Dec 9, 2007

အိပ်မက်




















ကလေးဘ၀ထဲက ကွဲသွားတဲ့ သူ.မိခင်ကို
ရှာဖွေနေတဲ့ လူနီရိုင်းကြီးတယောက်က
သူ.ကိုယ်သူ
ပျောက်ဆုံးနေတဲ့ သားပေါက်လေးလို. ခေါ်လေရဲ. ....

နှစ်ပေါင်းသုံးဆယ်ကျော်တဲ့အနောက်
သူတို.နှစ်ယောက် ပြန်တွေ.ရတဲ့အခေါက်မှာ
အဲဒီ့ယောက်ျားရင့်မကြီးဟာ
ကလေးတယောက်လို ငိုရဲ. ...

မေမေ ...
ကျနော်ကတော့လေ
အမေ့ကောင်းကင်ထက်က
ဆယ့်ရှစ်နှစ်လုံးလုံး
ပျောက်ဆုံးသွားခဲ့တဲ့
ကြယ်ကလေးတလုံးပါ မေမေ ...

ကျနော့ကောင်းကင်တခွင်လုံးကတော့
အမေ့ကိုလွမ်းတဲ့ မိုးသားတွေဖုံးလို. ...

ကျနော့အချစ်ဆုံးသူငယ်ချင်း
ကဗျာဆရာတယောက်
သူ.အမေကိုအောက်မေ့လို.
ကဗျာရေးခဲ့ဖူးတယ်၊
(အမေ ...
ကျနော့်ကို လွမ်းနေမလား ...
အလွမ်းဆိုတာ
သေရာပါတဲ့ ဒဏ်ရာနော်)တဲ့ ...

သူ.အမေဆုံးတဲ့သတင်း ကြားတော့
သူ.ကိုယ်စား ကျနော်ငိုခဲ့ဖူးတယ်။

ကမ္ဘာပေါ်မှာ
ဘယ်မိခင်တွေမှ
မသေဆုံးစေချင်ပါ၊

မိခင်နှင့် ချစ်သူတို.၏ မျက်ရည်များ စွန်းထင်းနေသော
စစ်ကို
မုန်း၏။

အဲဒီလိုစစ်ပွဲတွေ
ကျနော်ကြုံခဲ့ဖူး၊
သားဆုံးတဲ့မိခင်-
မိခင်ဆုံးတဲ့သား-
ဒါတွေ ကျနော် မကြားချင်တော့ဘူး အမေ ...

တနေ.သားတော့
အမေ့နားကို
သားပြန်ရောက်မယ်ထင်ပါရဲ. ...
အဲဒီလို မျှော်လင့်ခြင်းများ
မွေးထားခဲ့ဖူး ...

လောကဓံတွေ လက်ကုန်များတဲ့
အဲဒီလို ပြက္ခဒိန်တွေ ကြုံတဲ့အခါ
အမေ့ရင်ထဲ
ခေါင်းဝင်တိုးဝှေ.
ကလေးတယောက်လို
မျက်ရည်ပေါက်ပေါက်
ကျချင်ပါသေးရဲ.၊

အဲဒီ့နေ.ဟာ
တနေ.နေ.ပေါ့ ...

ATN

1 comment:

Anonymous said...

တနေ့နေ့တော့ အမေ့နားကို ပြန်ရောက်မယ်လို့ မျှော်လင့်ခဲ့တဲ့အကိုနဲ့ ထပ်တူ ဒီကဗျာဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်...

mie nge