ...
လမင်းကို ငါ့လက်ထဲမှာ ရယူပြီးတဲ့အခါ
နှစ်ပေါင်းများစွာ မအူခဲ့ရတဲ့ ၀ံပုလွေတကောင်လို
ငါ အူမယ်...
အဲဒါဟာ
ငါ့ရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းပေါ့
မင်းက စည်းချက်လိုက်ပါ ဇော်ကြီး...
ငါ့အူသံကို မင်းကြားတဲ့အခါ...
“အကို အဲဒါကဗျာရေးတာမလား...”လို့ မမေးနဲ့...
အခုက
ဝံပုလွေတကောင်လို အရှည်လျားဆုံးအူနေတာ...
ငါက အူတူတူ ငနဲဆိုတော့ ငါ့အူသံက ပိုရှည်လျားတာပေါ့လေ...
မင့်က စိတ်ရှည်ရှည်ထားပြီး လိုက်အူ လိုက်ရုံပါ ဇော်ကြီး...
ငါတို့ အူသံတွေက နံရံတွေကို ဖောက်ထွက်သွားတာပါ... ..

ATN

ကဗျာခေါင်းစဉ်ကို သစ်ကောင်းအိမ်-က အမည်ပေးပါသည်

Feb 18, 2010

ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...




















အဖေ...
အနှစ်နှစ်ဆယ်မှ တခါ
အဖေ့ကို ကျနော် သတိရပါတယ်လို့ ပြောရင်
ကျနော့်ကို အဖေ ရိုက်ချင်နေဦးမလား...
ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

အဖေ...
အမေ့ကို အကြိမ်ကြိမ်အခါခါ ကျနော် သတိရခဲ့သလောက်
အဖေ့ကို အကြိမ်ကြိမ်အခါခါ ကျနော် မေ့ထားခဲ့မိတယ်...
ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

သည်နေ့တော့
အဖေ့ကို ကျနော် အကြိမ်ကြိမ်အခါခါ
သတိရနေမိတော့တာပါပဲ...
ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

တကယ်တော့...
အဖေက ကျနော်တို့ စကြ၀ဠာမှာ နေမင်းကြီး...
အဖေ့ အလင်းရောင်တွေ
ခု ကျနော် ငတ်နေတယ် အဖေ...
ကျနော့် ဘ၀က မှောင်နေလို့ပါ...
ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

နှစ်ပေါင်း နှစ်ဆယ်ကျော်
အဖေ့ အော်ဟစ်ဆဲဆိုသံတွေကို မကြားရတဲ့
အဖေ့သားတယောက်ဟာ
သူ့ဘ၀ထဲမှာ နေလို့ မပျော်တော့ဘူး...
ကျနော့်ကို ဆဲပါဦး... အဖေ...
ကျနော့်ကို ရိုက်ပါဦး... အဖေ...
အဖေ့ ဆဲဆိုသံတွေ
အခု ကျနော် ကြားချင်နေတယ်...
ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

ကျနော့်လို သားတွေလည်း
အများကြီး ရှိနေမှာပါ အဖေ...
သူတို့ တတွေလည်း
သူတို့ အဖေတွေကို လွမ်းနေမှာပါ...
ကျနော် သေချာတယ်...
ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

မရှိတော့တဲ့ အမေ့ကို လွမ်းမိမှ
ရှိနေသေးတဲ့ အဖေ့ကို ကျနော် သတိရတယ်...
ကျနော့်ကို တချက်လောက် ရိုက်ပါဦး... အဖေ...

