Dec 29, 2009

ကျနော့် အကြိုက်ဆုံးများ

ကျနော့် ဘလော့ကို စရေးဖြစ်တာ ၂၀၀၇ ဒီဇင်ဘာ ၆ ရက်မှာပါ။ ကျနော် ချစ်ခင်လေးစားတဲ့ ကဗျာဆရာ ယောဟန်အောင်ရဲ့ ဘလော့ကို ဖတ်မိပြီး သူ့လို ဘလော့လေးတခု ပိုင်ချင်စိတ် ဖြစ်လာတာကနေ ရေးဖြစ်သွားတာပါ။ စရေးကာစတုန်းက ဇော်ဂျီတွေ ဘာတွေ ကျနော် မသိပါဘူး။ ကဗျာ ၄ ပုဒ်ကို ကျနော့်ဆီမှာရှိတဲ့ ၀င်း-ဘားမိစ်ဖွန့်နဲ့ ဖိုတိုရှော့ ထဲမှာ ရိုက်ပြီး ဂျေပီဂျီ ဖိုင်တွေနဲ့ တင်ခဲ့တာပါ။ နောက်မှ ဇော်ဂျီဖွန့်ကို သိလာပြီး ပြန်ရိုက်တင်တာပါ။ ဒီဇင်ဘာ ၉ ရက်မှာ ကဗျာ ၄ ပုဒ်စလုံးကို တခါတည်း တင်ခဲ့တာပေါ့။ ခုဆို ကျနော် ဘလော့ရေးတာ ၂ နှစ် ပြည့်ခဲ့ပါပြီ။ သည် ၂ နှစ်အတွင်းမှာ စိတ်ထဲ ရှိရာတွေ လျှောက်ရေး လျှောက်တင်လိုက်တာ ပို့စ်ပေါင်း ၅၄၀ ကျော် ဖြစ်သွားပါတယ်။

ခုတလောလေးကမှ ဂျီမေးလ်ထဲမှာ အက်ဒ်လာလို့ ခင်မင်လာရတဲ့ ညီငယ် တယောက်က ပြောလာပါတယ်… “… … … … အကို့ ပို့စ်တွေက ၅၀၀ ကျော်တယ်... အများကြီးပဲ… ကျနော်တို့က အခုမှ အကို့ဘလော့ကို ရောက်ဖူးတာဆိုတော့ အားလုံးကို တခါတည်း ဖတ်ချင်ပေမယ့် အချိန် မရလို့ မဖတ်နိုင်သေးဘူး…။ အပမ်းမကြီးဘူးဆိုရင် အကို့ အကြိုက်ဆုံး ပို့စ်တွေကို ပြောပြပေးပါလား… ကျနော်တို့ ပြန်ဖတ်ရတာ လွယ်တာပေါ့…. ကျန်တဲ့ ပို့စ်တွေကိုတော့ ဖြည်းဖြည်းချင်း ဖတ်ပါ့မယ်…. ”တဲ့…. ဒါနဲ့ ကျနော်လည်း ဆားချက်ဖို့ အကြံရသွားပါတယ်....း)

ဟိုး… တခါကတော့ ကျနော့် ဘလော့ရဲ့ ဆိုဒ်ဘားမှာ ကိုယ်တိုင် အကြိုက်ဆုံး ကဗျာများ… အကြိုက်ဆုံး ၀တ္ထုတိုများ... ဘာညာ… စသည်ဖြင့် ကျနော် တင်ထားခဲ့ပါသေးတယ်။ နောက်တော့ ရှုပ်ပါတယ်လေ ဆိုပြီး ပြန်ဖြုတ်ထားခဲ့ပါတယ်။

ခုတော့ စောစောကပြောတဲ့ ညီငယ်လိုမျိုး ကျနော့် ဘလော့ကို အခုမှ ဖတ်ဖူးသူတွေ အတွက်ရော၊ ကျနော် ဘလော့ စရေးကတည်းက ဖတ်လာခဲ့သူတွေအတွက်ရော၊ ကျန်တဲ့ သူငယ်ချင်း ညီအကို မောင်နှမတွေ အတွက်ရော နှစ်သစ်ကူး လက်ဆောင်အဖြစ် ကျနော် ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ ပို့စ်တွေကို စာရင်းပြုစု လိုက်ပါတယ်။ ဖတ်ပြီးသူများကတော့ သည်းခံကြပါ....း) မဖတ်ရသေးသူများအတွက်သာ အဓိက ရည်ရွယ်ပါတယ်။

မဖတ်ရသေးသူများအတွက် အညွှန်းတခု ဖြစ်ပြီး ဖတ်ပြီးသူများအတွက်ကတော့ အမွှန်းတခု ဖြစ်ပါမယ်… ခွင့်လွှတ်ကြပါကုန်...း)

