ဒီကဗျာကတော့ အဖေ့အတွက် အမေကိုယ်တိုင် ရေးခဲ့တဲ့ ကဗျာပါ။
၁။
``ခွဲခွာခြင်း``ဆိုတာ
စကားလေး သုံးလုံးပါပဲ
ရင်ထဲမှာတော့ ---
နေမင်း ရာထောင်။ ပူလောင်သောက
မောပမ်းနွမ်းလျ
လွမ်းစမျက်ရည် တဝေေ၀နှင့်-----။
၂။
``ခွဲခွာခြင်း``မှာ---
လရောင်မရှိ မှောင်အတိနှင့်
မိုး၏ကောင်းကင်---
ကြယ်စင်တစ်စ - မလက်ပခဲ့။
၃။
``ခွဲခွာခြင်း``မှာ---
မွှေးမြသင်းထုံ၊ ဆင်းရောင်စုံနှင့်
ပန်းငုံမရှိ။ ပန်းပွင့် မရှိ။
၎။
``ခွဲခွာခြင်း``မှာ---
ကြည်မြသံချို၊ ခွန်းဆိုမရှိ
တုံဏှိဘာဝေ၊ ရှိုက်သံတွေနှင့် ----။
၅။
``ခွဲခွာခြင်း``မှာ---
အလှမရှိ၊ အကြည့်တမ်းတ
မချိနှလုံး၊ မပြုံးမျက်နှာ
ဝေဒနာအကြည့် - တမြေ့မြေ့နှင့် ---။
(ခင်ပွန်း အထိမ်းသိမ်းခံရသော ၂၉-၆-၈၉ နေ့သို့)
1 comment:
မျိုးရိုး ဗီဇ အရ ကို ပါလာတာ ကိုးးး ...
အစ်ကိုကြီးရေ ငြိမ်းချမ်းပါစေ ...
Post a Comment