Feb 11, 2009

ဘလော့ကာကွယ်ရေး နောက်ဆက်တွဲ

သူငယ်ချင်းတွေ ဆီပုံးမှာ လာလာ အော်နေကြတာ အားနာပါတယ်။ ဒါပေသည့် သူငယ်ချင်း တယောက်ကို ၀ိုင်း ကူညီပေး နေရလို့ပါ။ ဒါနဲ့ ပို့စ် အသစ် မတင် ဖြစ်တာပါ။ ခုတော့ တင်လိုက်ပါပြီ။ ဖတ်ကြစေသတည်း.........

ပြီးခဲ့တဲ့ နောက်ဆုံးပို့စ်ရဲ့ နောက်ဆက်တွဲလို့ပဲ ပြောရမယ် ထင်ပါတယ်။ နောက်ဆုံး ပို့စ်မှာတော့ ဂျီမေးလ်နဲ့ ပတ်သက်တာ ဘလော့နဲ့ ပတ်သက်တာလေးတွေကို ကျနော် သိသမျှ ဝေမျှ ပေးခဲ့တာပါ။ အဲပို့စ်မှာ လာရေး သွားတဲ့ ကွန်မန့်တွေ အထဲက ဖတ်သင့် တယ်လို့ ထင်တဲ့ ကွန်မန့် တချို့ကို ခုပို့စ်မှာ ဖော်ပြပေး လိုက်ပါတယ်။ မဖတ်မိ သေးသူများ ဖတ်မိအောင်ပါ။ ပြီးရင် အဲကွန်မန့်အတွက် ကျနော် ရေးတာလေး ဆက်ဖတ်ကြပါပေါ့လေ။

Anonymous, February 7, 2009 12:25 AM
ဘလော့က ဟတ်ခံထိတာ မဟုတ်ပါ။ တစုံတယောက်က စပန်ဘလော့ အဖြစ် တိုင်ကြား ထားတဲ့ အတွက် ဘလော်ဂါ ဒေါ့ကွန်းက စစ်ဆေးရန် ပိတ်လိုက်တာ သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘလော်ဂါ ဒေါ့ကွန်းကို ဘလော့ ပိုင်ရှင်မှ စာပို့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ မေငြိမ်း ဘလော့ကို အဲဒီလို ဖြေရှင်းတဲ့ အတွက် ပြန်လည် ပွင့်သွားပါပြီ။ (တိုင်ကြား သူတွေ ကတော့ ထင်တဲ့ လူတွေပဲ ဖြစ်မှာပါ)

ဒီကွန်မန့်အရ မနာလို မရှုစိမ့်တဲ့ လူတယောက်က သို့မဟုတ် လူတစုက blogspot နဲ့ ရေးနေတဲ့ ဘလော့ တခုခုကို Spam Blog ဒါမှ မဟုတ် Violation of Term of Use နဲ့ Google ကို တိုင်ကြားတာမျိုး ရှိနေကြောင်းနဲ့ အဲလို တိုင်ကြား ခံရရင် တိုင်ခံရတဲ့ ဘလော့ကို Google ကတော့ ယာယီ ပိတ်ချလိုက်မှာ ဖြစ်တယ်ဆိုတာ သိကြရပါပြီ။ ဒါဆို ဘလော့ပိုင်ရှင် ကိုယ်တိုင်က ပြန်ပြီး ဖြေရှင်းရမှသာ ကိုယ့်ဘလော့ကို ပြန်ရမယ်ဆိုတာ သိကြရပါပြီ။ အဲတော့ ကိုယ့် ဘလော့ ဖွင့်လိုက်လို့ This blog has been removed. ဆိုတာကြီး မြင်ရရင် blogspot နဲ့ ရေးတဲ့သူ အားလုံး Google ကြီးကို ဆက်သွယ်ကြရတော့မှာပေါ့နော.... မိတ်ဆွေ သယ်ရင်း ညီအကို မောင်နှမတွေ အားလုံး တိုင်ကြား ခံရခြင်းမှ အလျဉ်း ကင်းဝေးကြပါစေသတည်း...း) (ဒီကွန်မန့်အတွက် Anonymous ကို ကျေးဇူးတင်ရှိကြောင်းပါ... )

