Jun 6, 2009

A Whiter Shade of Pale

Procol Harum ဆိုတာ ကျနော်တို့ မွေးကာစ ၁၉၆၀ ကျော်နှစ်တွေမှာ ပေါ်လာခဲ့တဲ့ Rock Band တခုပါ။ အင်္ဂလန်ကပါ။ Classical နဲ့ Pop ရဲ့ အရိပ်တွေ လွှမ်းမိုးထားတဲ့ သူတို့အဖွဲ့ကို Progressive Rock အဖွဲ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူတို့အဖွဲ့ရဲ့ ကမ္ဘာကျော် သီချင်းက တော့ A Whiter Shade of Pale ပါ။ သည်သီချင်းကို တကမ္ဘာလုံးမှာလည်း အဆိုတော်တွေ တီးဝိုင်းတွေ အတော်များများက ပြန်ဆိုခဲ့ကြ ပါတယ်။

ကျနော်တို့ဆီမှာလည်း ပလေးဘွိုင်သန်းနိုင်၊ ဟေမာနေ၀င်း၊ ချစ်ကောင်းနဲ့ တခြား အဆိုတော်တွေ အတော်များများ ပြန်ဆိုကြခဲ့ပါတယ်။ ကျနော့ စိတ်ထဲမှာ မှတ်မိနေ တာကတော့ ပလေးဘွိုင် သန်းနိုင် ဆိုခဲ့တဲ့ - ချစ်သူဘက်က ရှေ့နေလိုက်မယ် - ဆိုတဲ့ သီချင်းတပုဒ်ထဲပါပဲ။ ကိုလေးလွင် ရေးပေးခဲ့တယ် လို့ ထင်ပါတယ်။ မှားခဲ့ရင်လည်း သေချာသိသူများက ပြန်ပြင်ပေးသွားကြပါ။ သည်သီချင်းကို တချို့လည်း ကြားဖူး ကြမယ်။ တချို့လည်း ကြားဖူးကြမယ် မထင်ဘူး။

သည်သီချင်းကို ကျနော် အတော်ကြိုက်ပါတယ်။ ငယ်ငယ်တုန်းကတော့ တနေ့နေ့ ကျရင် သည်သီချင်းကို Intrument အကုန်လုံးနဲ့ ကိုယ့်ဘာသာ တယောက်ထဲ ပြန်တီးပစ်မယ်လို့ စိတ်ထဲမှာ တေးထားဖူးခဲ့ပါတယ်။ ခုတော့ Instrument အားလုံး စုံအောင်တီးဖို့ ကြိုးစားကြည့်ပါသေးတယ်။ မဖြစ်ပါဘူး။ တကယ်တော့လည်း တယောက်တည်း Instrument အားလုံးကို တီးဖို့ဆိုတာက မလွယ်ပါဘူး။ တယောက်တည်းနဲ့ သီချင်းတပုဒ်မှာပါတဲ့ Instrument အားလုံးကို တီးဖို့ မဖြစ်နိုင်ပါဘူးလေ။ ဒါပေမယ့် ကိုယ့်မှာ ရှိသမျှနဲ့ အတတ် နိုင်ဆုံး သူ့နဂိုရ် မူရင်းနဲ့ ထပ်တူနီးပါးရအောင် တီးကြည့်မလို့ပါ။ ဒါပေသည့် ကိုယ်ကလည်း Drums မတီး တတ်တော့ Drums ထည့်ကြည့်တဲ့ အခါ နားထောင်လို့ မကောင်း လောက်အောင်ကို ဆူညံပြီး အဆင် မပြေတော့ဘူး ထင်တာနဲ့ ပြန်ဖြုတ်ထားခဲ့ပါတယ်။ အခုလည်း Drums တွေ မပါပေမယ့် နားထောင်လို့ အဆင် ပြေတယ် ထင်ပါတယ်။ Bass Line တွေ Keyboard Backing တွေကိုတော့ အတတ်နိုင်ဆုံး ထပ်တူရအောင် ကြိုးစား ထားပါတယ်။ လိုအပ် တာတွေကို ဝေဖန်၊ အကြံဥာဏ် ပေးသွားကြပါဦး။ အမှားအယွင်းတွေ ချို့ယွင်းချက်တွေကို ပြောပြသွားကြပါဦး။

ချစ်သူဘက်ကရှေ့နေလိုက်မယ်
ဆို - ပလေးဘွိုင်သန်းနိုင်
ရေး - ကိုလေးလွင်


ကိုယ့်ရင်ထဲ တနင့်နင့်နေ...
ပြန်ပြောင်းတွေးလေ ဆွေးမပြေ...
ကိုယ့်အပေါ်တယောက်မှ... မကောင်းတာသိလို့...
ခံစားချက်တွေ ကိုယ့်ရင်အပြည့်...
အချစ်လည်း ကိုယ့်အပေါ် သည်လိုပဲ....
ချစ်တယ်ပြောပြီး ပြေး... အဝေး....
ပျော်နိုင်သူသာ... ပြုံးနေတော့... အလွမ်း...
တရက်... တလ... တနှစ်...
အိုကြာရှည်ငြား... ခံစားမယ်...
နိုင်သူ အပြုံး... အရှုံးခံဘ၀၀ယ်...
မျက်ရည် ပန်းခင်း နင်းသွားကြကွယ်...
ကိုယ့်နှလုံးသား... မခံနိုင် နွမ်းနယ်...

