Oct 22, 2010

အလံတွေရဲ့ အကြောင်း











အလံတွေ အကြောင်းကို
အလောင်းတွေ ကျန်တော့မှ
ပြောပြတော့မယ်... နှင်း...

ဝါတယ်...
(အ၀ါရောင် ဆိုတာကတော့ -
ဘာသာရယ်... သာသနာရယ်... ထွန်းမည်...)
အနှစ် နှစ်ဆယ်.. သုံးဆယ်... လေးဆယ်... ငါးဆယ်...
သနားတယ်...

စိမ်းတယ်...
(အစိမ်းရောင် ဆိုတာကတော့ -
စပါး၊ ဆန်၊ ရေ၊ အထွေထွေ ရတနာ ပေါမည်...)
အနှစ် နှစ်ဆယ်.. သုံးဆယ်... လေးဆယ်... ငါးဆယ်...
သနားတယ်...

နီတယ်...
(အနီရောင် မြင်သူ့အသည်းမှာ -
ရဲစိတ် ရဲမာန် ထက်သန်ရမည်... )
အနှစ် နှစ်ဆယ်.. သုံးဆယ်... လေးဆယ်... ငါးဆယ်...
သနားတယ်...

(တို့ဗမာ ကုန်းဘောင်အနွယ်မှန်သည်...
သုံးရောင်ခြယ်...အလံတော်ကြီး...
ကမ္ဗည်းနဲ့ စိုက်ထူမည်...)

အလံတွေ အကြောင်းကို...
အလောင်းတွေကျန်မှပဲ ပြောရတော့မလား... နှင်း...

ငါကတော့ ...
ခွပ်ဒေါင်း အလံ အဟောင်းအမြင်းလေးကို လွှင့်တင်...
ကောင်း သတင်းလေးတွေကို... ချစ်ခင်...
ဆောင်း သီချင်းတေးတွေကိုပဲ... ဟစ်ချင်... နေ... တော့... တယ်...

ATN

3 comments:

ကိုပေါ said...

အပေါင်းအသင်းလေးတွေနဲ့ ယစ်ရွှင်လို့
ဆောင်းသီချင်းတေးတွေကိုပဲ ဟစ်ချင်နေတာလားမသိ
(ဘာပဲဖြစ်ဖြစ်) ခေါင်းရင်းနံဘေးက ပုလင်းကို အလစ်ဝင်မော့သွားပြီဗျာ။း-)

ATN said...

@ Ko Paw - :))

Anonymous said...

ဖေ့စ်ဘွတ်ခ်မှာ ပြန်ဖြန်လိုက်မယ် ကိုအောင်ခိုင်။