mtj February 7, 2009 2:12 AM
အလွန်ကောင်းတဲ့ အကြံပြုပါပဲခင်ဗျာ။ ဘလော့ဂ်ဂါတိုင်း မဖြစ်မနေလုပ်ထားသင့်ပါတယ်။ ဘတ်ကပ် လုပ်ရာမှာ settings / basic ထဲဝင်ပြီး export blog နဲ့ xml file ကို ဒေါင်းလုပ်ချ ထားနိုင်ပါတယ်။ ဒါဆိုရင် ရေးခဲ့ပို့စ်တွေ အပြင် ကောမန့်တွေကိုပါ ဘက်ကပ် သိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

ညီတော် မောင်သင်္ကြန် ပြောသလိုပါပဲ ကိုယ့်ဘလော့ကို Back-up လုပ်ထား နိုင်ပါတယ်။ နောက်ဆုံး ပို့စ်မှာ ကျနော် ပြောခဲ့ပြီးသားပါ။ ခုတော့ တလက်စတည်း ပိုပြီး ပြည့်စုံသွားအောင် ပြောပါဦးမယ်။ သို့သော်လည်း ဒါက blogspot တွေ အတွက်ပါ။ ကျန်တာတွေတော့ ကျနော်လည်း မသိပါဘူး။ blogspot မှာတော့ ကိုယ့် Dashboard ကိုသွားပါ။ Setting ကို သွားပါ။ Settings Tab ရဲ့ Basic မှာ Blog Tools ခေါင်းစဉ်ဘေးမှာ Import blog ရယ် Export blog ရယ် Delete blog ရယ် တွေ့မှာပါ။ (Delete blog ကိုတော့ သွားမနှိပ်လိုက် ကြပါနဲ့...း) အဲမှာ Export blog ကို click လုပ်ပါ။ ဒါဆို blog အတွက် back up file တခုကို ရပါလိ့မ်မယ်။ ကိုယ်ပြန်လိုချင်ရင်တော့ Import blog နဲ့ ပို့စ်တွေကို ပြန်တင်နိုင်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ သံလုံငယ်ရဲ့ ဒီပို့စ်မှာ သွားကြည့်ကြပါ၊ သံလုံငယ်ကိုလည်း ကျေးဇူးတင်ပါကြောင်းနဲ့ (ဒီကွန်မန့်အတွက် ညီ မောင်သင်္ကြန်ကို ကျေးဇူးပါ....)


Kay, February 6, 2009 11:59 PM
-၂၂ လုံးတောင်ထားရမယ်.. ပြီးတော့ အလွတ် ကျက်ထားရမယ်.. တလ တခါလည်း ပြောင်းရမယ် ဆိုတော့ ကာ.. အင်း..
Moe Cho Thinn, February 7, 2009 8:01 AM
- သူများတွေ hack ခံထိပြီဆိုတော့ စိတ်မကောင်းလိုက်တာ။ သတင်းပေးတဲ့ လူတိုင်းက back up လုပ်ထား၊ back up လုပ်ထား ဆိုတော့ ဘာကို ဘယ်လို ပြေးလုပ်ရမယ်မှန်း မသိဘူး။ မိတ်ဆွေ မမ တယောက်ကတော့ ချိုသင်း ဘလော့ဂ်ကို သူ လုပ်ပေးထားမယ်လို့ ပြောရှာတယ်။ ကျေးဇူးတင်လိုက်တာ။ ကိုယ့်သမီးလေးက မလှပေမဲ့ ချော်လဲမှာတော့ စိုးမိသား။
- အခု အကိုပြောသလို အရင်ဆုံး password ကို ပြောင်းရမှာပေါ့နော်။ ၂၂လုံး ဆိုတော့ သိပ်ကောင်းတဲ့ မှတ်ဥာဏ် နဲ့တော့ တွေ့ကြပြီ။ a{Z:9#/$q%W~7=>@*y6X_? တွေလဲ ပါရအုံးမယ်၊ တလတခါလဲ ပြောင်းရ အုံးမယ် ရေးလဲ မှတ်မထားရဘူး ဆိုတော့ ကိုယ့်ဘလော့ဂ်ကို password မမှတ်မိတော့လို့ ၀င်လို့မရ ဖြစ်နေမဲ့ အကို့ ညီမကို မြင်ယောင်ကြည့် လိုက်ပါတော့လေ..:)

