Jun 21, 2010

အချစ်ရေ

အချစ်နဲ့ စပ်ဆိုသီကုံးထားတဲ့
စကားလုံးတွေ-ဆိုတာ

ဖတ်ရသူကိုပါ
ရင်တလှပ်လှပ် ဖြစ်လာစေတယ်... မောင်...


(အိန်ဂျယ်)

နှလုံးသားတွေ အလွန်တရာ လှုပ်ရှားနေခဲ့တဲ့ တနေ့မှာ သီချင်း တပုဒ်ကို ဘာသာပြန်မိခဲ့ပါတယ်...
ကဗျာ တပုဒ်လို လှပနေတဲ့ သီချင်းဆိုတော့ ကဗျာတပုဒ်လိုပဲ ခံစားလိုက်မိပါတယ်...

အိန်ဂျယ်ရေ... သည်သီချင်းကို... နှလုံးသားနဲ့ပဲ... မင်းနားဆင်ပါ့...

အချစ်ရေ

လူသူကင်းမဲ့နေတဲ့ လမ်း တလမ်း...
အခန်းလွတ်တွေနဲ့ အိမ် တလုံး...
ငါ့နှလုံးသားထဲက ကွက်လပ် တခု...
ငါဟာ ငါ့ဘာသာ တယောက်တည်း... အထီးကျန်နေရင်း...
ရှိရှိသမျှ အခန်းတွေအားလုံးက ကျဉ်းမြောင်းလို့လာနေ…

ဘယ်လိုပါလဲ-လို့ ငါ စဉ်းစားနေမိ…
ဘာကြောင့်လဲ-လို့ ငါ တွေးတောနေမိ…
ဘယ်ရောက်သွားသလဲ-လို့ ငါ မေးခွန်းထုတ်နေမိ...
ငါတို့ ရရှိခဲ့ဖူးသောနေ့ရက်များ…
အတူတကွ သီဆိုခဲ့ဖူးသော တေးချင်းများ…
ဟုတ်တယ်…
ပြီးတော့… အချစ်ရယ်…
တို့နှစ်ယောက်ဟာ... ထာဝရ ဖက်တွယ်ထားမိတော့တယ်…
အလှမ်းကွာလွန်းလှတဲ့ ချစ်ခြင်းမေတ္တာကို... မရရ ရအောင် လက်လှမ်းမှီဖို့ပေါ့…

အဲသလိုနဲ့ ရှူသွင်းလိုက်တဲ့ လေထဲမှာပဲ ငါ ပြောမိရဲ့...
ငါ့အိပ်မက်တွေက ငါ့ကို အဲသည်ကို သယ်ဆောင်သွားမယ်လို့ မျှော်လင့်မိ...
ကောင်းကင်တခုလုံးဟာ... ပြာလွင်လွန်းနေတဲ့ နေရာ...
မင့်နဲ့ နောက်တကြိမ်တွေ့ဆုံဖို့ပါ... အချစ်ရယ်...
ပင်လယ်တွေအားလုံး... သည်ကမ်းကနေ ဟိုး... ကမ်းတဖက်ဆီ သွားကြ...
ငါကလည်း... ငါ့ ချစ်မက် အမြတ်နိုးဆုံး နေရာကလေးကို ရှာ...
ငါ့နှလုံးသားထဲက အသံနဲ့သာ... မင့်ကို ပြောပြဖို့...
ကွင်းပြင်တို့... စိမ်းလန်းလွန်းတဲ့နေရာမှာ...
မင့်နဲ့ နောက်တကြိမ်တွေ့ဆုံဖို့ရာ...
ငါ့လက်မောင်းတွေကြားမှာ... မင့်ကို ထွေးပွေ့ထားဖို့...
ငါ့ချစ်ခြင်းမေတ္တာတရား... မင့်အား ပေးအပ်ဖို့...
ငါ့နှလုံးသားနဲ့... မင့်ကို ပြောပြဖို့...
မင့်သာ... ငါ့အတွေးတွေထဲမှာ...
အမြဲတမ်း... ရှိနေပါတယ် ဆိုတဲ့အကြောင်း...
သိပ်ဝေးကွာနေလွန်းတဲ့ ချစ်ခြင်မေတ္တာဆီ... ငါ... လက်လှမ်းမီဖို့ကြိုးစားရင်းနဲ့ပေါ့... အချစ်ရေ့...

စာတွေဖတ်ဖို့ ကြိုးစားတယ်...
အလုပ်ကို ငါသွားတယ်...
သူငယ်ချင်းတွေနဲ့ ရယ်မောတယ်...
သို့တိုင်အောင်
ငါရပ်တန့်လို့ မရဘူး...
မင့်အကြောင်း စဉ်းစားနေမိတဲ့ ငါ့အတွေးတွေ...

မဟုတ်သေးဘူး...
ဘယ်လိုပါလဲ-လို့ ငါ စဉ်းစားနေမိ…
ဘာကြောင့်လဲ-လို့ ငါ တွေးတောနေမိ…
ဘယ်ရောက်သွားသလဲ-လို့ ငါ မေးခွန်းထုတ်နေမိ...
ငါတို့ ရရှိခဲ့ဖူးသောနေ့ရက်များ…
အတူတကွ သီဆိုခဲ့ဖူးသော တေးချင်းများ…
ဟုတ်တယ်…
ပြီးတော့… အချစ်ရယ်…
တို့နှစ်ယောက်ဟာ... ထာဝရ ဖက်တွယ်ထားမိတော့တယ်…
အလှမ်းကွာလွန်းလှတဲ့ ချစ်ခြင်းမေတ္တာကို... မရရ ရအောင် လက်လှမ်းမှီဖို့ပေါ့…

ATN

5 comments:

noblemoe said...

အလှမ်းကွာလွန်းလှတဲ့ ချစ်ခြင်းမေတ္တာကို... မရရ ရအောင် လက်လှမ်းမှီနိုင်ပါစေတောင်းဆုပြုပါတယ်ရှင်းးးးးး
အိန်ဂျယ်ဖတ်ရင်ကြွေလောက်ပါတယ် ကိုအောင်သာငယ်။
သာယာချမ်းမြေ့ပါစေနော်
်မိုး

ကြည်ဖြူပိုင် said...

စာတွေဖတ်ဖို့ ကြိုးစားတယ်...
အလုပ်ကို ငါသွားတယ်...
သူငယ်ချင်းတွေနဲ့ ရယ်မောတယ်...
သို့တိုင်အောင်
ငါရပ်တန့်လို့ မရဘူး...
မင့်အကြောင်း စဉ်းစားနေမိတဲ့ ငါ့အတွေးတွေ...
<<<<<
သူသိရင်ကြည်နူးသွားမယ်နော်...
သိပ်လှတဲ့စာသားတွေ

သဒ္ဓါလှိုင်း said...

ကဗျာကိုခံစားဖတ်ရှုသွားပါတယ်အကိုအောင်သာငယ်..


ခင်တဲ့
ညီမသဒ္ဓါလှိုင်း

Anonymous said...

Ko Aung Tha,
I just read your son's poem which you posted the other day. It reflects how he feels about his life and his mother illness. I know how he feels about his mom. She will be home some when she gets better from the hospital. I was a lonely kid when I was his age because of our family problems.

We love you Thar Thar. From now on you will be on my prayer.

သိင်္ဂါကျော် said...

အလှမ်းကွာလွန်းလှတဲ့ ချစ်ခြင်းမေတ္တာ ဆီ အရောက် သွားနိုင်ပါစေ..