Aug 31, 2013

Blog day post

August 31, 2013 6:44 am

တခါတခါတော့… အတိတ်ဆိုတာ ပြန်တွေးရင် ပျော်စရာကောင်းတယ်… သည်လိုဆိုလိုက်လို့… အတိတ်တိုင်းဟာ ပျော်စရာကောင်းတယ်လို့ မဆိုလိုပါ…  ကြေကွဲစရာ… စိတ်ဆင်းရဲစရာ အတိတ်တွေလည်း ရှိကြမှာပါ… ကျနော် ယေဘုယျပြောနေတာကတော့ လူတိုင်း သတိတရ ဖြစ်နေမယ့် အတိတ်-ဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကာလတွေပဲ ဖြစ်မယ်လို့ ယုံကြည်လို့ပါ… ကျနော် မှားရင်လည်း မှားနိုင်ပါတယ်… သို့သော်လည်း… ကျနော်နဲ့ သဘောမျှမယ့်လူ… ကျနော့် အဆိုကို အားပါးတရ ထောက်ခံအားပေးမယ့်သူတွေလည်း တချို့တလေတော့ ရှိနေလိမ့်ဦးမယ်လို့ ကျနော် ယုံကြည်နေပါသေးတယ်… ပျော်ရွှင်စရာ အတိတ်ကာလတွေကိုပဲ… လူတွေ တမ်းတမှာပါ… ကြေကွဲစရာ… စိတ်ညစ်ငြူးစရာ အတိတ်ကာလတွေကို တမ်းတ လွမ်းဆွတ်မယ့်လူ ဘယ်လိုလူတယောက် ရှိဦးမလဲ… အဲ့ဒါဟာ မဖြစ်နိုင်တဲ့ အခြေအနေပဲ
ကျနော် ဘလော့စရေးတော့… ၂၀၀၇ ဒီဇင်ဘာ… … သည်အကြောင်းကို ပို့စ်တခုအနေနဲ့လည်း ရေးဖူးတယ် ထင်တယ်… ကျနော် သိပ် မမှတ်မိတော့ဘူး… အသက်တွေက ကြီးလာပြီဆိုတော့ အယ်လ်ဇိုင်းမားတွေလည်း ကျနော် ရနေပြီလား မသိတော့…
မှတ်မိနေသေးတာကတော့ ၂၀၀၈ ကနေ ၂၀၁၁ အထိ သုံးနှစ် ဆက်တိုက် ဘလော့ကို ထဲထဲဝင် အားသွန်ခွန်စိုက် ကျနော် ရေးလိုက်ခဲ့ဖူးတာတော့ သတိရတယ်…
အဲ့သည်ကာလတွေ ထဲမယ်… ဘလော့ရေးရင်း… ဘလော်ဂါမျိုးစုံနဲ့ ခင်မင်ရင်းနှီးမိသပေါ့လေ… ခု… ကျနော့်ကို အဲ့သည် ဘလော်ဂင်းအကြောင်းရေးဖို့တဂ်တဲ့ ဆြာ-ရန်အောင်-တို့လို ဘလော့-စလေစဗျစ်သီးတွေဟာ အဲ့သည်အချိန်တုန်းက မင်းသားကြီးတွေပေါ့…
ဆြာရန်အောင်ကို တွေ့ချင်ကြတဲ့ ဘလော်ဂါပေါင်းသောင်းခြောက်ထောင်… (အင်း… အဲ့သလို ရေးရင်းနဲ့ ကွမ်ယင်မယ်တော်ကြီး ခင်ဦးမေကို သွားပြီး သတိရတယ်…) ဆြာရန်အောင်ရဲ့ဒါ့ပုံကို တွေ့ချင်တဲ့ ဖြူဖြူလွလွ မည်းမည်းပုရွ… ဘလောဂါတွေဆိုတာ… ဒါ့ပုံတင်ပါ… ဒါ့ပုံတင်ပါနဲ့ပေါ့… (အဲ့သည်အချိန်တုန်းကပြောပါတယ်…) ကိုယ်တွေရဲ့ ဆြာ-ရန်အောင်ကလည်း သွေးကြီးပါ့… သူ့ပုံကို ဘယ်တင် လိမ့်မလဲ…
ထို့အတူ… ကွမ်ယင်မယ်တော်ကြီး… မမကွမ်းကလည်း… ကျား-ကျား-မ-မ-တို့ အသည်းစွဲ… သူ့ဘာသာရေးချင်ရာရေး… ကွန်မန့်ပေါင်း သောင်းနှစ်ထောင်…ရတယ်… အဲ့သလို… အဲ့သလို…
ကျနော်လား…
ကျနော်က ဘာကောင်မှ မဟုတ်ဘူး… ကဗျာလေး တပုဒ်စ- နှစ်ပုဒ်စရေးပြီး… အွန်လိုင်းတက်လာခဲ့တဲ့ကောင်… ဘယ်လို ဘယ်အကြောင်းရယ်ကြောင့်မသိ… ကျနော်နဲ့ လေပေးဖြောင့်မိတဲ့ထဲမယ်… အဲ့သည်အချိန်တုန်းက ဘလော့ စလေစပျစ်သီးတွေ ပါခဲ့တာပေါ့…