ATN

Feb 17, 2010

မသွားနဲ့ မပြန်နဲ့ နေပါဦး

ပြန်မယ်- ဆိုတော့...
ကျနော်ရဲ့ နားထဲ... စွဲလို့နေတယ်...
တော်တော်ပဲ ဆွေး... သွားမိပါတယ်...
သည်လိုမှ... မခွဲဖြစ်ကြလည်း...
မင်းနဲ့... ကိုယ်နဲ့...
အတူနေဖို့.... ဖြစ်မှ မဖြစ်နိုင်ပဲ...
ဒါကိုလည်း နှစ်ဦးလုံး သိသားနဲ့...
မပြန်နဲ့ဦး တားမြစ်နိုင်တဲ့...
စကားတွေ... အမိန့်တွေ .... ကိုယ့်မှာ ရှိများ ရှိရင်လေ...
အချစ်ရယ်... မသွားပါနဲ့ကွယ်... ကိုယ်ပြောမိလိမ့်မယ်....
ချိုမြိန်တယ်... ထင်နေသော အချစ်ရိပ်မှာ... နားရင်းလေ...
လွမ်းကြ... ဆွေးကြ... သောကတွေနဲ့ အကျဉ်းကျနေတယ်...
တွေဝေတဲ့ အသည်း နှလုံးလေးကိုလည်း...
ပြန်လည် စစ်ဆေးပြီးတော့ အခုပဲ...
တွေဝေတာ ဘာ့ကြောင့် မေးကြည့်တယ်...
ရင်ထဲမှာ သူ့ကိုချစ်တာ သူလည်း သိခဲ့တယ်...
သူလည်းလေ ကိုယ.့်ကိုချစ်တာ ကိုယ်လည်း သိခဲ့တယ်...
အိမ်ပြန်မှာကို ကြောက်လွန်းလို့ပေါ့ကွယ်....
အိုး... အချစ်ရဲ့...
မသွားနဲ့... မသွားနဲ့...
အတင်းဖက်ကာလည်း ကိုယ် ချုပ်ထားမယ်...

(သီချင်းထဲက စာသားတွေကိုတော့
ဆက်နားထောင်ပြီး ကိုယ့်ဖာသာကိုယ် မှတ်လိုက်ကြပါတော့

Get this widget | Track details | eSnips Social DNA

Feb 1, 2010

မျဉ်းတကြောင်း သားခြင်းကို ခံခဲ့ရသွား ပြီးသောအခါ...


ကျနော့် အိမ် တံစက်မြိတ်ဦးတွင်
ည ဖူးပွင့်ကတည်းက ကျဆင်းနေခဲ့သောနှင်းများ
အရည်ပျော်ကျသွား ပြီးသောအခါ...
အဝေးဆုံးခရီးကို ဦးတည်နေသော ရထားတစီ်း
ကျနော့်ဘူတာရုံလေးမှ အပြီး ထွက်ခွာသွား ပြီးသောအခါ...
မခေါ်ပါပဲ ကျနော့် ပုခုံးထက် လာနားခဲ့သော ငှက်ကလေးတကောင်
မနှင်ပါပဲ ရုတ်တရက် ထပျံထွက်သွား ပြီးသောအခါ...
ကျနော့် ပြက္ခဒိန်၏ စာမျက်နှာ အလွတ်တခုအတွင်း
မျဉ်းတကြောင်း သားခြင်းကို ခံခဲ့ရသွား ပြီးသောအခါ...
ကျနော့်ထံတွင် ကျန်ရစ်ခဲ့သော အရာများမှာ
အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။

0
00
000
0000
00000
000000
0000000
00000000
000000000
0000000000
00000000000
000000000000
0000000000000
00000000000000
0000000000000000
00000000000000000
0000000000000000000
000000000000000000000
00000000000000000000000
0000000000000000000000000
0000000000000000000000000000
0000000000000000000000000000000
0000000000000000000000000000000000
000000000000000000000000000000000000
000000000000000000000000000000000000000
00000000000000000000000000000000000000000
00000000000000000000000000000000000000000000
0000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000000000
00000000000000000000000000000000000000000000000000000000000


ATN

Jan 29, 2010

ငါ့အက်ဆစ်တွေ















ချစ်သူ့ မျက်နှာ အစား
တခြား မျက်နှာ တခုခုကို ကြည့်ရှုနေရတဲ့ နေ့ရက်တွေ...
မုန်း... တယ်...


ငါ့အဆုပ်နဲ့ ငါ
လွတ်လွတ်လပ်လပ် ရှူသွင်းရှူထုတ် လုပ်မရတဲ့ အောက်စီဂျင် အစအနတွေ...
မုန်း... တယ်...

ငါ့ဆီကို ဘယ်တော့မှ မရောက်လာခဲ့
ကမ္ဘာကြီး လုံးနေသမျှ ပုန်းနေကြတဲ့ ဆောင်းဦးပေါက်တွေ...
မုန်း... တယ်...

ငါ့ခြေထောက်နဲ့ငါ
စိတ်ပေါက်သလို လျှောက်သွားခွင့်မရတော့တဲ့ ဆူးလေလမ်းမ....
မုန်း... တယ်...

အရပ်ဆယ်မျက်နှာက စစ်ပွဲတွေကို
ငါတယောက်ထဲပဲ ရင်ဆိုင်ပြီး အနိုင် မရလေခဲ့တဲ့ နာရီတွေ...
မုန်း... တယ်...

