Aug 13, 2010

ငှက်ကလေးကို တေးဆိုပါစေ အချစ်ရယ်...

 
















သြဂတ်စ် ဆယ့်လေးရက်...
ငှက် တကောင်...
အပြာရောင် သစ်ရွက်...
ချစ်မက်ခြင်းအားဖြင့်...
အလင်းတန်းများ...
ပျံသန်းသွားကြ...
(ငါတို့ကတော့)
လွမ်းဖျားနေကြရရုံ...
ရင်ခုန်ရင် အချစ်ပဲကွယ်...

ရိုးရိုးသားသား ချစ်တယ်...
နှလုံးသားချင်းလည်း နားလည်...
အကြင်နာဆုံးလေးရယ်...
အာ... ဟာ...ဟား...
ဝေးသွားလည်းပဲ... ချစ်ရဦးမယ်...
ဝေးသွားလည်းပဲ... ချစ်နေချင်တယ်...
ဝေးသွားလည်းပဲ... အမြဲချစ်လို့နေမယ်...

ငှက်ကလေးကို
တေးဆိုပါစေ အချစ်ရယ်...

ATN

5 comments:

ywartharlay-ytu said...

နှလုံးသားထဲမှာ တေးဆိုနေတုန်းပဲ

လင်းဒီပ said...

ငြိမ်းချမ်းတဲ့ကမ္ဘာမြေကို ချစ်မက်တဲ့ ဂီတသမားတစ်ဦး...
ကျွန်တော်တို့ရင်ထဲမှာ အခုထက်ထိ တသသ..။

ahphyulay said...

တစ်ပုဒ် ဆို ဆိုသလောက် ထိမိ တဲ့  ကဗျာ လေးပါ ၊

Anonymous said...

အမေ့ ရဲ့ ဒုက္ခ အိုးတွေ အတွက် ဧရာဝတီ က
စီးဆင်းနေဦးမှာ ... ထူးအိမ်သင် ပျံဝဲနေတုန်းပါ ...
ငြိမ်းစိုးဦး

နွေဆူးလင်္ကာ said...

သေချာတယ် ... ကောင်းကင်မှာ ငှက်ကလေး တေးဆက်ဆိုနေမယ် ဆိုတာ