ဒီကွန်မန့်တွေမှာ ပြောသွားကြသလိုပါပဲ။ ပါ့စ်ဝါ့ဒ်ကို ၂၂လုံးနဲ့ တည်ဆောက်သည့်တိုင် အလွတ်ကျက်ဖို့နဲ့ တလ တခါ ပြောင်းဖို့ တလ တခါ အလွတ်ကျက်ဖို့ ဆိုတာ တကယ်တော့ သိပ်တော့ မလွယ်ကူတာ အမှန်ပါပဲ။ အထူးသဖြင့် keyboard ပေါ်က Symbol လို့ ခေါ်ကြတဲ့ Special Character တွေ ပါလာရင် ပိုဆိုးတာပေါ့။ ကျနော်တို့မှာက မှတ်စရာတွေကလည်း များတယ် ဟုတ်လား။ မိဘ မွေးနေ့၊ သားသမီးမွေးနေ့၊ ဇနီးမွေးနေ့၊ ခင်ပွန်းမွေးနေ့၊ ရီးစားမွေးနေ့၊ မင်္ဂလာဆောင်တဲ့နေ့၊ ဘာနေ့၊ ညာနေ့ - စသည်ဖြင့် မှတ်စရာတွေက များရတဲ့ အထဲ ဂျီမေးလ်ရဲ့ ပါ့စ်ဝါ့ဒ် ကိုပါ မှတ်နေရဦးမယ် ဆိုတော့.... အင်း... ကိုယ် အဆင်ပြေ သလိုသာ ကျုပ်ကျက် လိကြပါတော့... ကွယ်တို့ရေ.... လို့ပဲ ပြောချင်ပါတော့တယ်...း) (ဒီကွန်မန့်အတွက် မကေနဲ့ ညီမ ချိုသင်းကို ကျေးဇူးပါ...)

pandora, February 7, 2009 9:02 AM
ရှည်လျားတဲ့ ပတ်စ၀ပ်တွေကို မှတ်မိဖို့ဆိုရင်
- ကိုအောင်သာငယ်က ဘလော့ဂ် ကိုကာကွယ်ဖို့အကြောင်း ပြောခဲ့ပါတယ်။ ပတ်စ၀ပ် ပေးတာနဲ့ ပတ်သက်လို့ စာလုံးရေ ၂၀ ကျော်လည်း ပေးရမယ် ဆိုလို့ ညစ်ကုန်ကြတာလည်း တွေ့ရပါတယ်။
- ကိုအောင်သာငယ်ပြောသလိုပဲ တကယ် အားကောင်းတဲ့ ပတ်စ၀ပ် တစ်ခုဟာ Alphanumerical ဖြစ်ပြီး symbol တွေပါ ပါအောင် ပေးသင့်တယ်လို့ မှတ်သားဖူးပါတယ။် စာလုံး အကြီး အသေးတွေလည်း ရောနှော နေသင့်ပါတယ်။
- ကိုယ်မှတ်မိနိုင်တဲ့ sentence တခုကို ပေးပြီးမှ အထဲက စာလုံးတွေကို ဂဏန်းတွေ သင်္ကေတတွေ စာလုံး capital တွေနဲ့ ရောလိုက်လို့ရပါတယ်။
Stay away from me please.
$t@yAWAYf60m^^3pl3aze
- နောက်တမျိုးကတော့ စာလုံးတွေကို အတိုကောက်ပေါင်းလိုက်တာ ဖြစ်ပါတယ်။
Make your password handy.
m@k=yrpaswudh&y
- အဲဒီအထဲမှာပဲ ဂဏန်းတွေကို ပေါင်းထည့်ချင်ထည့်ပေါ့။
- Burglish ကလည်း အသုံးဝင်နိုင်ပါတယ်။ ကိုယ့်ဗားရှင်းနဲ့ကိုယ် စာလုံးပေါင်းပေါ့။
- ဒါပေမယ့်လည်း သူများတွေသုံးနေကျ စာလုံးနဲ့ သင်္ကေတ ဖလှယ်တာကိုလည်း အမြဲတော့ မသုံးပဲ ရှောင်သင့် ပါတယ်။ ဥပမာ.. l ကို 1 လို့သုံးတာမျိုး။ a ကို @ လို့သုံးတာမျိုး။
- ခက်လည်းခက် မှတ်လည်းမှတ်မိနိုင်သော ပတ်စ၀ပ်ရှည်ရှည်များ ဖန်တီးနိုင်ပါစေ။

