Sep 28, 2010

ကြယ်နီတွေကို ငါကြိုက်တယ်

















ကြယ်နီတွေကို ငါကြိုက်တယ်...

ဟောသည်မယ်...

မော့ကြည့်နေမိသူတွေအတွက်...
ပက်လက်လန်လဲကျသွားရလောက်အောင်...
မတ်မတ်စောက်စောက် ဖြစ်နေတဲ့ အဲသည် ည နံရံ...

အဲသည် နံရံကိုပဲ...

ကုပ်ကပ်... တွယ်ဖက်...
တရွေ့ရွေ့... တွားတက်သွားကြလေတော့တယ်...

ကြယ်နီတွေရယ်...

ဘယ်လို လူမျိုးတွေကမှ မသိလိုက်ကြဘူး...

ကြယ်နီတွေကတော့ ...
နံရံတွေကို...
ပြုံးပြီး... ငုံ့ကြည့်နေကြပေါ့...

ဆိုတော့ကာ... ...
အဲဒါ...
အဲသလိုပါပဲ...

ပြီးတော့ကာ...

ညီညီညာညာ... သပ်သပ်ရပ်ရပ်... တက်တက်ကြွကြွနဲ့... လေးနက်လို့...
ပုရွက်ဆိတ် စစ်ကြောင်း တကြောင်းရယ်...

စစ်ယူနီဖောင်းရောင်... ရေညှိလေး... တချို့တလေရယ်ပဲ... ရှိတယ်...

အဲသည် နံရံကို...
သူတို့...
ကုပ်ကပ် တွယ်ဖက်... နင်းတက်လို့...

သည်လို... ပါ...
ဒါတွေကို... ငါသိတယ်လို့...
မင့်ကို ပြန်ပြောပြနေတာပါ...
အချစ်ရယ်...

ကြယ်နီတွေကို ငါကြိုက်တယ်...

ATN

4 comments:

ကိုချစ်ဖေ said...

ခင်ဗျားကြိုက်တဲ့ ကြယ်နီတွေကို စာမူခ ပေးသွားပါတယ်

နန်းလေပြေနု said...

ကြယ်နီ ဆိုတာကိုက သူရဲကောင်း တံဆိပ်နီ လား..

နန်းလေပြေနု said...

ကြယ်နီ ဆိုတာကိုက သူရဲကောင်း တံဆိပ်နီ လား..

သစ်နက်ဆူး said...

ကိုအောင်..
ကြယ်နီတွေကို ရင်နဲ့ လာဖတ်တယ်ဗျာ..။