အရှုံးပြီး အရှုံးတွေနဲ့ ငတုံးကြီးတယောက်အဖြစ်
မိုးလင်းတိုင်း မျက်နှာသစ်နေရတဲ့ကမ္ဘာ...
မုန်း... တယ်...

ကိုယ့်မျက်ရည်တွေ ကိုယ့်ဘာသာ ပြန်ပြန်သောက်နေရတဲ့
သစ်ရွက်ခြောက်ရာသီကြီး...
မုန်း... တယ်...

ရိုးရိုးသားသား ကိုယ့်ထမင်းကိုယ်ရှာစားရင်း
ရာဇ၀တ်သား ဖြစ်သွားရတဲ့ နေ့...
မုန်း... တယ်...

ငါ့ ငှက်ကလေး နှစ်ကောင်ကို
လှောင်ချိုင့်ထဲ ထည့်သွားတဲ့ ဒင်းတို့...
မုန်း... တယ်...

ဗိုလ် သခင် ဆရာ ဒေါက်တာ ကိုယ်တော်မှိုင်း ရေးခဲ့သလို...
“ဒို့တတွေ ကြောက်တတ်တဲ့ အမျိုးဟာမို့...
ဥပဒေတွေ နောက်ထပ် မတိုး လိုက်ပါနဲ့...
သူ့ အမေ... .... .... ... ” ဆိုတဲ့ လေးချိုးကြီးနဲ့ တန်တဲ့
အမေရိကန် ဥပဒေတွေ...
မုန်း... တယ်...

မုန်းစရာရှိတာတွေကို
အဲသည်လို မုန်းနေရတာကိုလည်း...
မုန်း... တယ်...

အဲသည်လို မုန်းတတ်နေတဲ့
ငါ့ကိုယ်ငါလည်း
မုန်း... တယ်...

ငါ့ကိုယ်ငါ မုန်းနေရတာကိုလည်း...
မုန်း... တယ်...

ညီမလေးရေ့...
ငါ့အက်ဆစ်တွေကို...
ရေနဲ့ဖျော်ပေးပါ့...
ငါ့ကို တိုက်စားသွားနေပြီ...

ATN

Jan 27, 2010

နွေရာသီ




















ခြောက်သွေ့တဲ့အကြောင်း တခုတ်တရ
ပြန်ပြောင်းပြောပြစရာ မရှိလေ...
ရာသီပေမို့ပဲပေါ့...

ဒါ...
ခြောက်သွေ့ရပ်ဝန်းက
ငါ့ပင်လယ်ဝလေ...
အဲသည်မှာ ကျောက်ချ ထားသမျှဟာ
ဝေဒနာ သင်္ဘောတွေချည့်...
သူတို့ သယ်ဆောင်ထမ်းပိုးထားသမျှကလည်း
အလွမ်းကုန်စည်တွေချည့်သာ...

ဒါ...
မင့်အတွက် အလွမ်းတွေကို
လိုလိုချင်ချင် ထမ်းထားခဲ့တဲ့
ငါ့ရဲ့ ဆိပ်ကမ်းလေးပါ...
အဲသည်မှာ
တမ်းတခြင်း မိုးတိမ်များက
ယောက်ရက်ခတ် လမ်းသလားလို့...

ဒါ...
မင့်မိုးရာသီ ပြိုကျခဲ့တဲ့ ငါ့လမ်းကလေးပါ...
အဝေးက အနမ်းတွေနဲ့
သည်လမ်းကလေးဟာ
ပန်းလို ပွင့်ခဲ့ပြီကောကွယ်...

ဒါကတော့...
ခြောက်သွေ့နေနေရတဲ့ ငါ့နှလုံးသားပါ...
မင့်ခြေရင်းမှာ ချခင်းလိုက်တယ်...
မိုးပွင့်တွေသယ်ဆောင်လာတဲ့ ရထားတစင်း
မင်း ပေးလိုက်ပါ့ကွယ်...

ATN

Jan 23, 2010

ပစ္စုပ္ပန် အပေါ်မှ ပစ္စက္ခ ပစ္စလက္ခတ်များ



















ကဗျာဆရာ ဖြစ်ရတာကလည်း
မသက်သာပါကလား... ညီမလေးရေ့...