ချစ်ခင်တုန်းက စကားလေးတွေ...
ဘယ်ဆီပျောက်... ပျောက်ပြယ်သွားပေ...
လှတာမက်တော့... အခက်ကြုံ...
ပြန်လည် မတွေးတော့ပါဘူး...
ရင်နာချစ်တေး ဟစ် ဆိုမယ်ခင်...
လောကအကြောင်းတော့ သိတယ်...
ဟန်ဆောင်ကောင်းတဲ့ အပြုံးအလယ်...
ကိုယ်နဲ့ မင်းနဲ့ တွေ့ဆုံခဲ့တယ်...
မာယာတွေ များ... နှိပ်စက်...
ပျော်ရွှင်ခြင်း... တွေးရင် ဝေးမယ်...
ချစ်သူဘက်က ရှေ့နေလိုက်မယ်...
ဟစ်ကြွေးထား... ကိုယ်က ခွင့်လွှတ်...

မာယာတွေများ... နှိပ်စက်...

MP3 File ကို ဒေါင်းလုပ်ဆွဲချင်ရင်တော့ သည်မှာပါ။

Get this widget | Track details | eSnips Social DNA

9 comments:

Anonymous said...

It is really nice!!
Great!!!
Really appreciate for your effort!!
Keep it on!!!!

(mama)

ကိုလူထွေး said...

ဒီသီချင်းကိုနားမထောင်ဖူးတော့ မဝေဖန်တတ်ဘူးခင်ဗျ
ကျွန်တော်ကလဲ ဂီတအကြောင်း ဘာမှ ဂဃနဏ သိတာမဟုတ်...

တူရိယာတွေအများကြီးကို တီးတတ်တယ်ဆိုတော့ ပျော်စရာကြီးပေါ့... ဂီတာပျင်းရင် အော်ဂင်ပြောင်းကိုင်... ဘယ်လောက်ကောင်းလဲ...

အချိန်ရလို့ တီးဆိုပေးမယ်ဆိုရင် "အိမ်အလွမ်း" လေးတော့ ကောင်းမယ်ဗျာ... ဒီခံစားချက်က လူတိုင်းမှာ ရှိမှာပဲ...

ကျေးဇူးပါ ကိုအောင်သာ

းဝ)

Anonymous said...

ဒီသီချင်းကို သိတာပေါ့ ကိုအောင်သာငယ် , တီးထားတာတော်တော် ကောင်းပါတယ်...နားထောင်ရတာကြိုက်တယ်....ဆက်ပြီး........။

( mie nge )

မြ said...

တော်လိုက်တာ။ မနာလိုချင်ချင်တောင်ဖြစ်လာမိပါရဲ့။
ဒေါင်းလုပ်ဒ်လုပ်တော့ warning ဆိုပြီး ဗိုင်းရပ်စ်ပေ့ခ်ျတွေကို ပြသလို ပြနေတယ်။ ဘယ်လိုယူရင် ရနိုင်မလဲ။

မီယာ said...

ဟေမာနေ၀င်းဆိုထားတာပဲ နားထောင်ဖူးတယ်။ စာသားတွေက ထောက်နေတယ်လို့ ခံစားရလို့ သံစဉ်ကို အရေးမထားမိခဲ့ဘူး။ အခု တီးလုံးချည်းပဲ နားထောင်ပြီးမှ ကြိုက်သွားပြီ။

MANORHARY said...

turn a whiter shade of pale !!
I love that song !!
the original version !!

သက်ဝေ said...

အရမ်းမိုက်တယ်... အကို
I Love it...

ဦးဂင်ကြီး said...

အဆောင်ရှေ့ကိုလွမ်းသွားတယ်ဗျာ Picking လေးပါထည့်လိုက်ရင်ရှယ်ပဲဗျာ ကောင်းတယ်ဗျ။

Anonymous said...

ဦးဂင်ကြီးပြောတဲ့ picking ဆိုတာဘာလဲ ဆိုတာသိချင်ပါတယ်... music အကြောင်း နားထောင်တာကလွဲလို့ ဘာမှမသိလို့ ပါ.... (mie nge )