Jun 28, 2010

နေရာ

ရေး - ဗဒင်  ဆို - Rဇာနည် 

ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင်...
အမြဲတမ်းပဲ... ရှင်းလင်းထားပါတယ်...
ဝေးနေပါသော်လည်း... မျှော်လင့်ဆဲပါ...
ပြက္ခဒိန်စာရွက်များ... တရွက်စီ... လွန်ပေမယ့်...
မင်းအတွက်... ရင်မှာ... တနေရာစာ... ကိုယ်ဦးထားတယ်...
အို... အချစ်ရေ... ... ...

အလွမ်းတွေ... မြုံနေတဲ့... စိတ်ကူးများ...
ည.. ည..ကျ... အိပ်မက်ဖြစ်လာတော့...
လှိုက်ဖို... ရင်ခုန်ခြင်း... မနက်ခင်းတိုင်း...
အနမ်းတွေ... ဝေဆာတဲ့... အတိတ်မှာ... နေထိုင်ရင်း...
မင်းအတွက်... ရင်မှာ... တနေရာစာ... ကိုယ်သိမ်းထားတယ်...
အို... အချစ်ရေ... ... ...

နေမယ်... မနေဘူးကတော့...  မင်းရဲ့သဘောပါ...
သေချာတဲ့နေရာက... ရှိခဲ့ပြီ...
မရေရာတဲ့... အကြောင်းတရားတို့... ဖိစီးသည့်တိုင်...
သေချာတဲ့... သည်နေ့ထိတက်တိုင်...
ဖန်တီးလို့မရတဲ့နေရာကို... ဖျက်ဆီးလို့မရတဲ့နေရာကို...
ငါ... သိမ်းထားခဲ့တာ... ကြာပါပြီ...
ဦးထားခဲ့တာ... ကြာပါပြီ...
စောင့်စားခဲ့တဲ့... အချိန်တွေဟာလည်း... သိပ်... ကြာပြီ...

အချစ်ဆိုတာဟာလည်း... အခက်သားလားကွယ်...
ရှင်းပြတိုင်း... မရတဲ့ ပုစ္ဆာလို...
ပေးနေပါသော်လည်း... မရဘူးလို့ထင်...
လွမ်းနေပေမယ့်လည်း... မေ့ပြီထင်သူရယ်...
မင်းအတွက်... ရင်မှာ... တနေရာစာ... ချန်ထားဆဲပါ...
အို... အချစ်ရေ... ... ...

နေမယ်... မနေဘူးကတော့...  မင်းရဲ့သဘောပါ...
သေချာတဲ့နေရာက... ရှိခဲ့ပြီ...
မရေရာတဲ့... အကြောင်းတရားတို့... ဖိစီးသည့်တိုင်...
သေချာတဲ့... သည်နေ့ထိတက်တိုင်...
ဖန်တီးလို့မရတဲ့နေရာကို... ဖျက်ဆီးလို့မရတဲ့နေရာကို...
ငါ... သိမ်းထားခဲ့တာ... ကြာပါပြီ...
ဦးထားခဲ့တာ... ကြာပါပြီ...
စောင့်စားခဲ့တဲ့... အချိန်တွေဟာလည်း... သိပ်... ကြာပြီ...

ငါ... သိမ်းထားခဲ့တာ... ကြာပါပြီ...
ဦးထားခဲ့တာ... ကြာပါပြီ...
စောင့်စားခဲ့တဲ့... အချိန်တွေဟာလည်း... သိပ်... ကြာပြီ...

2 comments:

PhotoVigor said...

lovely song. thanks for sharing.
Cheering.. :)

noblemoe said...

အကြိုက်ဆုံးတွေထဲက တစ်ပုဒ်ပါ။
သာယာချမ်းမြေ့ပါစေနော်
မိုး