ကျနော်က တကယ်တော့ ကဗျာတွေရေးဖို့ပဲ အားသန်တဲ့သူပါ... သို့သော်လည်း တခါတခါ ခံစားမှုတွေ စေ့ဆော်တဲ့အခါ ပန်းချီတွေဆွဲတယ်... (မဆွဲတတ်ပဲ ဆွဲနေတာပါ...း) သီချင်းဆိုတယ်... (အသံမကောင်းပဲနဲ့)... ခီးဘို့ဒ်တီးတယ်... (မတီးတတ်ပဲ တီးနေတာ) ဂစ်တာတီးတယ်... ဆောင်းပါး တချို့ ရေးတယ်.. ၀တ္ထုတွေလည်း ဖွဲ့မိသေးတယ်... အနုပညာနဲ့ ပတ်သက်တာ ဆိုရင် လုပ်လို့ရသမျှ အကုန် လျှောက်လုပ်တယ် ဆိုပါတော့...း) သည်တော့ ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ ပို့စ်တွေကတော့ အမျိုးကို စုံနေပါလိမ့်မယ်... ညီအကို မောင်နှမများကသာ နှစ်သက်ရာကို ရွေးချယ် ကြပါကုန်...

အကြိုက်ဆုံး ကဗျာရှည်
ဆာရီယဲလ်ကဗျာတပုဒ်ရဲ့ အတ္ထုပ္ပတ္တိ
(သည်ကဗျာရှည်ကတော့ ကျနော့် ၄၅ နှစ်မြောက် မွေးနေ့အတွက် ဖွဲ့ဆိုဖြစ်ခဲ့တဲ့ ကဗျာရှည်ပါ။ ဘ၀မှတ်တမ်းလေးလဲ ဖြစ်ပါတယ်)

အကြိုက်ဆုံး ကဗျာများ
(ကျနော်က ကဗျာရေးသူဆိုတော့ ကိုယ်ကြိုက်တဲ့ ကဗျာတွေက အတော်တော့ များနေ ပါလိမ့်မယ်...း)
သိမ်းဖျောက်ထားတဲ့ တောင်ကြား
ရန်ကုန်လွမ်းချင်း
ရွှေနားတော်သွင်းဧချင်း
နှင်းပြိုတဲ့ည
ရင်ခွင်ည
လူမှားတယောက်ရဲ့ တတိယနေ့
နေရာတိုင်းမှာ စွန်းကွက်နေသော အပြာရောင်ဆေးစက်များ
ကြိုးတချောင်း သေဆုံးသွားသောအခါ
ကော့တေးလ်တွေပေါ် ချော်လဲတဲ့မြစ်
ကြည်လင်နေသောကောင်းကင်ပေါ်မှ အပြာရောင်မိုးစက်
အနောက်မြို့ရိုးမှာ ကျိုးပဲ့သွားတဲ့ မှန်တချပ်
ပင်လယ်သေထဲမှာ ရေနစ်တဲ့ကောင်းကင်
သက်တန့်ရောင်စုံသစ်ပင်
တက္ကသိုလ်မှာ ကြွေတဲ့နှင်း
ကဗျာဆရာအား အင်တာဗျူးခြင်း
ရှစ်ကြိမ်မြောက် တမ်းတခြင်း
လူမှားတယောက်ရဲ့ နှင်းဆီဖြူ
အချစ်ဆိုသည်မှာ
လောကလမ်း
ညစာ
အဖြူရောင်ဒဏ္ဍာရီ


အကြိုက်ဆုံး ကဗျာတိုများ
အမေ
သစ္စာတိုင်
ကံကြမ္မာ
ကောင်းကင်
အမှားအယွင်း

အကြိုက်ဆုံး ၀တ္ထုတိုများ
လူတကောင်၊ ကြောင်တယောက်နဲ့ ပြတင်းပေါက်တချပ်
မြို့တမြို့၊ နစ်ချို့ဝိုင်တခွက်နဲ့ အိပ်မက်ဆိုးတခု
စောင့်လို့တော့နေရစ်ဦး
ဓါးတချောင်းရဲ့ပြက္ခဒိန်
အလွမ်းတောင်တန်း၊ ပန်းတပွင့်
ရင်ဘတ်ထဲက နှင်းဆီဖြူ

အကြိုက်ဆုံးစာများ
အနှစ်နှစ်ဆယ်၊ မပြယ်သေးတဲ့ဒဏ်ရာနဲ့ သင်ခန်းစာတချို့
ကိုယ်တွေ့-၂
သက်တမ်းရှည် ပဋိပက္ခ
မိသားစု ကန်တော့ပွဲ
ဘယ်သူ့မှမျှော်မနေနဲ့ ကိုယ့်မီးကိုယ်ငြှိမ်း
ဘ၀ဆိုတာ တိုတိုလေး ချိုအောင်နေကြ
လက်ဆင့်ကမ်းတိုက်ပွဲ