Ko Paw, February 6, 2009 11:46 PM
သတိပြုစရာလေးတွေ ရေးပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
- “သေသောသူသည် သုဿန်သို့သွားသည်” ဆိုတဲ့ ကျနော့် ပါ့တ်စ်ဝါ့ဒ်ကို ဘယ်သူ့ကိုမှ ကျနော် ပြောမပြ တော့ဘူးလို့ စိတ်ကူးထားတယ်။း-)

အထက်က ကွန်မန့်တွေအရ အတော်များများက ပါ့စ်ဝါ့ဒ် အလုံး ၂၀ ကျော် ရိုက်ချင်ကြပုံ မရ ကြောင်း သိနိုင် ပါတယ်။ ။ဒါကတော့ ကိုယ့် သဘောပေါ့လေ။ ယေဘူယျကတော့ များလေ ကောင်းလေလို့ ဆိုကြတာကိုး။ သို့သော်လည်း နောက် ကွန်မန့် တခုကို ဖတ်ကြည့်တဲ့ အခါ စာလုံးရေ ဘယ်လောက် များများ ဘာမှ မထူးခြား ပါဘူးဆိုတာကိုလည်း သိလာရပါသေး တယ်။ ဘာပဲဖြစ်ဖြစ်လေ ကြိုတင် ကာကွယ်တာ ကတော့ ပိုကောင်းတာ အမှန်ပါပဲ။ အဲ အတွက် တော့ ပါ့စ်ဝါ့ဒ် တွေကို အထက်မှာ မပန်အကြံပြု ထားသလိုမျိုး တည်ဆောက် ကြည့်ကြပါ ပေါ့လေ။ နောက်တခါ ကိုပေါပြောသွားတဲ့ “သေသောသူသည် သုဿန်သို့သွားသည်” ပါ့စ်ဝါ့ဒ်လိုမျိုးလည်း ကောင်းတာပါပဲလေ...း) Burglish နဲ့ ကိုယ့်ဘာသာကိုယ် ပါ့စ်ဝါ့ဒ်လေး တွေ တည်ဆောက် ကြည့်ကြပေါ့...
ဥပမာ - ဒီကမ္ဘာမှာငါအချောဆုံး DeGaBarMarNgaAhChawZon - အားလုံး ၂၂ လုံး ရှိတယ်နော...း)
(ကွန်မန့်တွေအတွက် မပန်နဲ့ ကိုပေါကို ကျေးဇူးတင်ပါတယ်)