တွေ့ရာ... ကြုံရာတွေကို...
ကဗျာ တပုဒ်... လုပ်လုပ်နေရ...
အဲသလို မဟုတ်ရင်...
ကဗျာဆရာ အလုပ် မလုပ်ဘူး အပြောခံရ...

ဟုတ်ပါ့...

ကဗျာဆရာ အလုပ်လုပ်လိုက်ဦးမယ်...

ကမ္ဘာကြီးကို လည်ပတ်စေတဲ့ ရေနံဈေးနှုန်းအကြောင်း ...
တာလီဘန်နဲ့ အမေရိကန်ရဲ့ အနိုင်အရှုံးအကြောင်း ...
ဆေတန်ရဲ့ ဂျီးဆပ်စ်အပေါ် ထားခဲ့သော အဖြူစင်ဆုံး အမုန်းအကြောင်း ...
အတ္တလန်းတစ်စီးတီးဆိုတာ မပျောက်မပျက် ဆက်လက် ရှင်သန်နေသေးကြောင်း ...
ကိုယ်မျက်နှာကိုပဲ ကိုယ်ကြည့်တတ်သူတွေသည်သာ သူတော်စင်များ ဖြစ်ကြောင်း ...
လကမ္ဘာဆိုတာ ဘုံ ၇ ဆင့်မှာ တတိယအဆင့်ပဲ ရှိသေးတယ်လို့ ပြောဖူးတဲ့ အဖိုးကြီးတယောက်ကို ရူးနေတယ်လို့ ထင်ခဲ့မိကြောင်း ...
ဒုတိယ နိဗ္ဗာန်မှာ တတိယအရွယ်ရဲ့ စတုတ္ထ ဝေဒနာကို ပဉ္စမမြောက် အဖြစ် ခံစားရသူကို ဆဌမအကြိမ်မြောက် နိုဘယ်ဆုပေးသင့်ကြောင်း...
ကိုယ့်အိမ်ကကားကို ကိုယ်တိုင် မောင်းခွင့် မရသည်မှာကလည်း ၀ဋ်ကျွေးတခုပင် ဖြစ်ကြောင်း...
စားချင်သလို စားခွင့် မရသည့်အခါ လူတယောက်သည် ပြိတ္တာ တကောင်မျှသာ ဖြစ်ကြောင်း...
မည်သို့ ဖြစ်စေ အရာရာကို ပစ္စလက္ခတ်ထား-ခဲ့/မိ သူကို အရာရာကလည်း တမင်တကာ/ရည်ရွယ်ချက်ရှိရှိ ပစ္စလက္ခတ် မေ့ထားတတ်ကြောင်း...
အိမ်ခေါင်းရင်းက အိမ်မြှောင် စုတ်ထိုးသမျှ ရုပ်ဆိုးရသော ဘ၀သည်လည်း သဘာဝ ကျကြောင်း...
အောင်သာငယ် ဆိုသော ငတိသည်လည်း ငါးပိမစားရသော အမေရိကားမှာ ငါးပိ ငတ်ကြောင်း...
သစ်ကောင်းအိမ်ဆိုသော ကဗျာဆရာတယောက်သည်လည်း တော်တော် အရပ်ရှည်ကြောင်း. ..
၂၀၁၀ ရွေးကောက်ပွဲမှာ သွေးသောက်ရဲသူများကိုလည်း တွေ့ရမည် ဖြစ်ကြောင်း...
ဆိုင်ဆိုင် မဆိုင်ဆိုင် ဤကဗျာသည်လည်း နိုင်ငံရေးများပါကြောင်း...
ပြည့်ပြည့်၀၀...
ဖူဖူလုံလုံ...
ထူထူထဲထဲ...
ရဲရဲရင့်ရင့်...
သေသေချာချာ...
အပ်ချမတ်ချ...
(အောင်သာငယ်) ကိုယ်တိုင်ကိုယ်ကျ....
ပစ္စုပ္ပန် အခြေအနေအရ...
ပစ္စလက္ခတ် အာမခံလိုက်ပါကြောင်း...