ပန်ဒိုရာ၊ ကေသွယ်၊ ခင်ဦးမေ၊ ၀ီရှီမီ၊ ကိုမောင်ရင်၊ ကိုပေါ (ကျနော်နဲ့ ရန်ဖြစ်တယ်)၊ သက်ဝေ၊ ခင်မင်းဇော်၊ ရန်အောင်၊ မောင်မျိုး၊ အောင်ခင်မြင့် (ပျူနိုင်ငံ)၊ မောင်ဖုန်းမြင့်၊ မှူးဒါရီ၊ လင်းထက်၊ မျိုးဝင်းဇော်၊ ကမာပုလဲ၊ အိန္ဒြာ၊ မနော်ဟရီ၊ လင်းဒီပ၊ အတွေးတိမ်တိုက်… စသည်ဖြင့်ပေါ့… စာရင်းလုပ်ရရင် လူတွေ ရာချီမယ်… (နံမည်တချို့တလေ ကျန်ခဲ့ရင် ကျနော့်ကို အပြစ်တင်ကြပါ)
ဘလော့ရေးချိန်တုန်းက အဲ့သည် ရေးဖော်ရေးဖက်တွေကို သတိရပါတယ်…
ခုတော့ ကျနော်လည်း ဘလော့ရေးတာကို ရပ်ထားလိုက်တော့… တချို့တလေကို မျက်နှာစာအုပ်မှာ ပြန်တွေ့တယ်… တချို့ကိုလည်း ဘယ်နေရာမှာမှကို ပြန်မတွေ့တော့ဘူး… (ဥပမာ- ကိုမောင်ရင်)
သို့သော်လည်း…ဒါကိုကလည်း… ကျနော်တို့တွေရဲ့ ဘ၀တွေနဲ့ တိုက်ရိုက် ပတ်သက်နေတယ်လို့… ကျနော် ယူဆတယ်…. (ကိုမောင်ရင်) ဟာ ဦးနာအောက်-ပို့စ်တွေရေးပြီး ပျောက်သွားပေမယ့်… တနေရာရာမှာတော့ သူ ပြန်ပေါ်လာနိုင်သေးတယ်လို့ ကျနော် ယုံကြည်နေသေးတယ်…
ဘယ်လိုပဲဖြစ်ဖြစ်ပါ… ဘလော့တွေ သိပ် ခေတ်မစားတော့ပေမယ့်… ဘလော်ဂါတွေဟာ မျက်နှာစာအုပ်မှာ နေရာယူပြီးကြပါပြီ… ဘလော့တွေအစား… ဘလော်ဂါတွေရဲ့နုတ်စ်တွေကိုပဲ ဖတ်ကြပါစို့လား…

(atn)

8 comments:

သက်ဝေ said...

Happy Blog Day အကို....
ကဗျာတွေ ဆက်ရေးရမယ်နော်....း-)

rose of sharon said...

Happy Blogger's day!

khin oo may said...

you should know I like you.

ရွှေအိမ်စည်မေ said...

Happy Blog Day ပါ ပါပါး :) :)

ကြည်ဖြူပိုင် said...

fb note မှာလည်းရေး ဒီမှာလည်းရေးပါလား ဘရို။ အရင်လိုပဲ မကြာခဏလာဖတ်မှာပါ

တန်ခူး said...

ကိုအောင်သာငယ်နဲ့ ရေးချိန်တူပါတယ်. အက်ကွဲကွဲကဗျာတွေကို လာလာခံစားတတ်တဲ့ ဘလော့ဂါငပျင်းတယောက်ပေါ့. ဘလော့ရောင်းရင်းထဲမှာအမြဲရှိနေပါတယ်

Yan said...

ပါဘလိုမာရဇ္ဇ ဆိုတာ ဒီလူကြီးကိုး... ရေးထားတာတွေ တူပါတယ်လို့ ကြည့်နေတာ. တကယ့်လူဇိုးဂျီးပဲ. :)

ဒါလေးကို ကိုအောင်သာငယ်ရဲ့ လင့်ခ်လေးနဲ့တွဲပြီး Blog Digest မှာ နောက်တစ်ကြိမ် ထပ်မံတင်ပေးလိုက်ပါမယ် ဘရားသား.

ခင်မင်လျက်

Yan.

မြသွေးနီ said...

အစဉ်အားပေးလျှက်ပါ....ကိုအောင်သာငယ်...။