Anonymous, February 9, 2009 4:41 AM
- password cracking ဆိုလို့လေနည်းနည်းဝင်ပေါချင်တယ် ...အစ်ကို အောင်သာငယ်ရေ ...။
- ကျွန်တော်က Java Developer ပါ ...။ Internet security ကို လုပ်ငန်း သဘော အရ နည်းနည်းတော့ တီးမိ ခေါက်မိ ရှိပါတယ် ...။
- ပုံမှန်ကတော့ commercials မဟုတ်တဲ့ ... entertainment blogs တွေ ကို hack လေ့မရှိပါဘူး ... ။
- hacking threat တစ်ခုမှမရဘဲ hack ခံလိုက်ရတယ် ဆိုရင်တော့ ... မတော်တဆ ပါပဲ ...။ ဘယ် hackers မဆို ကိုယ် hack နိုင်တာကိုတော့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိပါတယ် ... ။ သူတို့ရဲ့ nick name ကို ရေးထား ခဲ့လေ့ ရှိပါတယ် ..။
- password ရှည်လေလေ ...ခက်လေလေတော့လည်း မဟုတ်ဘူး အစ်ကိုရေ ..
- တစ်ကယ်တမ်း ... စိတ်ရှည်တဲ့ black hacker က hack လုပ်ဖို့ကြိုးစားတာ ဆိုရင်တော့ ... တားဖို့ မလွယ် လောက်ဖူး ..။
- ပုံမှန်အားဖြင့် အစ်ကို ပြောတဲ့ key combination hack (brute-force and similar attacks)က gmail မှာ အလုပ် မဖြစ်ပါဘူး ...။ gmail ရဲ့ features တွေထဲမှာ နှစ်ခု သုံးခုက block လုပ်ထားလို့ပါ ..။
- များသောအားဖြင့် hacker တွေက hacking servers && programs ကို ၂၄ နာရီ run ထားတာပါ ...။ Multiple Threads နဲ့ concurrent run လိုက်လို့ရသွားရင် ... တစ်ရက်အတွင်းသိနိုင်ပါတယ် ...။
- နောက်ပြီးတော့ .... google servers ကို hack လုပ်တဲ့ hackers group တွေနဲ့ ဆက်သွယ် မိရင် ... gmail password က လွယ်လွယ်နဲ့ ရနိုင်ပါတယ် ...။ ဒါပေမယ့် ဒါက international hackers အဆင့်မှပါ ...။
- အခု အစ်ကိုပြောသလိုဆို ... hack လုပ်လိုက်တဲ့သူဟာ professional hackers မဟုတ်ပါဘူး ...။ လက်တဲ့ စမ်းတဲ့ တစ်ယောက်ယောက် ဖြစ်နိုင်ပါတယ် ...။ သူတစ်ပါးကို ဒုက္ခပေးရမယ့် ပျော်တယ်ဆိုတာ တော်တော် နိမ့်ကျတဲ့ စိတ်ထားပါ ..။
- မြန်မာပြည်မှာလည်း မနှစ်က virus တစ်ခုရေးလိုက်တဲ့ လူငယ်တွေကြောင့် တော်တော် များများ ဒုက္ခ ရောက်လိုက် ပါသေးတယ် ..။
- ဒါပေမယ့် hacking ကို စိတ်ဝင်စားတဲ့ ရူးပေါပေါ ငနဲတွေ လက်တဲ့စမ်းတဲ့ အထဲ ပါမသွားအောင်တော့ ...backup လုပ်ထားတာ အကောင်းဆုံးပါပဲ ...
-Save is better than Sorry....

