Oct 18, 2010

ကြည်ကြည်ရဲ့ဒိုင်ယာရီ

ဘလော့တွေ လျှောက် မလည်နိုင်တာ မလည်ဖြစ်တာ အတော်ကြာပြီ။ အချိန်မရတာ အလုပ်များတာနဲ့ ဂူးဂဲလ် ရီဒါထဲကသာ ဘလော့တွေကို ထိုင်ဖတ်ဖြစ်နေတော့သည်။ ကိုယ်ဖတ်နေကျ ဘလော့တွေကလည်း ရာကျော်အောင် များမှများ ဆိုတော့ကာ ခုနေအခါမှာတော့ ဘယ်ဘလော့ကိုမှ တိုက်ရိုက်သွား မဖတ်ဖြစ်တော့။ (ဒါပေသည့် နေ့တိုင်း ဖွင့်ဖတ်ဖြစ်သည့် ဘလော့ တခုတော့ ရှိနေပါသေးသည်။ ဘယ်ဘလော့ပါလိမ့်-ဟု စပ်စုချင်သူများ အီးမေးလ်မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါသည်...း)

ဖတ်နေကျ ဘလော့တွေထဲမှာမှ သိပ်ကြိုက်လွန်းသည့် ပို့စ်တွေရှိသည့် ဘလော့တွေမှာတောင် ကွန်မန့်ရေးချင်လာမှသာ ထိုဘလော့တွေအထိ ရောက်အောင် သွားဖြစ်တော့သည်။  အချိန် မရသည့်အတွက် ကိုယ့် ဘလော့မှာ ရေးလာသည့် ကွန်မန့်တွေကိုပင် ပြန် မရေးနိုင် စီပုံးက စာတွေကို မပြန်နိုင်ဖြစ်နေတာကလည်း ကြာလှပြီ။ သည်လိုနဲ့ ဘလော့ ယဉ်ကျေးမှုထဲမှာ ကိုယ်က မယဉ်ကျေးသလို ဖြစ်နေလေတော့သည်။ မတတ်နိုင်။ နားလည်ခွင့်လွှတ်တတ်သူများ နားလည် ခွင့်လွှတ်ကြပါလိမ့်မည်။

သို့သော်လည်း ဘလော့ ယဉ်ကျေးမှုထဲမှာ ချစ်စရာ ကောင်းသည့် အလေ့အထလေးများကတော့ ရှိနေဆဲပါပေ။ Tag Game များ... ဖြင့်... ဘလော်ဂါ အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုကြသည့် ပျော်ရွှင်စရာ ပို့စ်ကလေးများ။ ဘလော်ဂိုစဖီးယားထဲသို့ မယောင်မလည် (သို့မဟုတ်) မလည်သယောင်ဖြင့် အူကြောင်ကြောင် ၀င်ရောက်လာသော ဘလော်ဂါ အသစ်စက်စက်ကလေးများကို ဘလော်ဂိုစဖီးယား တခုလုံးဖြင့် မိတ်ဆက်ပေးခြင်းများ... (သို့မဟုတ်) မေတ္တာဖြင့် အခမဲ့ ကြော်ငြာဝင်ပေးခြင်းများ... စသည်... စသည်...

မည်သို့ ဖြစ်စေ...
လိုရင်းတွေကို... တိုရှင်းစေရလျင်ဖြင့် ....
ဤစာသည် ဘလော့ အသစ်စက်စက်ကလေး တခုကို မေတ္တာဖြင့် အခမဲ့ ကြော်ငြာဝင်ဖို့ရာ... ပလ္လင် ခံနေခြင်းသာ ဖြစ်ပါကြောင်း...

မိတ်ဆက်ပေးလိုသည့် ဘလော့လေး၏ အမည်က  
(ကြည်ကြည်ရဲ့ဒိုင်ယာရီ)...

(ဘ၀အမော တွေကြားထဲမှာ
တတ်နိုင်သလောက် ကြည်လင်ချမ်းမြေ့စွာနေချင်တဲ့  ဆန္ဒကြောင့်
ကြည်ကြည်လို့  အမည်ပေးခြင်းဖြစ်ပါတယ်)
ဆိုတဲ့...
ကြည်ကြည်ရဲ့ဒိုင်ယာရီ-ကို
အလည်တခေါက်
သွားရောက် ဖတ်ရှုကြဖို့ရာ...
ဘလော်ဂါအပေါင်းကို...
ကြော်ငြာမောင်း ခတ်လိုက်ရကြောင်းပါ...

ATN

3 comments:

ကြည်ကြည် said...

အကိုငယ်ရေ

ကိုယ့်ဘာသာကိုယ်ရေး တိတ်တိတ်လေးဖတ် ပီးတော့ကိုယ်ရေးတာကိုယ်ပြန်ဖတ်နေတာကနေ ပြီးတော့ ......................


မိတ်ဆက်ပေးတာကျေးဇူးတင်ပါတယ်.......

ချမ်းမြေ့ပါစေ
ကြည်ကြည်

:P said...

အသစ်ကလေးဆို... ဟိုမှာ Follower ၄ ယောက်တောင်မှ ရနေပြီ အစ်ကိုကြီးရ

ရွှေရတုမှတ်တမ်း said...

အသစ်လေးတွေ ဟောင်းအောင်ရေးနိုင်ကြပါစေ