ATN

Jan 20, 2010

မေတ္တာ ပုလဲပန်းများ သီကြရာဝယ်

အတော်ကြိုက်ခဲ့တဲ့ သီချင်းတပုဒ်ပါ...
ဘ၀ကြီးနဲ့လည်း တိုက်ဆိုင်နေသေးတယ်... ...
ကိုယ်ကလည်း မေတ္တာ ပုလဲပန်းများကို ခက်ခက်ခဲခဲ သီခဲ့မိသူကိုး... ... ...း(

သီချင်းလင့် ကို ပေးခဲ့တဲ့ ညီမငယ် ဟနစံ ကို ကျေးဇူးအထူး တင်ရှိပါတယ်။

မေတ္တာ ပုလဲပန်းများ သီကြရာဝယ်

မေတ္တာ ပုလဲပန်းများ... သီကြရာဝယ်... ... ...
လွယ်သည်လည်း... ရှိမယ်...
ခက်သည်လည်း... ရှိမယ်...

(တွဲလျက်ကွယ်... ကြင်နာမြတ်နိုး... အမျိုးမျိုးပင်... ချစ်တတ်ကြပေတယ်...
သေတပန် သက်တဆုံးနဲ့... ဆုံးဖြတ်ချက်ထားကာ... ကိုယ်စီရယ်...
မုန်တိုင်း... ထန်ထန်... လေဆန်ကိုလိုက်... လှေရွက်တိုက်သလိုကွယ်...
မိုက်တယ် ပြောဦးတော့... ချစ်သူအတွက်ပေပဲမို့...
အခက်အခဲ ဟူသမျှ... အားလုံး လွယ်ရပါစေကွယ်... )၂

အဆင်မပြေသူတွေမှာကွယ်...
နှစ်ယောက်သား ကျောချင်းကပ်ကာ... လာရာလမ်းကို ပြန်ကြတယ်...
ငိုတဲ့သူလည်း ရှိမယ်... ရီတဲ့သူလည်း ရှိမယ်...
အသက်ပေး... ချစ်ရင်... တချက်ကလေး... အပြစ်မမြင်...
ချစ်စဉ်အခါက... ဆိုခဲ့သူများရယ်...
ကျနော်တို့ အချစ်ရယ်... မပျော်ဖို့သာပဲ ဖြစ်တယ်...
အမျိုးမျိုး အဖုံဖုံ... စုံအောင်ပြောကြတယ်...
လွယ်မယောင်နဲ့လည်း... ခက်မယ်...
တိမ်မယောင်နဲ့လည်း... နက်မယ်...

မေတ္တာ... ပုလဲ... ပန်း... များ... သီကြရာဝယ်... .... ... ....
လွယ်သည်လည်း... ရှိမယ်... ခက်သည်လည်း... ရှိမယ်...

SOLO

မေတ္တာ... ပုလဲ... ပန်း... များ... သီကြရာဝယ်... .... ... ....
လွယ်သည်လည်း... ရှိမယ်... ခက်သည်လည်း... ရှိမယ်...

(တွဲလျက်ကွယ်... ကြင်နာမြတ်နိုး... အမျိုးမျိုးပင်... ချစ်တတ်ကြပေတယ်...
သေတပန် သက်တဆုံးနဲ့... ဆုံးဖြတ်ချက်ထားကာ... ကိုယ်စီရယ်...
မုန်တိုင်း... ထန်ထန်... လေဆန်ကိုလိုက်... လှေရွက်တိုက်သလိုကွယ်...
မိုက်တယ် ပြောဦးတော့... ချစ်သူအတွက်ပေပဲမို့...
အခက်အခဲ ဟူသမျှ... အားလုံး လွယ်ရပါစေကွယ်... )၂

အဆင်မပြေသူတွေမှာကွယ်...
နှစ်ယောက်သား ကျောချင်းကပ်ကာ... လာရာလမ်းကို ပြန်ကြတယ်...
ငိုတဲ့သူလည်း ရှိမယ်... ရီတဲ့သူလည်း ရှိမယ်...
အသက်ပေး... ချစ်ရင်... တချက်ကလေး... အပြစ်မမြင်...
ချစ်စဉ်အခါက... ဆိုခဲ့သူများရယ်...
ကျနော်တို့ အချစ်ရယ်... မပျော်ဖို့သာပဲ ဖြစ်တယ်...
အမျိုးမျိုး အဖုံဖုံ... စုံအောင်ပြောကြတယ်...
လွယ်မယောင်နဲ့လည်း... ခက်မယ်...
တိမ်မယောင်နဲ့လည်း... နက်မယ်...

မေတ္တာ... ပုလဲ... ပန်း... များ... သီကြရာဝယ်... .... ... ....
လွယ်သည်လည်း... ရှိမယ်... ခက်သည်လည်း... ရှိမယ်...

Get this widget | Track details | eSnips Social DNA