ကျေးဇူး အထူးတင်ပါတယ် ညီ Anonymous ရေ... ခုလို အားလုံး သိရအောင် ပြောပြပေးတာ။ နောက်လည်း အလျဉ်း သင့်သလို ၀င်ပြောပြပေးပါ။
Hackers ဆိုတဲ့ စာအုပ် တအုပ်လည်း ကျနော် ဖတ်လိုက်ရဖူးပါတယ်။ Hacker တွေဟာ တယောက်နဲ့ တယောက်လည်း စွမ်းရည်ချင်း ပြိုင်ကြတယ်။ ငါးမူး တမတ် အလုပ်တွေကို မလုပ်ကြဖူးပေါ့လေ။ သူတို့မှာလည်း သူတို့ သိက္ခာရှိပါတယ်။ blogspot က blog တခုကို ဟက်ပြီး ဘယ် Hacker ကမှ သိက္ခာ မတင်ကြမှာ အမှန်ပါပဲ။ ပြီးတော့ ဘယ်သူမှ မဟက်နိုင်တဲ့ server တခုကို ဟက်နိုင်ပြီဆိုရင် အဲမှာ သူ့ရဲ့ သင်္ကေတဖြစ်ဖြစ် သူ့ နံမည် ဖြစ်ဖြစ်ကို အောင်ပွဲခံ အထိမ်းအမှတ်နဲ့ ထားခဲ့တာပါပဲ။ သည်လိုမျိုးနဲ့ သူတို့ဟာ သိက္ခာတွေ တက်နေကြ တာပါပဲ။ ပြီးတော့ Hacker တွေဟာ အုပ်စုလိုက် အလုပ်လုပ်ကြတာပါပဲ။ UnderGround (UG) တွေလိုပေါ့လေ။ အဲတော့ blogspot က ဘလော့တခုလိုမျိုး၊ သာမန် ဂျီမေးလ် သုံးသူ တယောက်ရဲ့ ဂျီမေးလ်လိုမျိုးကို သူတို့က မဟက်ကြပါဘူး။ ဒါ ကျိန်းသေပါတယ်။ သို့သော်လည်း ကိုယ့်ရီးစား၊ ကိုယ့်ယောက်ျား၊ ကိုယ့်မိန်းမ၊ ကိုယ်နဲ့ မတည့်တဲ့သူ ရဲ့ ဂျီမေးလ်ကို ဟက်ချင်တဲ့သူတွေလည်း ရှိမှာပါ။ နောက်တခုက တရားဝင်ကို ထုတ်ဝေ ရောင်းချနေတဲ့ How to hack a server, How to hack a network စတဲ့ စာအုပ်တွေဟာ စာအုပ် အရောင်းဆိုင်တိုင်းမှာ ရှိပါတယ်။ မယုံရင် - သို့မဟုတ် - တစုံတခုကို ဟက်ချင်သပ ဆိုရင် နီးစပ်ရာ ကွန်ပြူတာ စာအုပ် အရောင်းဆိုင် တဆိုင်မှာ ၀င်ကြည့်ကြည့်ပါ။ အနည်းဆုံး ၂-၃ အုပ်တော့ တွေ့ရမှာပါပဲ။ ဒါ့အပြင် ဟက်လုပ်နည်းပေါင်း မြောက်များစွာကို YouTube မှာလည်း မြင်ကြရမှာပါ။ ဟက်လုပ်တဲ့ ပရိုဂရမ်တွေကိုလည်း ၀ယ်ချင်ရင် အွန်လိုင်းမှာ ရနိုင်ပါသေးတယ်။ ကျနော် ပြောတာ မယုံရင် အခု Google.com ကို သွားလိုက်ပါ။ ပြီးရင် Search box မှာ Password Cracking လို့ ရိုက်ထည့်ပြီး ရှာကြည့်လိုက်။ အာမခံနဲ့ ရောင်းနေတဲ့ ပရိုဂရမ်တွေကိုပါ တွေ့ရမှာပါ။ ဘယ် platform (Mac, Windows, Unix, Linux စသည်) မှာ ရှိတဲ့ ဘယ်လို ပါ့စ်ဝါ့ဒ်မျိုးကို မဆို ဖော်နိုင်ပြီး ဘယ်လို အလုပ်လုပ်ကြောင်းနဲ့တကွ တွေ့ရမှာပါ။ အဲလောက် လွယ်ကူနေတဲ့ အခြေအနေမှာ အကြောင်းတစုံတရာ တိုက်ဆိုင်ရင် ကိုယ့်ဂျီမေးလ်လည်း ဟက်ခံနိုင်ရတာပဲ မဟုတ်လား။ စောစောက Anonymous ပြောခဲ့သလို တကယ့် hacker တွေက ဟက်တာ မဟုတ်ပေမယ့် အထက်မှာ ကျနော် ပြောခဲ့သလို ကိုယ့် ဂျီမေးလ်ကို ဟက်ချင်တဲ့သူတွေက ဟက်တာကို ခံရနိုင်တာပဲလေ။ သည်တော့ Anonymous ပြောခဲ့သလို Save is better than sorry ပါပဲ.... လူအချင်းချင်း လျှောက်ဟက်ခြင်း ကင်းဝေးကြပါစေ....း) (ဒီကွန်မန့်အတွက် ညီငယ် Anonymous ကို ကျေးဇူးအထူးပါ...)

