Dec 6, 2009

ကတိတော်အတိုင်း… ဆုတောင်းလိုက်ပါသည်
















အလင်းများက ပိုပိုမှိန်
ပြက္ခဒိန်များက ပိုပိုပါး
တံခါးများက ပိုပိုထူ
အသက်ရှူများက ပိုပိုမော
သောကများက ပိုပိုလောင်
အမှောင်များက ပိုပိုပိန်း
အစိမ်းရောင်များက ပိုပိုရင့်
မျှော်လင့်ချက်များက ပိုပိုနည်း
အက်ကွဲမှုများက ပိုပိုလာ
ဒဏ်ရာများက ပိုပိုနက်
မနက်ဖန်များက ပိုပိုဝေး
မေးခွန်းများက ပိုပိုခက်
လက်တွဲများက ပိုပိုပြုတ်
အနှုတ်လက္ခဏာများက ပိုပိုပြ
လရောင်များက ပိုပိုရှား
လျှောက်သောလမ်းများက
ပိုပိုပျောက်ရှသွားပြီးသည့်အခါ...

ကောင်းချီးတခု နောက်တခု
ရေတွက်မှု ပြုလိုက်ပါသည်…
ဤအပြစ်သားအပေါ်
ကြင်နာခြင်းအမှု ပြုသောအားဖြင့်
လမ်းများ ပြပါ့...
အေးမြသော မိုးရေစက်များ
တပေါက် တစမျှ
(တောင်းလျှင်ပြည့်မည် ဆိုသည့်အတိုင်း)
စိုစွတ်ပေးသွားပါ့ ဘုရားသခင်…
အာမင်…

ATN

7 comments:

မောင်မိုး said...

တောင်းတဲ့ ဆုတွေ အမြန်ပြည့်ပါစေလို့ ကူပြီး ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

သိင်္ဂါကျော် said...

လျှောက်သော လမ်းများမှာ နေခြည်တွေ ပိုပို ဖြာပါစေ လို့... ဆုတောင်းပေးလိုက်ပါတယ်..

Moe Cho Thinn said...

ပိုပိုပြီး မွန်းကြပ်သွားတယ်။
ပိုပိုပြီး မခံစားစေချင်ဘူး။
ပိုပိုပြီး ကောင်းတာကို မျှော်လင့် လုပ်ဆောင်စေချင်ပါတယ်။

kiki said...

ဖတ်ရင်း ဖတ်ရင်း နဲ့ 
ပိုပို ငယ်သွားသလိုပဲ ....( အသက် ၊ စိတ် ၊ မျှော်လင့်ချက် )း((

ကိုဟန် said...

ရှိပြီးသားကိုပြင်ရတာတက် အသစ် ဆောက်ရတာပိုကောင်းမှန်းသိပေမဲ့ ပြန်လည်တတ်ဆောက်ရေးအတွက် အလုံးစုံပျက်စီးရေး ကိုရှေ့မရှု၇ဲဘူးအကိုရေ ကျနော်လဲ အကိုလိုပဲခံစားရတယ်

Anonymous said...

အသက်ရှူရတာ ပိုပို ၀လို့
ဆုတောင်းနေရတာတွေ ပိုပိုနည်းလို့
လိုအင်တွေလည်း ပိုပို ပြည့်လာပါစေ။


မအယ်

မီယာ said...

prayer changes things....