Jan 27, 2010

နွေရာသီ




















ခြောက်သွေ့တဲ့အကြောင်း တခုတ်တရ
ပြန်ပြောင်းပြောပြစရာ မရှိလေ...
ရာသီပေမို့ပဲပေါ့...

ဒါ...
ခြောက်သွေ့ရပ်ဝန်းက
ငါ့ပင်လယ်ဝလေ...
အဲသည်မှာ ကျောက်ချ ထားသမျှဟာ
ဝေဒနာ သင်္ဘောတွေချည့်...
သူတို့ သယ်ဆောင်ထမ်းပိုးထားသမျှကလည်း
အလွမ်းကုန်စည်တွေချည့်သာ...

ဒါ...
မင့်အတွက် အလွမ်းတွေကို
လိုလိုချင်ချင် ထမ်းထားခဲ့တဲ့
ငါ့ရဲ့ ဆိပ်ကမ်းလေးပါ...
အဲသည်မှာ
တမ်းတခြင်း မိုးတိမ်များက
ယောက်ရက်ခတ် လမ်းသလားလို့...

ဒါ...
မင့်မိုးရာသီ ပြိုကျခဲ့တဲ့ ငါ့လမ်းကလေးပါ...
အဝေးက အနမ်းတွေနဲ့
သည်လမ်းကလေးဟာ
ပန်းလို ပွင့်ခဲ့ပြီကောကွယ်...

ဒါကတော့...
ခြောက်သွေ့နေနေရတဲ့ ငါ့နှလုံးသားပါ...
မင့်ခြေရင်းမှာ ချခင်းလိုက်တယ်...
မိုးပွင့်တွေသယ်ဆောင်လာတဲ့ ရထားတစင်း
မင်း ပေးလိုက်ပါ့ကွယ်...

ATN

8 comments:

Vigor said...

What picture is that? Its color full and interesting.
Cheers.

mama said...

lovely poem as usual

ဒါ...
ခြောက်သွေ့ရပ်ဝန်းက
ငါ့ပင်လယ်ဝလေ...
အဲသည်မှာ ကျောက်ချ ထားသမျှဟာ
ဝေဒနာ သင်္ဘောတွေချည့်...
သူတို့ သယ်ဆောင်ထမ်းပိုးထားသမျှကလည်း
အလွမ်းကုန်စည်တွေချည့်သာ...

ဒါ...
မင့်အတွက် အလွမ်းတွေကို
လိုလိုချင်ချင် ထမ်းထားခဲ့တဲ့
ငါ့ရဲ့ ဆိပ်ကမ်းလေးပါ...
အဲသည်မှာ
တမ်းတခြင်း မိုးတိမ်များက
ယောက်ရက်ခတ် လမ်းသလားလို့...

ဒါ...
မင့်မိုးရာသီ ပြိုကျခဲ့တဲ့ ငါ့လမ်းကလေးပါ...
အဝေးက အနမ်းတွေနဲ့
သည်လမ်းကလေးဟာ
ပန်းလို ပွင့်ခဲ့ပြီကောကွယ်.

i love it.

yawnetthan said...

ဖတ်ပြီး လွမ်း သွားပါတယ်။

ခရေညို said...

အမလေး အလွမ်းကိုများလိုချင်တဲ့ဆိပ်ကမ်းကရှိသေး။ တို့တော့လိုချင်ပေါင်

မေ said...

အကိုရေ..အလွမ်းတွေများလိုက်တာ..
ညီမလေးလဲဖတ်ပြီးတော်တော်လွမ်းသွား
တယ်..

နွေဆူးလင်္ကာ said...

ရော် .. ရထားတော့ တိုက်တော့မှာပဲနော်။

မယ်ကိုး said...

ကဗျာလေး နုလှနေတာပဲ :)

ရွှေရတုမှတ်တမ်း said...

အမလေး...ဒီမှာဖြင့်ချမ်းလို့ကောင်းတုန်း..
နှင်းကျတုန်း...