Anonymous, February 7, 2009 1:27 PM
- တတ်ကျွမ်းသူ တဦးရဲ့ အဆိုအရ မိမိစက်ထဲမှာ key logger ဆိုတဲ့ spy ware ထည့်သွင်း ခံထား ရပြီဆိုရင် password တိုတို ရှည်ရှည် ကိုယ်ရိုက်တဲ့ key stroke မှန်သမျှ ခိုးခံ နေရ မှာပါတဲ့။ ကိုယ့် စက်ထဲမှာ key logger ရှိမရှိ သိရအောင် Task manager(ctrl+Alt+Del) သွားပြီး process ဆိုတဲ့ Tab ကိုနှိပ် msdts.exe ဆိုတဲ့ file run နေလားကြည့်ပါတဲ့။ Run နေရင် အမြန်သာ End process လုပ်ပေတော့။ Key logger ရှိနေခဲ့ရင်တော့ စက်ကို format ချ လိုက်တာ အကောင်းဆုံးပါပဲ။ ကိုအောင်သာငယ် ပြော သလို back up နဲ့  shadow တွေ လုပ်ထားရင် အဟက်အဖျက်ခံရအုန်းတော့ တစ်ကပြန်စလို့ လွယ်သွားမှာပါ။ KM

ညီ Anonymous ကို ကျေးဇူးတင်ပါတယ်။ သိသင့်တာလေးတွေ ပြောပြတာ။ သို့သော်လည်း key logger တွေက အများကြီး ရှိပါတယ်။ သို့သော်လည်း အဲ key logger တွေဟာ ကိုယ့် ကွန်ပြူတာထဲကို အလို အလျောက် ဘယ်တော့မှ မရောက်လာပါဘူး။ ရောက်လာရတဲ့ အကြောင်းတွေ အများကြီး ရှိပါတယ်။ malware infected site လို့ ခေါ်တဲ့ Web Site တွေကို သွားမိရင် key logger တွေကို ရတတ်တာပါပဲ။ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုး ရှင်းရှင်း ပြောရရင် Porn Site တွေဟာ Key Logger Installer တွေပါပဲ။ နောက်တခါ Free Video, Free MP3, Free blah blah ---- everything free is infected with malware- especially with Key Logger.

11 comments:

mama said...

Porn Site တွေဟာ Key Logger Installer တွေပါပဲ။ နောက်တခါ Free Video, Free MP3, Free blah blah ---- everything free is infected with malware- especially with Key Logger
....
အဲဒီ web တွေ မကြည့်သင့်ဘူး ..ဒါမှ မဟုတ် သတိ ထား ရမယ် လို့ ပြောတာပါလား...
အဲဒါ ကိုရော..ဘယ် လို ကာကွယ် ရမှာ ပါလဲ..

mirror said...

အင်း..ဖြစ်ချင်ရာဖြစ် မောင်ဘချစ်လို့ အော်ရမလားပဲ အစ်ကိုရေ...နည်းပညာလဲ မတတ်ကျွမ်းတော့ အစ်ကိုတို့ ရေးတာတွေကို မှတ်သားသွားပါတယ်။
ဘုရားပဲ ဆုတောင်းရမလားပဲ... :)
(ညီမ သမီးလေးပြန်ပေးဆွဲ မခံရအောင်လေ..။)

မီယာ said...

