ညတွေကို
စောင့်စောင့် ကြွေ
သေစာရှင်စာ ဖတ်ခိုင်း
အိုစာမင်းစာ ခွံ့ကျွေး
ညမွှေးပန်းပွင့်မယ့် လရောင်အောက်။
ချစ်သူ့လက်ကို
ဖက်လှဲတကင်း တင်းရစ်မဲ့လက်အစုံ
ဘ၀တခုနဲ့  ပုံအပ်ခဲ့တာ။
ချစ်သူရှေ့မှောက်
ရောက်ခဲလှစွာ ယူဇနာ
ကဗျာမာရသွန်
သစ္စာနွံထဲ ရဲရဲ ခုန်ဆင်းခဲ့ပါရဲ့။
ငါ့ခေါင်းထဲမှာ
“ဂူစတီနာ”ရဲ့ ဆံမျှင်တွေ
“စကားလက်”ရဲ့ လေရူးတွေ
“အေးမ”ရဲ့ အညာလမ်းက မာယာဘုံ
ဂုဏ်ဆိုတာ သိက္ခာနဲ့ ရွှေချတဲ့
ဘ၀မှန်သားပြင်တချပ်
ရင်မှာ ကပ်ခဲ့ရင်း။
ဟော ပြောသလို
ရွှေအိုရောင် ညနေခင်းတွေက
ညကို စောင့်နေပြန်။ ။
မောင်လွမ်းဏီ၃၀-၆-၀၉
2 comments:
ဂုဏ်ဆိုတာ သိက္ခာနဲ့ ရွှေချတဲ့
ဘဝ မှန်သားပြင်တချပ် .. .
သိပ်ကိုမှန်တဲ့စာသားလေးပါပဲရှင်
လာလည်သွားပါတယ်
ဂုဏ်ဆိုတာ သိက္ခာနဲ့ ရွှေချတဲ့
ဘ၀မှန်သားပြင်တချပ်
ရင်မှာ ကပ်ခဲ့ရင်း။
ခိုက်တယ်ဗျာ
ကျေးဇူးပါအကိုရေ
Post a Comment