အကြိုက်ဆုံး သီချင်းများ

လေးမြားတလက်နဲ့ သီချင်းသည်
A Whiter Shade of Pale
အိမ်ပြန်ချင်တဲ့အလွမ်း
နောက်ဆုံးအိပ်မက်
နေညိုချိန်အတွေး
အချစ်သီချင်း
သိလား
Moon Flower

အကြိုက်ဆုံး ပန်းချီများ
အမေ
ရင်ခွင်ဦး
ကန္တာရ
ရန်ကုန်လွမ်းချင်း
ရင်ခွင်ည
City Night

အထက်ပါ ပို့စ်တွေ အပြင် သူပုန်တယောက်ရဲ့ဒိုင်ယာရီ များ၊ အက်စ်တိုးရီးယားနှင့် စကားပြောခြင်း ကဗျာများနဲ့ အမှတ်တမဲ့ ပေကျံသွားသော ဆေးစက်များ ကဗျာတိုလေးတွေကိုလည်း ဖတ်ကြည့်ကြဖို့ ညွှန်းချင်ပါတယ်။

13 comments:

kay said...

အွမ်.. အကုန် - နီးပါး ပါလား..။း)
ကိုအောင်သာငယ်က.. စာရင်းစစ် လုပ်ဖို့ ကောင်းတာ..။ စာရင်းပြုစု တာ တော်တယ်။း)

သွယ်လင်းဆက် said...

ကောင်းတယ်ဗျအကိုရေ။ ကျေးဇူး။

သက်ဝေ said...

တော်လိုက်တာ...
ကိုယ်ရေးခဲ့တဲ့ ပိုစ့်တွေကို သေသေချာချာ မှတ်မိနေတယ်...း))
အကို့ အကြိုက်လေးတွေ ပြန်ဖတ်ကြည့်လိုက်ပါအုံးမယ်...း))

tin min htet said...

ကျွန်တော့်လို ဘလော့ဂ်လည်တာ နောက်ကျတဲ့သူအတွက် အဆင်ပြေတာပေါ့။

(ကဗျာရှည်က လင့်ခ်မှားနေတယ် အကို၊ ပြင်လိုက်ပါဦး)

pandora said...

Top 3 စီလောက်ဆို တော်ရောပေါ့ဗျာ.. လောဘကြီးတယ်။

Nge Naing said...

ကျွန်မမဖတ်ရသေးတာတွေလည်း အတော်များပါတယ်။ နောက်မှ အေးအေးဆေးဆေး ပြန်ဖတ်မှ ဖြစ်မယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

ခရေညို said...

အကုန်လုံးတော့မဖတ်ရသေးဘူး။
အချိန်ရမှပဲ လာဖတ်တော့မယ်။

မောင်မိုး said...

အားးး များလှချည်လားဗျာ...အင်း မဖတ်ရသေးတာတွေက များနေတော့ အေးအေးဆေးဆေးမှ လာဖတ်ရတော့မယ်။

မယ့်ကိုး said...

အခုလို စုတင်ပေးတာ ကျေးဇူးပါ အစ်ကို။ အားလပ်ရက်မှာ စာတွေ လာဖတ်ပါဦးမယ်။

Anonymous said...

ကဗျာတွေထဲမှာ.
ကြိုးတချောင်း သေဆုံးသွားသောအခါ
ပင်လယ်သေထဲမှာ ရေနစ်တဲ့ကောင်းကင်
သက်တန့်ရောင်စုံသစ်ပင်
......
ဒီ ၃ ပုဒ် က လွဲ ပြီး ကျန်တာတွေ အားလုံး အကြိုက်တူပါတယ်..း)..

သိမ်းဖျောက်ထားတဲ့ တောင်ကြား
နှင်းပြိုတဲ့ည
ရင်ခွင်ည
လောကလမ်း
သစ္စာတိုင်.. အဲဒီကဗျာတွေကို အကြိုက်ဆုံး

ပျော်ရွှင်ဖွယ်နှစ်သစ် လိုအင်ဆန္ဒတွေပြည့်ဝစေမဲ့ နှစ်သစ်ဖြစ်ပါစေ

ခင်မင်သော
(mama)

ကလူသစ် said...

ခုထိကောင်းတယ်ထင်နေသေးရင် မတိုးတက်သေးဘူးမှတ်.... ခွိခွိ :)

PhotoVigor said...

Happy new year to you and your family..
So what is the best of the best among your post?? :D

Moe Cho Thinn said...

ပြန်လာဖတ်အုံးမယ် အကိုရေ.. တချို့ ဖတ်ပြီးသား။

အကိုရေ.... ပျော်ရွှင် တဲ့ စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာ တဲ့ ဘ၀ကို မိသားစုလေးနဲ့အတူ ပိုင်ဆိုင် ပျော်ရွှင်ရပါစေလို့ နှစ်သစ်မှာ ဆုတောင်းလိုက်ပါတယ်။