ဗဟုသုတ မှတ်သားစရာများ အများကြီး ရသွားပါတယ်.. ကြီးမှ ရတဲ့ အရုပ်ကလေး တစ်ရုပ်ရထားသလို ပျော်နေတာ... မလွယ်ဘူးနော် ငယ်ငယ်က ကစားပြီးရင် အရုပ်တွေ ပြန်သိမ်းရသလိုပဲ အခုလည်း ဒီအတိုင်း ထားခဲ့ လို့ မရပြန်ဘူးပေါ့

သက်ဝေ said...

ဘုရားရေ...
တော်တော်ခက်ခဲနက်နဲတဲ့ ဟာတွေပါလား...
ဘာမှ ကောင်းကောင်း မလုပ်တတ်တာမို့...
သက်ပြင်းကို အသာချပြီး လာရာလမ်းကို
လှည့် ပြန်သွားပါပြီ...။
(အသံခပ်တိုးတိုးဖြင့် ဆွေးဆွေးမြေ့မြေ့လေး ပြောသွားသည်...)

:P said...

ဗဟုသုတ အနေဖြင့် ဖတ်မှတ်သွားသည်...။
သား/သမီး ဘလော့ဂ်ကလည်း မရှိ...။
ကိုယ့် ဂျီမေးလ်ကို ဘယ်သူက မှလည်း စိတ်ဝင်တစား ဟက်မှာ မဟုတ်ပါဘူးလေ...။

(မသက်ဝေ ကဲ့သို့ ပြောသွားသည်။)

Anonymous said...

11 Feb 09, 04:28
နန်းညီ: ဘလော့ကာကွယ်နည်းလေး လာဖတ်သွားတယ် ဦးငယ်ရေ.. ကိုယ်ရေးချင်တာတွေ သူများဆီလိုက်လျှောက်ရေးထားရင်လည်း ဖြစ်တယ်ဟုတ် (မမေရာဆီမှာလုပ်သလို) :P

Anonymous said...

11 Feb 09, 12:25
YoungGun: လာလည်မိတာနဲ့ ဗဟုသုတ တစ်ထောကြီးရသွားတယ်။ ဘယ်ကောင်တွေ ဟက်နေလဲ မသိဘူးဗျာ။ အားယားနေတယ်နဲ့တူပါတယ်။

Anonymous said...

11 Feb 09, 23:23
မောင်ကျည်ပွေ့: ကာကွယ်ရေးဝန်ကြီးအမိန့်အတိုင်း လုပ်ဆောင်ပြီးပါကြောင်း
11 Feb 09, 23:22
မောင်ကျည်ပွေ့: :)

Anonymous said...

12 Feb 09, 00:59
သားထူး: yes ...genearl . i did it .:p

Anonymous said...

12 Feb 09, 03:07
K: ကာကွယ်ရေး နောက်ဆက်တွဲ ဖတ်ပြီး ပို စိတ်ညစ်သွားပီ..း(

ATN said...

မမ - ခုနောက်ဆုံးပို့စ်မှာ ဘယ်လို ကာကွယ်နိုင်တယ်ဆိုတာ ပြောပြထားပါတယ်...
မကြေးမုံလေး - ဘုရားပဲ ရှီခိုးတော့ကွယ်...း)
မီယာ - မှတ်စရာတွေ အများကြီး ရှိသေးတယ် စောင့်ဖတ်...
သက်ဝေ - ငါ့ညီမရယ်... လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ...း)
ဆင်ဒဏ်လား - ဘာမှ ထပ် မပြောတော့ဘူး...း)
နန်းညီ - အဆင်ပြေသလိုသာ လုပ်...
ယန်းဂန်း - သိပါဘူးကွာ...
ကိုကျည်ပွေ့ - ဆက်လုပ် ညီရေ့...း)
သားထူး - Good Da Good Da :)
မကေ - စိတ်မညစ်ပါနဲ့... နောက်ထပ် အများကြီး ရှိသေးတယ်...း)